အပိုင်း ၂၇ ( U&Z )

314 11 0
                                    

[ Unicode ]


'' မေမေ သားဆီ ဘယ်တော့ပြန်လာမှာလဲ ''

သူမစိတ်မကောင်းဖြစ်သွားသည် ။ သားလေးကို ကျောင်းလိုက်ပို့ပေးနေခြင်း ။ ကျောင်းထဲမဝင်သေးဘဲ သူမကို မေးနေခြင်း ။ သူမလည်း သားလေးရှေ့မှာ ထိုင်ချလိုက်သည် ။

'' အင်း! မေမေ လာခဲ့မှာပေါ့ မေမေ့သားကို တစ်ယောက်တည်းထားမခဲ့ပါဘူး ။ အဲ့ဒါကြောင့် သားကလိမ်လိမ်မာမာနဲ့ စာကြိုးစားရမယ်နော် ''

'' ဟုတ်! ''

သူမ သားလေးကို ဖက်လိုက်သည် ။ သားလေးရဲ့ ကိုယ်သေးသေးလေးက သူမကို နွေးထွေးစေသည် ။

'' သွားတော့လေ သားရဲ့ စာသင်တော့မယ် ''

သားလေးက သူမကို လှည့်ကြည့်လှည့်ကြည့်နဲ့ ကျောင်းထဲဝင်သွားသည် ။ သူမ စိတ်မကောင်းဖြစ်ရပါသည် ။ ခဏပဲ သည်းခံပြီးနေပါသားရယ် ။ မေမေ သားဆီ လာခဲ့ပါ့မယ် ။

King အိမ်တော်က driver ဦးလေးကြီးကပဲ သူမကို အိမ်ပြန်လိုက်ပို့ပေးသည် ။ သူမရှိဘူးထင်နေတာ ။ ကားရပ်ထားတာကြောင့် ရှိနေမှန်းသိလိုက်ရပါသည် ။

'' အာ! ဖေဖေ့ သမီးလေးက ဘာတွေ အလိုမကျဖြစ်နေတာလဲ ''

အိမ်ထဲမဝင်ခင် ကတည်းက သူ့အသံကိုကြားနေရသည် ။ ပီတိဖြစ်မိပြီး ပြုံးလိုက်မိသည် ။

အိမ်ထဲဝင်ဝင်ခြင်း ဧည့်ခန်းထဲက ပုံရိပ်ကြောင့် လှည့်ကြည့်မိတော့ မျက်မှောင်ကျုတ်ပြီး သူမကို ကြည့်နေသည့် သူ ။ အခုချိန်ထိ သူအလိုမကျဖြစ်ရင် သူမ အမှားပဲဆိုပြီး ရှင်းပြချင်စိတ်က စိုးမိုးထားသည် ။ သို့သော် မဖြစ်နိုင် ။ သူနဲ့ ဝေးဝေးနေမှဖြစ်မည် ။ သူက မမကေသွယ်ရဲ့ ယောက်ျား ။ ကကြိုး နင့်စိတ်တွေကို ထိန်းထားစမ်း ။

'' ပြန်ရောက်ပါပြီ ''

သူမကိုလည်း မြင်ရော ယောလေးက သူမဆီလက်ဆန့်ပြီး ငိုပါလေရော ။ သူမ မှာခြေမကိုင်မိ လက်မကိုင်မိ ။ ဘာလုပ်လို့လုပ်ရမှန်းလည်းမသိ ။ သူက သူ့သမီးကို ကကြိုး ချီတာ မကြိုက် ။ ယောလေး ငိုနေတာလည်း မကြည့်ရက်နိုင် သလို သူ့ဆီသွားပြီ ယောလေးကို ချီခွင့်ပေးပါလို့ သွားတောင်းရဖို့ကလည်း အခက် ။
ဒွိဟ ဖြစ်နေချိန်မှာ ယောကို ချီပြီး ကကြိုး ဆီလျှောက်လာတဲ့ သူ့ကြောင့် ရင်ခုန်သံဟာ ဗြောင်းဆန်နေခဲ့ပြန်သည် ။

ကကြိုး { Complete }Where stories live. Discover now