အပိုင်း ၄၅ ဇာတ်သိမ်းပိုင်း ( U&Z )

1.5K 22 4
                                    

[ Unicode ]

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူးပြောင်းတဲ့နေ့
JANUARY လရဲ့ပထမဆုံးနေ့ရက် ။
2023. 1. 1.
ည 12:01

စိတ်ဖောက်ပြန်ပြီး ကားမောင်းရာမှ တစ်ဖက်ကားနှင့်ဝင်တိုက်မိပြီး နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားခဲ့သည့် တိမ်ကမ္ဘာ ကုမ္ပဏီ ရဲ့ CEO
တိမ်မင်းယံ ။

သတင်းခေါင်းကြီးပိုင်းနဲ့ တက်လာသည့် ထိုသတင်းကို မကြားချင် ။
စိတ်ဖောက်ပြန်သည်တဲ့လား ။
မဖြစ်နိုင်တာ ။
အချစ်ဆိုတဲ့ အရာက
ဆန်းကြယ်လွန်းလှတယ် ။

ရှင်ကွဲ,ကွဲရတာနဲ့, သေကွဲ, ကွဲရတာနဲ့ဆိုရင်
ဘယ်အရာက ပိုကောင်းတယ်လို့ ထင်လဲ ။
ရှင်ကွဲ,ကွဲရတာက ပိုကောင်းတယ်လို့ထင်တယ်။
နာကျင်ရပေမယ့် ချစ်ရသူရဲ့မျက်နှာလေးကို မြင်နေရတယ် ။
မပိုင်ဆိုင်ရပေမယ့် ​ငေးကြည့်ခွင့်တော့ရှိနေသေးတယ် ။
သေဆုံးခြင်း ။
ထိုအရာဟာ နာကျင်ခြင်းပဲ ။
ပိုင်ဆိုင်ရတယ် ငေးကြည့်ဖို့အတွက်
သူမရှိဘူး ။
နာကျင်ရတယ် သူ့ဘယ်မှာလဲ
မြင်ခွင့်မရတော့ဘူး ။

သဘာဝတရားက ဆန်းကြယ်တဲ့အရာ ။
အချစ်က အဖြေရှာမရတဲ့ပုစ္ဆာတစ်ပုဒ် ။
လူတိုင်းက ဘာလို့ အဲ့ပုစ္ဆာကိုပဲ တွက်ချင်နေကြတာလဲ ။
ဟားဟား အဲ့အထဲမှာ ကျွန်မလည်းပါတယ် ။
အဖြေရှာလို့ရတဲ့ သင်္ချာပုစ္ဆာတွေထက် အဖြေရှာလို့မရတဲ့ အဲ့ဒီပုစ္ဆာကိုပိုတွက်ချင်နေတယ် ။
ဘယ်လိုလဲ အဖြေထွက်ခဲ့ရဲ့လား ဆိုတော့ ။
ဟင့်အင်း....
သူ့မှာဖြေရှင်းစရာ ပုံသေနည်းတွေမရှိဘူး ။
ဥပမာတွေရှိတယ် ။ အဖြေက နာကျင်ခြင်းတဲ့ ။
ဒါဆိုဘာလို့ တွက်နေကြတာလဲ ။
ဘာလို့ ရူးမိုက်ခဲ့တာလဲ ။
မေးခဲ့မိတယ် ။ ပြောခဲ့မိတယ် ။
နင်မရူးမိုက်ချင်စမ်းပါနဲ့လို့ ။
တကယ်တန်းကျ ဘယ်သူမှ မိုက်ရူးရဲမဆန်ချင်ဘူး ။ ဒါပေမယ့် ကိုယ့်နှလုံးသားကိုယ် မပိုင်တဲ့ ဘဝက ကိုယ်ဘာပြောပြော သူကနားထောင်မှာမှမဟုတ်တာ ။

ဘဝအဆက်ဆက် ပျော်ရွှင်ပါစေ ။
နင်သိပ်ချစ်တဲ့ နင့်ချစ်ရသူကြီးက နင့်နောက်လိုက်လာပြီလေ ။ နင်ပျော်သင့်တယ်
ကကြိုး..... ။
တခါတလေ သေဆုံးခြင်းက ပျော်ရွှင်ခြင်းလို့ ငါထင်ခဲ့တယ် ။
နင်သိလား ငါလည်း နင့်လိုသေချင်တယ် ။
သူ,များ ငါ့ကို အရူးတစ်ယောက်လို ထွေးပွေ့ပြီးငိုနေမလားလို့ ။ ငါစိတ်ကူးယဥ်ကြည့်မိတယ် ။
ဒါပေမယ့် အဖြေက တလွဲ ကြီး သူချစ်တာက နင့်ကိုဟ ။
ငါ့ကိုဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး ။
နင်သိလား ။ အဲ့ဒါက အချစ်စစ်ပဲ ။
နင်မရလိုက်တဲ့ အချစ်စစ်ကို သူကပေးနေတာ။
နင်ကမြင်ရဲ့သားနဲ့ မယူခဲ့ဘူး ။
နင်ကံကောင်းပါတယ်ဟာ ။
ငါလည်း ဒီဘဝကြီးမှာ မနေချင်တာတော့ အမှန်ပဲ ။
ငါနင့်နောက်ကိုလိုက်လာခဲ့ရင် ငါ့အတွက် နေရာကောင်းလေးချန်ထားနော် ။
ဒီဆန်းကြယ်တဲ့ အချစ်ကစားပွဲမှာ ငါကအစကတည်းက မပါသင့်တဲ့ လူပိုတစ်ယောက်ပါဟာ ။

ကကြိုး { Complete }Место, где живут истории. Откройте их для себя