အခန်း၃၃(U/Z)

15.1K 258 0
                                    

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးရင်း ကျောင်းပိတ်ထားတာ ၂ပတ်နီးပါးရှိပြီ။ ထိုရက်တွေမှာ အိပ်လိုက်စားလိုက်နဲ့ မိုင်လေးလည်းပါးလေးတွေဖောင်းပြီး ခန္ဓာကိုယ်လေးတောင် ပြည့်ချင်လာရသည်။

''သည်းငယ်...''

''ဟင့်အင်း...ကိုကြီးဘာသာသွား''

အခုချိန်ထိ အိပ်ယာထဲမှာ နိုးလို့မရသေးတဲ့ သူမလေးကြောင့် သူပြုံးလိုက်မိသည်။အရင်ရက်ကတော့ မနက်စောစောကိုကြီးနဲ့အတူ လိုက်ပြေးမယ်၊ဘာညာနဲ့ အခုနှိုးလည်းနှိုးရော စောင်ပုံထဲကမထွက်ပေ။

''ဗိုက်ခေါက်တွေထွက်လာပြီး ဝိတ်တွေတက်လာလည်း ကိစ္စမရှိဘူးပေါ့...ဟုတ်လား''

''အင်း..''

ကိုကြီးက မိုင်လေးအိပ်နေတဲ့ ခုတင်ရဲ့ဘေးကလွတ်နေတဲ့နေရာကို ဝင်ထိုင်ပြီး အပြုံးနဲ့ပြော သည်။ဂုဏ်ရောင်က အတည်ပေါက်နဲ့ပြောလိုက်ပေမဲ့ သူမလေးကတော့ မျက်လုံးမှေးမှေးလေးနဲ့ကြည့်ပြီး၊စောင်ထဲကို ကြောင်ပေါက်လေးသဖွယ် တိုးဝင်ပြီး ခပ်တိုးတိုးပြန်ဖြေသည်။

''လိုက်ချင်ပါဘူးဆို...ကိုကြီးကလည်း''

''သည်းငယ်ကလည်းကွာ..ကိုယ်တစ်ယောက် တည်း ထပြေးရမှာ ပျင်းလို့ပါ၊လိုက်ခဲ့နော် လိမ္မာတယ်''

ပန်းရောင်ပြေးပြီးဖြူဥနေတဲ့ ပါးပြင်မို့မို့လေးကိုပွတ်သပ်ရင်း ချော့ပြောနေမိသည်။သူများတွေစုံတွဲပြေးလာတာ မြင်တိုင်းအားကျစိတ်က တဖွားဖွားမို့ ဒီနေ့တော့ မဖြစ်၊ဖြစ်တဲ့နည်းနဲ့ခေါ်ရမည်ဟုတွေးရင်း နှာဖျားလေးကို ခပ်ဖွဖွ လိမ်ဆွဲလိုက်သည်။

''အား...ကိုကြီးနော်...''

''မထရင် ပိုဆိုးမှာနော်....''

''မနက်မှ ပြေးမယ်လေ....မရဘူးလား''

အားကစားဘောင်းဘီရှည်အနက်ဖြင့် တီရှပ်အဖြူရောင်စွပ်စွပ်ကို ဝတ်ဆင်ထားပြီး ကိုကြီးရဲ့ပုံစံကို မျက်လုံးလေးတွေမှေးထားရင်းနဲ့မှ မြင်နေရသည်။

''သဘက်ခါ ခရီးလည်းထွက်ရမှာလေ၊မသွားခင်ကိုယ်လက်လှုပ်ရှားမှုလေး လုပ်သွားရမှာပေါ့''

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now