အခန်း၁၁(U/Z)

23K 467 10
                                    

(unicode)

''ကျစ်...ဘာလဲဟာ....''

တိုက်အပေါ်ကို တက်ခံနီးမှ ရပ်ထားတဲ့ကားကိုတွေ့ပြီး စိတ်ဆင်းရဲသွားရသည်။ ညက ကိစ္စနဲ့ကိုယ့်ဘာသာ အရှက်လွန်ကာ ရှောင်နေကာမှ အခုတည့်ကို တိုးတော့မည်။မနက်ကလည်း ကိုကြီး မနိုးခင် ခပ်စောစောအပြင်ထွက်ခဲ့ပြီး၊ဒီညနေလည်း ပြန်မလာခင် အိပ်ခန်းတံခါးပိတ်ပြီးအခန်းအောင်းမယ်ဟု တွေးထားတာဖြစ်သည်။ကိုယ့်စိတ်ကူးနဲ့ကိုယ် အဆင်ပြေနေခါမှ နေ့လည်ဘက်ပြန်လာတဲ့ ကိုကြီးကြောင့် အကြံအိုက်သွားရသည်။

မိုင် အတွေးနဲ့အတူ လေးပင့်သော ခြေလှမ်းတွေနဲ့ဓာတ်လှေကားမှတဆင့် တိုက်အပေါ်ကိုတက်ခဲ့သည်။အခန်းရှေ့ ရောက်တဲ့အခါ သက်ပြင်းရှိုက်၍ အထဲကိုဝင်ခဲ့သည်။

''စာတွေကျက်ရတာ ပင်ပန်းနေပြီပေါ့...''

ဆိုဖာပေါ်မှာ ခပ်လျော့လျော့မှီထိုင်ကာ စီးကရက်သောက်နေတဲ့ ဂုဏ်က သူမကိုတစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

''မိုင်...နားတော့မယ် ကိုကြီး''

မိုင်လည်း ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ပြောပြီးတာနဲ့ အခန်းထဲ အမြန်ဝင်ဖို့ ခြေလှမ်းကို သွက်လိုက်သည်။မေးပုံကလည်း ရွဲ့သလိုလိုမို့ စိတ်ထဲထင့်သွားရသည်။

''သည်းငယ်....လာအုံး..ခဏ..''

အခန်းရှေ့ရောက်မှ ခြေလှမ်းလေး တုံ့သွားမိ သည်။မာထန်နေတဲ့ အသံကြောင့် မျက်မှောင်လေး ကြုတ်သွားမိသည်။ဧကန သူမအနောက်ကများ လိုက်ချောင်းလို့ သိသွားသလား။

''ပင်ပန်းနေလို့..နားတော့မယ်လို့...''

''ဟေ့..နေအုံးလို့ ပြောနေတာကို...''

ဂုဏ်က မတ်တပ်ရပ်လိုက်ကာ ခပ်မြန်မြန် သူမရဲ့အနား သွားလိုက်ပြီး လက်မောင်းလေးကို ဆွဲကာဆိုဖာဆီ ခေါ်လာလိုက်သည်။

''ဟာ..နားပါတော့မယ်ဆို...''

''ထိုင်...''

မေးဆက်ပြ၍ သူပါ ဝင်ထိုင်လိုက်သည်။မထီမဲ့မြင်ပုံစံလေးနဲ့ သူမလေးကို ဘယ်လိုဆုံးမရမှန်းမသိတော့။

''ဘာလို့ လိမ်တာလဲ..အဲ့ဒါဖြေ...''

''ဘာတွေပြောနေတာလဲ...မိုင်ဘာလုပ်လို့လဲ''

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now