အပိုင်း ၃၅ ( U&Z )

388 10 0
                                    

[ Unicode ]

ကကြိုး စျာပန ပွဲကို ဦးမြင့်မောင်က တိမ်မင်းယံကို အလာမခံ ။ ဒေါ်မျိုးသူဇာ လည်းသမီးစိတ်နဲ့ မေ့လဲသွားတာ သတိပြန်မလည်လာ ။
ဖခင်ဖြစ်သူက သမီးဖြစ်သူရဲ့ စျာပန ပွဲမှာ ။ မိခင်ဖြစ်တဲ့လူက ဆေးရုံမှာ နေ့လားညလား မသိရ ။ ဦးမြင့်မောင်လည်း အရူးတစ်ပိုင်းဖြစ်နေသည် ။

စျာပနပွဲကနေ မောင်းထုတ်လိုက်တဲ့အချိန်ကတည်းက တိမ်မင်းယံ အိမ်ပြန်မလာခဲ့ ။
အမှန်တရားကို သိဖို့တော့ အချိန်တန်ပြီလို့ ကေသွယ် ထင်သည် ။ အပြစ်မဲ့သူက အသက်ဆုံးပါးသွားပြီး အပြစ်ရှိသူက ပျော်ရွှင်နေလို့တော့ မဖြစ် ။
ယွန်းကို အကူအညီ တောင်းပြီး ယောလေးကို ယွန်းနဲ့ထားခဲ့လိုက်သည် ။

King ပေါက်ကလည်း အခုဆို အခြေအနေပိုဆိုးလာပြီဖြစ်သည် ။ သူ့ရဲ့မွေးနေ့ပွဲ ၊ ဒီစတော်ဘယ်ရီခင်း ။ မျှော်လင့်ချက်တွေအားလုံးရိုက်ချိုးခံလိုက်သည် ။ နေ့နေ့ညည စတော်ဘယ်ရီခင်းထဲက ဘယ်မှမထွက် ။ ဒီအပင်တွေကို သူခုတ်ပစ်ချင်သည် ။ သို့သော် သူ့မေမေအတွက် သူတယုတယ စိုက်ထားသည့် အပင်တွေဖြစ်တာကြောင့် မခုတ်ရက် ။ ဖြစ်နိုင်ရင် အားလုံးကိုသတ်ပစ်ချင်သည် ။ သို့သော် သူကဘာမှမစွမ်းဆောင်နိုင်တဲ့ ကလေး ။ ဒါပေမယ့် တစ်ခုသိထာယရမှာက ရှိုင်းဧကရာဇ် ကဘယ်သူ့ကိုမှကြောက်တတ်တဲ့ကောင်မဟုတ် ။ မေမေ့ကိုစိတ်ချမ်းသာစေချင်တဲ့စိတ်တစ်ခုတည်း အတွက်နဲ့အရာအားလုံးကို စွန့်လွှတ်ထားတာ ။
စိတ်ထဲမှာ တိမ်မင်းယံကို အသေသတ်ချင်နေသည် ။
မေမေ ချစ်ရတဲ့သူဆိုပေမယ့် ကျွန်တော် ခင်ဗျားကို မုန်းတယ် ။

~~~~~~~~~~

တစ်တိုက်ကလေးရှေ့ကို ကေသွယ်ရောက်နေသည် ။ အိမ်ထဲမှာ မီးအလင်းရောင်မရှိ ။ မှောင်မဲနေသည် ။ ထိုအိမ်ရဲ့ အခန်းငယ်လေးတစ်ခုထဲကို သူမဝင်သွားလိုက်သည် ။
အရက်နံ့ ။ ဝါကျင်ကျင်မီးလုံးလေးတစ်လုံးထွန်းထားသည် ။ ပြန့်ကျဲနေတဲ့ ပုံတူပန်းချီကားချပ်တွေ ။ ကြမ်းပြင်ပေါ်မှာထိုင်နေပြီး ဆိုဖာကိုမှီထားတဲ့ ထိုလူသား ။ အင်္ကျီက သွေးကွက်တွေကို ကြည့်ရုံဖြင့် ရေမချိုးရသေးမှန်းသိသာလှသည် ။ သူမ သူ့အနားကို လျှောက်သွားလိုက်သည် ။ လက်ထဲမှာ အသင့်ပါလာတဲ့ ကွာရှင်းစာချုပ်ကို စားပွဲပေါ်တင်ပေးလိုက်သည် ။ ထို့နောက် သေတ္တာလေးတစ်ခုကိုပါ တင်ပေးထားလိုက်သည် ။

ကကြိုး { Complete }Where stories live. Discover now