အပိုင်း ၄၂ ( U&Z )

493 13 0
                                    

[ Unicode ]

'' ဖေဖေ, မေမေက ဘယ်တော့ပြန်လာမှာလဲဟင် ''

၂နှစ်အရွယ်သမီးလေးက သူ့အင်္ကျီ လက်ကိုမမှီမကန်းဆွဲကိုင်ရန်းရင်မေးလာသည် ။
စကားမပီကလာပီကလာလေးနဲ့ သမီးလေးက အရမ်းချစ်ဖို့ကောင်းသည် ။
အပြာမျက်လုံးဝိုင်းလေးတွေ ။ အညိုရောင်ဆံပင်ကောက်ကောက်ကလေးတွေ ။ ဖြူဖွေးပြီးနူးညံ့တဲ့ပါးဖောင်းဖောင်းလေး ။ ငှက်မွှေးလေးလို ကိုင်လိုက်ရင် ပေါ့ပါးနူးညံ့နေတဲ့ လက်ချောင်းသေးသေးလေးတွေ ။ သူဒါတွေကို တစ်ခုမှမရိပ်မိခဲ့ဘူး ။ မှန်သည် ။ သမီးက, ​ကကြိုးနဲ့တူသည် ။ သူလုံးဝမရိပ်မိခဲ့ ။ King ပေါက်တောင်ဒါတွေကို သိသည်တဲ့ ။ သူကတော့ ။ အဟားး.... ကိုယ်ညံ့ခဲ့တာပါကွာ ။

'' တစ်ချိန်ချိန် မေမေနဲ့တွေ့ရမှာပေါ့.... ''

'' အဲ့ဒါက ဘယ်တော့လဲ.... ယော မေ့မေ့ကို တွေ့ချင်တယ်.... ။ ဖေဖေ  အမြဲတမ်းပြောတယ် ဒီနေရာကိုလာရင် မေမေ့ကိုတွေ့ရမယ်ဆို ဘယ်သူမှလည်း မရှိဘူး.... ။ ''

'' ယော.... ဒီမှာကြည့် ''

သမီးကို ပင့်ချီလိုက်သည် ။

'' ဒီအထဲမှာ သမီး မေမေက ခဏအိပ်နေတာပါ နိုးလာရင်တွေ့ရမှာပေါ့.... ''

ဘာမှမသိတဲ့ ကလေးကို လိမ်ညာမိပြီ ။ ကိုယ်ပြောခဲ့သလို ခဏအိပ်နေတာပဲ ဖြစ်စေချင်သည် ။ ပြန်နိုးလာခဲ့ပါ ။ ဒီကကောင်က ဒီတစ်ခါ မင်းအပြစ်ပေးသမျှခံချင်လို့ပါ ။ နိုးထလာပြီး ကိုယ့်နှလုံးသားကို ကုစားပေးပါဦးလားကွာ.... ။

နှလုံးအထူးကု ​ဖြစ်ချင်သည့်သူမလေးက သူ့မှာရှိနေသည့် နှလုံးရောဂါကို ကုပေးစေချင်၍ဟုဆိုသည် ။ သို့သော် သူကပဲသူမလေးကို ဒဏ်ရာတွေပေးခဲ့ပြီမဟုတ်ပါလား ။

'' ဒါဆို မေမေ မြန်မြန်နိုးလာတော့နော် ယောနဲ့ဖေဖေက မေမေ့ကို အမြဲစောင့်နေမှာ..... မေမေက ယောကိုမချစ်ဖူးလား.... ။ ယောကိုချစ်ရင် နိုးလာတော့နော်.... ။ ဖေဖေလည်းသနားပါတယ် ။ နော် မေမေနော်... မေမေ အိပ်နေတာ အရမ်းကြာနေပြီ... ယော မေမေ့ကို တွေ့ချင်တယ်.... မနက်ဖြန် ယော လာရင်မေမေ့ကို တွေ့ရမှနော်... မဟုတ်ရင် ယောငိုမှာ.... ။ ယော မေမေက မနက်ဖြန်ဆို နိုးလာမှာ.... ဟုတ်တယ်နော် ဖေဖေ..... ''

ကကြိုး { Complete }Where stories live. Discover now