အခန်း၄၂(ဇာတ်သိမ်းပိုင်း)(U/Z)

32.1K 415 11
                                    

သားလေးအသက် ၂နှစ်ပြည့်တဲ့နေ့။ မွေးနေ့အလှူအဖြစ် ဘုန်းကြီးကျောင်းမှာဆွမ်းကပ်ပြီး၊မိဘမဲ့ဂေဟာတွေမှာ ပိုက်ဆံသွားလှုဖြစ်သည်။ အပြန်တွင် စားသောက်ဆိုင်တစ်ခုမှာ နေ့လည်စာဝင် စားကြသည်။ အန်တီငယ်ကတော့ သားလေးတစ်နှစ်ပြည့်ပြီးတာနဲ့ သူ့ရဲ့စကားအတိုင်း မသီလရှင်သွားဝတ်တာ ပြန်ကိုခေါ်လို့မရတော့ပေ။မိုင်လေးနဲ့ကိုကြီးကတော့ ခဏခဏသွားတွေ့ဖြစ်ပြီး မသိမသာ လူဘောင်ပြန်ဝင်ဖို့ပြောပေမဲ့ စကားကိုအဟမခံပေ။ထို့ကြောင့် မိသားစုပျော်ရွင်ရမဲ့အချိန်မှာ မေမေရော အန်တီငယ်ရော ရှိမနေတာ
စိတ်မကောင်းဖြစ်ရသည်။ဘဝရဲ့ကံအကြောင်း တရားတွေလို့မှတ်ပြီး ကိုကြီးဘက်က ခဏခဏဖြောင်းဖျပေးပေမဲ့ အခုလိုအမှတ်တရနေ့လေးတွေဆို လွမ်းမိသည်။

''သည်းငယ်...''

''ဟင်...''

ကားပါကင်မှာ ကားရပ်ပြီးတဲ့အထိ ငေးမောပြီးတွေးနေတဲ့ သူမလေးကိုလှမ်းခေါ်ရင်းပါးပြင်လေးကို လက်နဲ့ ဖျစ်လိုက်သည်။

''ရောက်ပြီ...သားကို အိပ်ယာနှိုးအုံး...''

''အဟင်း...ဟုတ်သားဘဲ''

ကားနောက်ခန်းက ကလေးထိုင်ခုံလေးပေါ်မှာ အိပ်မောကျနေတဲ့ သားလေးကိုလှည့်ကြည့်ရင်းပြုံးလိုက်သည်။

''ကျွတ်..ကျွတ်...ဘေဘီလေး..မနိုးသေးဘူးလား''

မိုင်လေးက နောက်ခန်းထဲ ကူးသွားရင်း အိပ်ယာနှိုးလိုက်လိုက်လို့ စိတ်ကောက်မှာလည်းဆိုးတော့
အသာလေးပွေ့ပြီး ဆံပင်လေးကို သပ်ပေးရင်း
တကျွတ်ကျွတ်နဲ့ချော့မိသည်။

''မေမေတို့ လျှောက်လည်ကြမှာ..မငိုရဘူးနော်''

ပြောရင်းနဲ့ သားရဲ့အင်္ကျီလေးကို ဆွဲချပြီး ပွေ့ချီကာ ကားအပြင်ကိုထွက်လိုက်သည်။ဖြူဖွေးဝကစ်လေးမို့ မနည်းချီရသည်။ဒီနေ့ဝတ်လာတာကအဖြူရောင်စပို့ရှပ်လေးနဲ့ ဘောင်းဘီရှည်အနက်လေးဖြစ်သည်။သူ့အဖေနဲ့ ဒီဇိုင်းဆင်တူပေါ့။
မိုင်လေးက ဂါဝန်အစိမ်းပုပ်ရောင်ဝဲဝဲလေးနဲ့တစ်မျိုးလေးချစ်ဖို့ကောင်းသည်။ ကလေးမွေးပြီးမှ
ပိုပြီးလှပလာကာ ဆံပင်ပုံစံအသစ်လေးနဲ့မို့
ကလေးလေးရဲ့မေမေလို့ ထင်ရက်စရာမရှိ။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Hikayelerin yaşadığı yer. Şimdi keşfedin