အပိုင်း ၃၇ ( U&Z )

352 10 0
                                    

[ Unicode ]

သူက ကိုကြီးနဲ့ ဘယ်လိုပက်သက်တာလဲ  ။

ကကြိုး ဆိုသော ကောင်မလေးဟာ တိမ်မင်းယံနဲ့တွေ့ပြီးတဲ့နောက် စုံထောက်မလေး ဖြစ်လို့နေလေသည် ။ သူမသာ စုံထောက်လုပ်ရင် နာမည်ကြီးမှာသေချာသည် ။

အခုလည်း တိမ်မင်းယံ နဲ့ပက်သက်၍ ကိစ္စတစ်ခုကို သူမစုံစမ်းရပေဦးမည် ။

'' အစ်မ!  အစ်မ!  ''

ကိုကြီး အလုပ်လုပ်တဲ့ဆေးရုံကို ရုပ်ဖျက်ပြီး လိုက်လာခြင်း ။ ဂျင်းဘောင်းဘီနဲ့ t-shirt အမဲရောင်တစ်ထည်ကိုဝတ်ဆင်ပြီး ။ ငွေရောင်ဆံပင် ကောက်ကောက်ကလေးတွေကို အနောက်ဘက်မှာစုစည်းထားပြီး အပေါ်က jacket အမဲရောင်တစ်ထည်ကို အပေါ်က ဝတ်ဆင်ထားပြီး ဦးထုတ်အနက်ရောင်ကို ဆောင်းထားသည် ။ သူမပုံစံက ယောက်ျားလေးတစ်ယောက်နှင့်သိပ်တော့မတူ ။ သို့သော် ငွေရောင်ဆံနွယ်လေးတွေကို ဘယ်သူမှမမြင် ။

'' အစ်မကို ခေါ်တာလား ''

'' ဟုတ်! မေးစရာလေးရှိလို့ ''

'' ဘာမေးမလို့လဲ ''

'' ဟိုလေ ခုနက အပေါ်တက်သွားတဲ့နှစ်ယောက်က ဘာတော်တာလဲဟင် ''

'' ဘယ်နှစ်ယောက်လဲ ''

'' မင်းယံနဲ့ကေသွယ်ကို ပြောတာလား ''

ဂျူတီကုတ် အဖြူရောင်ဝတ်ဆင်ထားတဲ့ အစ်ကိုတစ်ယောက်က လာမေးသည် ။

'' ဟုတ် ''

'' အဟွင်း.... သူတို့က တွဲနေတာ တော်တော်ကြာပြီ နေနဲ့လ ရွှေနဲ့မြ ။ လိုက်ဖက်ညီတဲ့ စုံတွဲ။ ဘာဖြစ်လို့လဲ ။ ''

'' ဪ! ဟုတ် သူငယ်ချင်းတစ်ယောက်က ဟို... မေးခိုင်းလိုက်လို့ ''

'' ကြည့်ရတာ မင်းယံ ကိုသဘောကျနေတာထင်တယ် ။ အဟား ''

'' ဒါဆို ခွင့်ပြုပါဦး ''

'' ကောင်းပါပြီဗျာ မင်းသူငယ်ချင်းကိုပြောလိုက်နော် နောက်တစ်ယောက်ရှာလိုက်လို့ အခုတစ်ယောက်က ပိုင်ရှင်ရှိနေပြီလို့ ''

ကကြိုး နှုတ်ခမ်းဆူမိသည် ။ အလကားလူကြီး ။ ထင်တဲ့အတိုင်း ဖြစ်မလာပါစေနဲ့ဆုတောင်းနေပေမယ့် သူမဆုတောင်းတွေပြည့်မလာခဲ့ ။ သို့သော် ဘာမှမသိသလိုသာ ဟန်ဆောင်နေရပေဦးမည် ။
ထိုအရာဟာ အချစ် ။ သူမအချစ်က စွန့်လွှတ်အနစ်နာခံတဲ့အချစ် ။ သူမ ချစ်ရသူပျော်ရွှင်နေရင် သူမလည်း ပျော်ရွှင်ပါသည် ။ အရာအားလုံးကို သိထားပေမယ့် မသိသလိုဟန်ဆောင်နေရလို့ သူမ အကယ်ဒမီ ရွှေစင်ရုပ်ထုတွေအများကြီးရနေလောက်သည် ။

ကကြိုး { Complete }Hikayelerin yaşadığı yer. Şimdi keşfedin