အပိုင်း ၄ ( U&Z )

390 12 0
                                    

[ Unicode ]

ဒီနေ့ ကျောင်းပိတ်သည် ။ ကကြိုးရဲ့ ပျင်းစရာအကောင်းဆုံးနေ့ကြီးပေါ့ ။ ကကြိုး ငယ်ငယ်လေးကတည်းကပါ

တခြားကလေးတွေက ကျောင်းပိတ်ရက်ကိုပျော်သည် ။
အမြဲကျောင်းပိတ်စေချင်ကြသည် ။
ကကြိုးပဲ ကျောင်းမပိတ်စေချင်တာ ။

ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ရင်
ကကြိုးတစ်ယောက်ထဲလို့
အမြဲခံစားရသည် ။ ကျောင်းမှာ စာဂျပိုး ဆိုပြီး လိုက်စတဲ့ကလေးတွေ ။ နောက်ပြီး စကားပြောနေသံတွေကိုကြားရတယ်လေ ။

အိမ်ပြန်ရောက်ရင် ဘာသံမှမကြားရတော့ဘူး ။
ရူးသွားမလားတောင်ခံစားရသည် ။
ကကြိုး စာရေးနေတဲ့အသံပဲကြားရသည် ။
အခုလည်း ကျောင်းပိတ်ပြန်ပြီ ။
ကိုကြီးက ဆရာဝန်လေ ။ အဲ့တော့
ဆေးရုံသွားတာပေါ့ ။ ကကြိုးပဲ
သွားစရာမရွိတာ ။ ကိုကြီး ပြင်ပေးခဲ့တဲ့
အသီးတွေကိုစားရင်း ကကြိုး TV
ကြည့်နေလိုက်သည် ။
ကိုကြီး အိမ်ကိုရောက်မှ
ကကြိုးပထမဆုံး TV ကြည့်ဖြစ်တာပါ ။

ကကြိုး အသက် ၁၂ မှလေ ။
တခြားသူကြားရင် ရယ်စရာ ဆိုပေမယ့်
ကကြိုး အတွက်ကမရယ်ရဘူး ။
အဲ့ဒါတွေက အမှန်တရားတွေပဲဟာ ။
ဒယ်ဒီက ကကြိုးကို TV ကြည့်ခွင့်မပေးဘူး ။ ကျောင်းသားက ကျောင်းစာပဲလုပ်တဲ့ ။

အမြဲအဲ့လိုပြောပြီး စာကြည့်စားပွဲမှာ
ခေါင်းစိုက်ခိုင်းတာပဲ ။

ဒယ်ဒီ အဲ့လိုစည်းကမ်းတင်းကျပ်လို့လဲ
ကကြိုး ဆယ်တန်းအောင်တာပေါ့ ။
အခုဆို ဆေးကျောင်းတောင်တက်နေရပြီ ။
ဒယ်ဒီ့ ကျေးဇူးတွေအများကြီးပါသည် ။

ကကြိုး အိပ်ပျော်သွားသည် ။ ကကြိုး
ကားသံကြားလိုက်ရသည် ။ နောက်ပြီး
ရယ်သံခပ်ရဲ့ရဲ့ကို ကြားလိုက်ရသည် ။
ကကြိုး ခန္ဓာကိုယ်လေးလေပေါ်မြောက်တက်သွားသလို ခံစားလိုက်ရသည် ။
ပြီးတော့ အိစက်စက်အရာတစ်ခုပေါ်
ကျရောက်သွားသည် ။

နောက်ပြီး ကကြိုး နဖူးလေးနွေးကနဲ
ဖြစ်သွားသည် ။ ကကြိုး ရဲ့
ဆံပင်တွေကို တစ်ယောက်ယောက်က
ကိုင်နေသလို ခံစားလိုက်ရသည် ။ အဲ့ဒါပြီးတော့ ကကြိုး ဘာမှမသိတော့ဘူး ။

ကကြိုး { Complete }Where stories live. Discover now