အပိုင်း ၁၀ ( U&Z )

349 15 0
                                    


[ Unicode ]

'' ကိုကြီး ''

ကိုကြီးက ပြုံးပြသည် ။
ကကြိုး ကိုကြီး အခန်းထဲကို
ဝင်သွားလိုက်သည် ။

'' ကိုကြီး.... ကကြိုးကို

ချစ်လား ''

ကိုကြီး မဖြေ ။
လိမ်ညာနေရင်တောင်
ကကြိုး ကြားချင်သည်။
ကျေးဇူးပြုပြီး ။
ဖြေပေးပါနော် ။

'' ကိုကြီး မင်းကို
ပုံပြင်တစ်ပုဒ်ပြောပြမယ် ''

ကကြိုး
ခေါင်းညိမ့်လိုက်သည် ။

'' ဟိုးရှေးရှေးတုန်းက..... မင်းသမီးလေးတစ်ပါးရှိတယ် ။ မင်းသမီးလေးက အရမ်းလှပတယ် ။ မင်းသမီးလေးမှာ အဖေ ၊ အမေ ၊ နောက်ပြီး မင်းသမီးလေးကို သိပ်ချစ်တဲ့ မောင်လေးတစ်ယောက်ရှိတယ် ။

တစ်နေ့မှာ မင်းသမီးလေးက
မင်းသားလေးကို ရှာတွေ့သွားတယ် ။
သူတို့က အရမ်းချစ်ကြတယ် ။

တစ်နေ့ မင်းသမီးလေး အဆိပ်သောက်ပြီး သတ်သေ သွားခဲ့တယ် ။ မင်းသမီးလေး သိပ်ချစ်တဲ့ မင်းသားလေးက တခြားတစ်ယောက်နဲ့
လက်ထပ်သွားတယ် ။

မင်းသမီးလေး သေ သွားတာကို မင်းသားလေးမသိပါဘူး ။ ဘာလို့ဆို မင်းသမီးလေး
သေဆုံးချိန်က မင်းသားလေးရဲ့
မင်္ဂလာပွဲ အခမ်းအနား
ကျင်းပနေချိန်ဖြစ်လို့ပဲ ။
မင်းသမီးလေး ဘာကြောင့်
အဆိပ်သောက်သေရလဲ ။

မင်းသမီးလေးမှာ မင်းသားလေးနဲ့ ရတဲ့
ကိုယ်ဝန်ရှိနေတယ်တဲ့ ။ မင်းသမီးလေးရဲ့
စိတ်နဲ့ပဲ မင်းသမီးလေး မိဘနှစ်ပါးက
ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ် ။
အရမ်းကို ငယ်သေးတဲ့
မင်းသမီးလေးရဲ့ မောင်လေး ။

သူသိပ်ချစ်ရတဲ့ အမဖြစ်သူကို
ဆုံးရှုံးရတဲ့အပြင် ။ မိဘနှစ်ပါးကိုပါထပ်ပြီး
ဆုံးရှုံးလိုက်ရတယ် ။ 
အဲ့ဒီအချိန်ကနေစပြီး
သူ့စိတ်ထဲမှာ လက်စားချေချင်
စိတ်ပဲရှိတော့တယ် ။
တစ်နေ့မှာ မမျှော်လင့်ထားစွာနဲ့
ရန်သူက သူ့ရှေ့တည့်တည့်ကို
ရောက်လာတယ် ။
သားကောင်ကို လွှတ်ပေးရအောင်
သူကအရူးလား........ ''

'' အဲ့ဒီ သားကောင်က
ကကြိုးမလား ''

ပါးပြင်ပေါ်ကို စီးကျလာတဲ့ မျက်ရည်တွေ ။
မငိုချင်ပါဘူး ။ သို့ပေမယ့် မျက်ရည်တွေက
ကုန်မှမကုန်ခမ်းနိုင်ပဲ ။

ကကြိုး { Complete }Where stories live. Discover now