အပိုင်း ၃၂ ( U&Z )

335 10 0
                                    

[ Unicode ]

'' ဒါပေမယ့် ကကြိုးမှာအပြစ်မရှိဘူးလေ ''

မောင်ကထိုင်နေရာကနေမတ်တပ်ရပ်လိုက်သည် ။

'' မောင့်မှာရော ဘာအပြစ်ရှိလို့လဲ ။ မောင်တို့ မိသားစုမှာရော ဘာအပြစ်ရှိလို့လဲ ''

'' မောင် မှားမယ် ။ မောင်အခုလိုတွေလုပ်နေတော့ရော မောင်ပျော်နေလို့လား ။ မောင့် ကိုယ်မောင် ပြန်မေးကြည့် ။ မောင်ပျော်လားလို့ ။
မောင့် နှလုံးသားကိုရော ပြန်မေးကြည့်လိုက် ။ အခုချိန်မှာ နောက်မကျသေးဘူးမောင် ။ အမုန်းတွေကို ချေဖျက်ပစ်လိုက် ။ မောင်သာ တစ်ခွန်းပြောလိုက် မောင့်ပျော်ရွှင်မှုတွေရောက်လာလိမ့်မယ် ''

'' ဘာမှမေးနေစရာ မလိုဘူး ။ အရာအားလုံးအတွက်မောင်ပျော်တယ် ။ ဟားဟား သူတို့တွေ မောင်တို့မိသားစုလို ခံစားနေရတာတွေ့ရင် မောင်ပျော်တယ် ။ အရမ်းကိုပျော်တယ် ''

'' မောင်လိမ်တာ ။ မောင်က လူတိုင်းကို လိမ်တာအားမရလို့ ကိုယ့်ကိုကိုယ် လိမ်နေတာ ။ ''

'' မောင်မလိမ်ဘူး ။ မောင်အမှန်တိုင်းပြောနေတာ ''

ကေသွယ် မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး မောင့်ကို မော့ကြည့်လိုက်သည် ။ မောင်ကတော့ ကေသွယ့်ကို ကျောခိုင်းပြီး အပြင်ကို ကြည့်နေသည် ။

'' ကကြိုးကို ပြန်ခွင့်ပြုလိုက် ''

'' ဘာ!! "

မောင်က အနောက်ကိုလှည့်လာပြီး ကေသွယ့်ကို စိုက်ကြည့်နေသည် ။

'' ဟုတ်တယ်မောင် ။ ကေသွယ်တို့ လည်း လက်ထပ်တော့မှာပဲ မောင် ကကြိုးကို သူ့အိမ်ကိုပြန်ခွင့်ပြုလိုက်ပါ ။ ''

'' ​တော်တော့ ကေသွယ် ''

ကေသွယ် မတ်တပ်ရပ်လိုက်သည် ။

'' ရတယ်လေ ။ ဒါဆို ကေသွယ်နဲ့သမီးထွက်သွားမယ် ''

ကေသွယ့်အတွက် ဒီတစ်နည်းပဲရှိသည် ။ ကေသွယ်ဒီလိုလုပ်မှ ကကြိုးကို သူပြန်ပို့ပေးမှာ ။

'' မင်း! မရဘူးကေသွယ်, အခုမင်းကမောင်နဲ့မောင့်သမီးလေးကို ခွဲနေတာလား ''

ကကြိုး { Complete }Where stories live. Discover now