အခန်း၁(U/Z)

33.8K 600 9
                                    

(unicode)

ခြံထဲတွင် နှစ်ထပ်တိုက်အိမ်လုံးကျဥ်းက လှပစွာနေရာယူထား၏။ ဒီလိုတိုက်အိမ်အနေအထားကို ကြည့်၍ ပိုက်ဆံရှိတဲ့မိသားစုတွေဖြစ်မှန်းသိသာသည်။အိမ်ထဲတွင်တော့ မိသားစုဝင်များစွာ ရှိတာမဟုတ်ဘဲ၊ဒေါ်မြတ်လေးငယ်နဲ့ဒေါ်ခင်လေးငယ်ဆိုတဲ့ညီအစ်မ နှစ်ဦးရှိပြီး အကြီးမဖြစ်သူ ဒေါ်မြတ်လေးငယ်က သားလေးတစ်ယောက်ရပြီး၊ ခင်ပွန်းဖြစ်သူကတော့ ဆုံးပါးသွားခဲ့၏။
ဒါ့အပြင် မွေးစားထားတဲ့ သမီးငယ်လေးတစ်ဦးလည်းရှိသည်။ဒေါ်ခင်လေးငယ်ကတော့ အသက်၄၈နှစ်အရွယ် အပျိုကြီးဖြစ်သည်။

''ဟာ..အန်တီငယ်ကလည်း..မဖြစ်နိုင်တာ..''

''ဘာလို့လဲ..ငယ်လေးရဲ့ ပြောပါအုံး...''

မှန်တင်ခုံရှေ့တွင် စူပုပ်ပုပ်လေးထိုင်နေတဲ့
မိုင်လေးကို ချစ်စနိုးကြည့်ကာ ဒေါ်ခင်လေးငယ်က ပြုံးသည်။ ဘယ်လိုနေနေ သူမလေးရဲ့မျက်နှာဖူးဖူးလေးက ချစ်စဖွယ်လေးမို့ ဘယ်လိုပြောပြော၊ဘယ်လိုလိုနေ အမြဲချစ်နေရတာဘဲ ဖြစ်သည်။အခုလည်း နှုတ်ခမ်းလေးစူထားပေမဲ့အလှက ပျက်မသွားဘဲ ပိုပြီးတောင်ချစ်ဖို့ကောင်းနေသည်။

''ဟင့်အင်း...ကိုကြီးနဲ့ အတူမနေနိုင်ဘူး၊မိုင့်ဘာသာ အဆောင်ပဲသွားနေမယ်...''

''အမလေး...မလုပ်ပါနဲ့. ခလေးရယ်၊ လူကြီးတွေက ကောင်းစေချင်လို့ စီစဥ်တာကို၊ စိတ်ထင်တိုင်း မလုပ်ရဘူးလေကွယ်''

''အန်တီငယ်နော်...မေမေက ဘာပြောသွားလို့လဲ၊မိုင် သိပ်တောင်မသင်္ကာချင်တော့ဘူး၊ အတင်းကိုတိုက်တွန်းနေတော့တာပဲ"

''အောင်မယ်...ညည်းလေးကများ..၊ လူကြီးတွေကို..အခေါက်ခံရတော့မယ်...ဟွန်း''

အဒေါ်က လက်ရွယ်တော့ မိုင်လေးကလျှာလေးထုတ်၊ဇက်ကလေးပုသွား၏။

''ဟီးဟီး..ဟုတ်တယ်လေ..မိုင်ကိုကြ ဘာမှမပြောဘဲ၊ ညီအစ်မတွေ တိုးတိုး....တိုးတိုးနဲ့ ...မယုံချင်ပါဘူး''

မိုင်လေး ပြောတာလည်း ဟုတ်နေတာမို့ ငြိမ်နေလိုက်သည်။ နားထဲတွင်တော့ ညက မမပြောတဲ့စကားတွေကို ပြန်ကြားယောင်နေမိသည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now