အပိုင်း ၂၃ ( U&Z )

322 10 0
                                    

[ Unicode ]

'' က​ကြိုး!  မင်းတော်တော်ယုတ်မာပါလား ''

ကားသံကြားလို့ အပေါ်ထပ်ကနေ ပြေးဆင်းလာတဲ့ ကကြိုး ။ ချစ်ရသူ မျက်နှာကို မြင်လိုက်ရလို့ ပြေးဖက်ဖို့ အပြေးလေးသွားလိုက်သည် ။ သို့သော် အနားတောင်မရောက် တွန်းထုတ်ခြင်းခံလိုက်ရသည် ။ ယောက်ျားအားဖြစ်တာကြောင့် ကကြိုး ကိုယ်လေးက နံရံနဲ့မိတ်ဆက်ပြီးသားဖြစ်သွားသည် ။ အ​ပေါ်ယံနာပျင်မှုက ရင်ထဲက နာကျင်မှုလောက် မဆိုးရွားပေ ။

'' မောင်! ဘယ်လိုလုပ်လိုက်တာလဲ ''

အပေါ်ထပ်ကနေ ကလေးချီပြီးဆင်းလာတဲ့ မမကေသွယ်က ကကြိုးရှေ့မှာ ဝင်ရပ်သည် ။

ကကြိုး သူ့မျက်နှာကို သေချာကြည့်လိုက်သည် ။ မတွေ့ရတဲ့ အချိန်တွေ အတွင်းမှာ သူ အရမ်းပြောင်းလဲသွားသည် ။ အရင်ကထက်ပိုပိန်လာပြီး ။ မျက်တွင်းတွေကျနေသည် ။ အင်္ကျီ ကြယ်သီးတောင်ကောင်းကောင်း မတပ်နိုင် ။ အရင်လို သပ်ရပ်မှုမရှိ ။ ဆံပင်တွေက ဂုတ်ထောက်လုနီးနီးဖြစ်နေသည် ။ ဆံနက်တွေက ထိုးဖွထားခြင်းကြောင့် ရှုပ်ပွနေသည် ။ သူ့ပုံစံက အရူးတစ်ပိုင်းဖြစ်နေသည့်ပုံ ။

'' ကေသွယ် ဒါက.... ''

'' ဟုတ်တယ် ''

တခြားကလေးတွေဆို သူ့ပုံစံကိုကြည့်ပြီး ငိုကြမှာအသေအချာပင် ။ သို့သော် ယော ကတော့မငို ။ သွေးကစကားပြောသည်ဆိုတာ ဒါပဲ ဖြစ်ရမည် ။

'' ကကြိုးထ! ရရဲ့လား ''

မမကေသွယ်က ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ ကကြိုးကို ထူပေးသည် ။ ယော လေးက ကကြိုးကို ကြည့်နေသည် ။

'' ကေသွယ် မင်းဘာဖြစ်လို့ သူ့အပေါ်အရမ်းကောင်းနေရတာလဲ သူက မင်းနဲ့ငါနဲ့ကို မဝေး ဝေးအောင်လုပ်နေတာကွ! ''

သူက အခုလိုပြောလိုက်တော့ ယော လေးက ငိုသည် ။ ကကြိုးလည်း ယော ငိုနေတာကို မကြည့်ရက် ။ သို့သော်

'' မင်း ငါ့ကလေးကို ထိစရာ မလိုဘူး!!! ''

'' မောင် ဘယ်လိုပြောလိုက်တာလဲ ''

မမကေသွယ်က သူ့ကို ပြန်ပြောသည် ။
ကကြိုးလည်း သူတို့နှစ်ယောက်ကြား ဝင်မပါချင်၍ ရှောင်ပေးလိုက်သည် ။

ကကြိုး { Complete }Where stories live. Discover now