အပိုင်း ၄၄ ( U&Z )

637 14 0
                                    

[ Unicode ]

'' ဖေဖေ အန်တီကေသွယ်ဖုန်းဆက်တယ် ''

ငယ်ငယ်က မေမေဟု ခေါ်ခဲ့သော်လည်း ​၆လသမီးအရွယ်ကတည်းက ကွဲကွာသွားတဲ့ ကေသွယ့်ကို သမီးက အန်တီကေသွယ် ဟုသာခေါ်သည် ။ ဒါကလည်း ကိုယ်ကိုတိုင်အဲ့လိုခေါ်ဖို့ပြောခဲ့ခြင်း ။ အခုချိန်မှာ ကျွန်တော့်စိတ်ထဲမှာ အငြှိုးတွေ အာဂါတတွေ မရှိတော့ပါဘူး ။ နောင်တ တရားတို့သာကြီးစိုးနေတဲ့ ​ကျွန်တော့်ကမ္ဘာကြီးက သမီးကြောင့်သာ ရှင်သန်နေရတာ။ တစ်ခါတစ်လေ လွတ်ထွက်သွားသည့်စိတ်အစုံကို ထိန်းထားချင်ပေမယ့် မဖြစ်နိုင် ။ ကိုယ့်ကြောင့်ဆိုတဲ့ခံစားချက်ကြီးနဲ့ ရှင်သန်နေရတာ သိပ်ခက်ခဲလွန်းသည် ။ ကံတရားရယ် တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ်ဆွဲခေါ်သွားစမ်းပါ...... သူမရှိမဲ့နေရာလေးကို......... ။

'' အင်း... ဘာပြောလဲ ''

'' ဖေဖေအရင်အလုပ်လုပ်တဲ့ ဆေးရုံကိုဖြစ်နိုင်ရင်လာခဲ့ပါလားတဲ့ ''

'' အင်းပါ... ဒါဆိုဖေဖေတို့သွားကြတာပေါ့.... ''

'' အခုလား ''

အပြင်ထွက်ရမယ်ဆိုရင်အရမ်းပျော်ရွှင်တက်ကြွနေတဲ့သမီးကို ခေါင်းညိမ့်ပြလိုက်သည် ။

'' ရေးးးး...ဖိုးဖိုးရေ ဖေဖေကအပြင်သွားမယ်တဲ့ ယောကိုအဝတ်စားလဲပေး.... ''

ဖအေကိုတောင် အဝတ်စားမလဲခိုင်းဘဲ သူ့အဖိုးကိုပဲအဝတ်စားလဲခိုင်းသည် ။ အကြောင်းမှာ တခြားမဟုတ် ။ သူ့ကိုလဲပေးပြီးမှ ကိုယ်ကအဝတ်စားတစ်ခါသွားလဲနေရင် ကြာနေမှာစိုးလို့တဲ့ ။ တကယ်..... မလွယ်ကြောလေး ။

ဒီနှစ်တွေအတွင်းမှာ ကေသွယ်နဲ့အဆက်အသွယ်ပြတ်သွားတာအမှန်ပါ ။ ကိုယ်ကလည်းကိုယ့်ကိစ္စနဲ့ကိုယ်ဖြစ်သလို သူမကလည်း စင်္ကာပူ ထွက်သွားတော့ မဆက်သွယ်ဖြစ် ။ ထားပါ အခုဆက်သွယ်လာပြီပဲ သွားတွေ့ရတော့မှာပေါ့ ။

ဆေးရုံရောက်တော့ အရင်လိုရုံးခန်းထဲမှာမဟုတ်ပဲ လူနာခန်းထဲမှာဖြစ်နေတာကြောင့် တိမ်မင်းယံ ကြောင်သွားသည် ။
အခန်းတံခါးဖွင့်လိုက်တော့ ဖြူဖျော့စွာလဲလျောင်းနေသည့် ကေသွယ်ကိုမြင်လိုက်ရတော့ စိုးရိမ်စိတ်ကကြီးမားသွားသည် ။

ကကြိုး { Complete }Where stories live. Discover now