အပိုင်း ၃၄ ( U&Z )

391 12 0
                                    

[ Unicode ]

ကားရပ်တာနဲ့ ကားတံခါးဖွင့်ပြီး ဆေးရုံထဲကို အပြေးအလွှားချီသွားခဲ့သည် ။
ဆရာဝန်တွေလည်း အပြေးအလွှားဖြစ်ကုန်ကြသည် ။ ခုနလေးတင် ခွဲစိတ်ခန်းထဲဝင်သွားတယ် အခုပြန်ထွက်လာတာကြောင့် ။ သူ ဆရာဝန်ဆီလျှောက်သွားလိုက်သည် ။

'' ကကြိုး, ''

'' စိတ်ကိုထိန်းပါ ''

'' ဘာ!!! ဘာကိုထိန်းရမှာလဲ ။ စောက်ရေးမပါတာတွေပြောမနေနဲ့ လူနာကိုမကုသဘဲ ဘာလို့ပြန်ထွက်လာတာလဲ ဖယ်! ကျွန်တော်ကုမယ် ''

ခွဲခန်းထဲအတင်းဝင်မယ်လိုပ်နေတဲ့ သူ့ကို ဆရာဝန်တွေရော သူနာပြုတွေရောဝိုင်းထိန်းထားကြသည် ။

'' ဖယ်!!! ''

'' ခင်ဗျားအခုလို လုပ်နေလဲ လူနာက ပြန်ရှင်လာမှာမဟုတ်ဘူး ။ ခင်ဗျားခေါ်လာကတည်းက လူနာကအသက်မရှိတော့ဘူး!!! "

ဆရာဝန်ကထိုသို့အော်လိုက်မှ အနည်းငယ်ငြိမ်ကျသွားသည် ။

'' ဟင့်အင်း! မဟုတ်ဘူး မဖြစ်နိုင်ဘူး ခင်ဗျားတို့ သေချာမစစ်ဆေးကြဘူးလား ။ ပေါက်ကရတွေလျှောက်ပြောမနေနဲ့ ခင်ဗျားတို့ မကုသပေးရင် တခြားနေရာသွားမယ် ''

လူနာကိုချီသွားသည် ။ အနည်းငယ်သတိလက်လွတ်ဖြစ်သွားတာကြောင့် သူ့ကိုဘယ်သူမှ အချိန်မှီမတားလိုက်နိုင်ဘူး ။

ဆေးရုံထဲကနေထွက်ပြီး လမ်းမပေါ်မှာ အရူးတစ်ယောက်လို ပြေးလွှားနေခဲ့သည် ။ သူ့စိတ်တွေလွတ်ထွက်နေသည် ။ သူ့အိမ်မက်ထဲကအတိုင်း ဖြစ်နေသလိုခံစားရသည် ။ ရူးမတတ်ခံစားရသည် ။ ငယ်ငယ်က အိမ်မက်ထဲမှာ အမြဲပေါ်လာတဲ့ပုံရိပ်ကလေး ။ ​ကောင်းကင်ယံမှာလှပစွာ လင်းလက်နေတဲ့ ကြယ်မှုန်လေးတွေ ။
သူ့နားထဲမှာ ဝမ်းနည်းခြင်းခေါင်းလောင်းသံတွေကို ကြားနေရသည် ။ အဖြူရောင်လိပ်ပြာတွေကို သူအရမ်းမုန်းသည် ။
အိမ်မက်ထဲက အဖြူရောင်ပုံရိပ်လေး ။

သူငယ်ချင်းဖြစ်သူ ထိန်လင်းမောင် ဆီကိုလာခဲ့သည် ။ သူငယ်ချင်းဖြစ်သူက ဆေးရုံမှာ ဂျူတီကျနေတာကြောင့် အခုထိအိမ်မပြန်ရသေး ။

'' မင်းယံ ဘာဖြစ်လာတာလဲ ''

'' သူ.... သူ့ကို ကြည့်ပေး ''

ကကြိုး { Complete }Where stories live. Discover now