အပိုင်း ၅ ( U&Z )

358 13 0
                                    


[ Unicode ]

ပျင်းလိုက်တာနော် ။ ဒီနေ့မှ ဘာထဖြစ်မှန်းမသိ ကကြိုး အချဉ်အရမ်းစားချင်လာသည် ။ ပုံမွန်ဆို ကကြိုးက အချိုကြိုက်တာပါ ။ ဒီနေ့မှ ဘာဖြစ်မှန်းမသိ ။ ကျောင်းကလည်း ပိတ်ထားတော့ ကကြိုး အခက်တွေ့လေပြီ ။

ကျောင်းနဲ့ အိမ်က လွဲလို့ တစ်ချို့နေရာတွေကို ကကြိုး တစ်ယောက်ထဲ မသွားဖူးပေ ။ အခုလည်း အချဉ်က လမ်းထိပ်ထွက်ဝယ်ရမှာ ။ နီးနီးလေး ဆိုပေမယ့် ကကြိုး မသွားရဲ ။ ရေခဲသေတ္တာဖွင့်ကြည့်တော့ အသီးတွေ ၊ ရေခဲမုန့်တွေရှိနေသည် ။

ကကြိုးလည်း ရေခဲမုန့်တစ်ဘူး ယူပြီး အပေါ်ထပ်တက်လာလိုက်သည် ။ ပျင်းနေတာနဲ့ ကကြိုးလည်း ရေခဲမုန့်စားရင်း အိမ်ထဲလျှောက်ကြည့်
နေလိုက်သည် ။ ကိုကြီး အိမ်မှာ ကကြိုးကြည့်စရာ ထွေထွေထူးထူး ဘာမှမရှိ​ပါဘူး ။ ကိုကြီး အခန်းတံခါး ပွင့်နေတာကြောင့် ကကြိုး
ဝင်သွားလိုက်သည် ။

ကကြိုး ကိုကြီး အိမ်မှာ နေတာကြာပေမယ့် ကိုကြီး အခန်းထဲကို မရောက်ဖူးပေ ။ ကိုကြီး အခန်းက တခြား အခန်းတွေနဲ့မတူဘူး ။ နံရံပေါ်မှာလည်း ပန်းချီ ကားချပ် အမျိုးမျိုး ကိုချိတ်ဆွဲထားသည် ။ စာအုပ်စင်နှစ်ခုရှိသည် ။

နောက်ပြီး စားပွဲပေါ်က အဲ့အရုပ် ။

ကကြိုး ဝက်ဝံရုပ်နဲ့ ဆင်တူသည် ။ ကကြိုး အခန်းထဲကို အမြန်သွားပြီး ကကြိုးရဲ့ ဝက်ဝံရုပ်ကို ယူပြီး ကိုကြီး အခန်းထဲပြန်လာလိုက်သည် ။ ပြီးတော့ ဝက်ဝံရုပ်နှစ်ခုကို ယှဉ်ကြည့်သည် ။ အတူတူပဲ ။

ကကြိုးဆီမှာ ရှိနေတဲ့ ဝက်ဝံရုပ်က အမ ၊ ကိုကြီး ဆီမှာရှိနေတဲ့ ဝက်ဝံရုပ်က အထီး ။ ဘာတွေလည်း ကကြိုး နားမလည်ဘူး ။ ကကြိုး ဆီက ဝက်ဝံရုပ်က ကကြိုး ငယ်ငယ်လေးတုန်းက အိမ်မှာ ဆော့ရင်းနဲ့ စတိုခန်းထဲကတွေ့တာ ။အဲ့အရုပ်ကိုတွေ့တုန်းကဆို
ဒယ်ဒီ မီးရှို့ပစ်မယ်လုပ်နေတာ ကကြိုး ငိုပြီးတောင်းပန်လိုက်ရသည် ။ မာမီကလည်း မလုပ်ပါနဲ့ ဆိုလို့ ကကြိုးဆီ ရောက်လာတာ ။

ကိုကြီး ဆီကဝက်ဝံရုပ်ကရော ကိုကြီး
ဘယ်ကရတာလဲ ။ ကြိုး! ဝက်ဝံရုပ်နှစ်ခုကို ဆက်ထားတဲ့ ကြိုးတစ်ချောင်းရှိသည် ။ ကြိုးက ဘာလို့ပြတ်နေတာလဲ ။ နောက်ပြီး ဒါက ဘာလဲ ။ ဝက်ဝံရုပ်ကိုဆက်ထားတဲ့ကြိုးကငွေရောင်သံကြိုးသေးသေးလေး ။ သံကြိုးက အလယ်ကနေပြတ်နေသည် ။ အလယ်တည်တည့်မှာ အသည်းပုံ လေးတစ်ခု ။

ကကြိုး { Complete }Where stories live. Discover now