အပိုင်း ၂၉ ( U&Z )

304 13 0
                                    

[ Unicode ]


'' နင် ပြန်တော့မှာလား ''

ကကြိုး ယွန်းကို ပြုံးပြလိုက်သည် ။

'' အေးပေါ့ဟ ပြန်ရမှာ​ပေါ့ ''

ယွန်းတစ်ယောက် သက်ပြင်းချလိုက်သည် ။
ယွန်း တကယ်ကိုခံပြင်းပါသည် ။ သူ့ရဲ့စွန့်လွှတ်မှုကြီးက သေတာထက်တောင်စိုးနေသေးသည် ။ ဒီအချိန်မှာ သူမ ကကြိုးကို လေးစားပါတယ်လို့မပြောနိုင်လောက်အောင်ကို ဆွံ့အသွားရသည် ။ သူမရဲ့ ဖြူစင်ရိုးသားတဲ့ သူငယ်ချင်းလေးက အမှောင်ထုတွေကြားထဲမှာ လမ်းပျောက်နေလေသည် ။ သူမကိုယ်တိုင် အလင်းထင်ပြီး လျှောက်ခဲ့တဲ့လမ်းက သူမဘဝတစ်ခုလုံးကို ဝါးမျိုသွားသည်တဲ့ ။ ကကြိုးရယ် နင့်ဘဝက ဘာလို့အဲ့လောက်တောင် ကြမ်းတမ်းနေရတာလဲဟာ ။

'' ငါလိုက်ပို့ပေးမယ် ''

'' အင်း! ''

ကားလေးဟာ လမ်းမထက်ဝယ် ပုံမှန်မြန်နှုန်းနဲ့ မောင်းနှင်နေသည် ။ ကားထဲလိုက်ပါလာသည့် လူနှစ်ယောက်မှာတော့ တိတ်ဆိတ်လျက်ရှိနေပြီး အတွေးကိုယ်စီနှင့် သက်ပြင်းချသံမှတပါး ဘာအသံမှမကြားရ ။

အမှန်တရားဟာ ဘယ်လောက်ပဲဖုံးကွယ်နေပါစေ တစ်နေ့တော့ ပေါ်ထွက်လာမှာပါ ။ အဲ့ဒီအချိန်ကြရင်သာ အရာအားလုံးနောက်မကျဖို့ မျှော်လင့်တယ် ။

'' တစ်ခုခုဆို ဖုန်းဆက်လိုက် ဒီတစ်ခါထပ်ပြီးဖုံးကွယ်ထားရင် ငါအကုန်လျှောက်ပြောလိုက်မှာ ''

'' အေးပါဟာ စိတ်ချ ငါဘာမှမဖြစ်ဘူး ''

'' အင်း ပြီးတာပဲ ''

ပြောပြီးတာနဲ့ မောင်းထွက်သွားခဲ့သည် ။ ကကြိုးလည်း ယွန်းရဲ့ကားလေးကို မြင်ကွင်းကနေ မမြင်ရတော့ဘူး ဆိုမှ အိမ်ထဲဝင်ခဲ့သည်။

'' မေမေ! ''

'' ဟမ်! ''

ကကြိုး ဆွံ့အသွားသည် ။ အသံလာရာကြည့်လိုက်တော့ King ပေါက် ။ ဘယ်တုန်းကရောက်နေသည်လဲ ။

'' ဪ! သားက မေမေ့ကိုစောင့်နေတာလား လာလာ အိမ်ထဲဝင် ''

King ပေါက်လက်လေးကို ဆွဲ ပြီးအိမ်ထဲဝင်လာခဲ့သည် ။

ကကြိုး { Complete }Where stories live. Discover now