အခန်း၃၅
ပြတင်းပေါက်မှ နေခြည်နုနုက အခန်းအတွင်းသို့ကျလာသည်။နေခြည်နုနုကျနေပေမဲ့ အအေးဓာတ်ကတော့ ရှိသေးသည်။
အခန်းထဲမှာတော့ ခြုံစောင်အနီကြီးရဲ့အောက်တွင် လင်မယားနှစ်ယောက် အိပ်မောကျနေကြသည်။ဂုဏ်ရောင်ရဲ့ရင်ခွင်ထဲမှာ ကြောင်ပေါက်လေးသဖွယ် တိုးဝင်ပြီး အိပ်မောကျနေတာက မိုင်လေး ဖြစ်သည်။
''တင်..တင်..''
နှိုးစက်သံကြားတယ်ဆို အအိပ်ဆက်တဲ့ ဂုဏ်ရောင်ရဲ့မျက်လုံးတွေ ပွင့်လာရသည်။
ရင်ခွင်ထဲက အိပ်မောကျနေတဲ့ သူမလေးကို
အကြည့်ရောက်မိရင်း နဖူးလေးကို ခပ်ဖွဖွနမ်းရင်း၊ ကြည်နူးစွာ ကြည့်နေလိုက်သည်။ အခုချိန်ထိ နီးမြန်းထူအမ်းနေတဲ့နှုတ်ခမ်းသားလေးတွေက
ရင်ခုန်ချင်စရာ။တင်...တင်...။
အသံဆက်မြည်နေတဲ့ဖုန်းရဲ့alarmသံကို ပိတ်လိုက်ပြီး သူမရဲ့ကိုယ်လုံးလေးကို ဖက်ကာ ခဏမှေးနေလိုက်သည်။နောက်ထပ်၅မိနစ်လောက်
အကြာတွင်တော့ သူမလေးကိုလည်း နှိုးလိုက်သည်။''သည်းငယ်လေး...၈နာရီထိုးပြီကွ''
အအိပ်မက်တဲ့ ချစ်ရတဲ့အသည်းပေါက်လေးကိုနှိုးလိုက်ပြီး ၊ ဒီနေ့အတွက် အစီအစဥ်ကို ခေါင်းထဲကစဥ်းစားလိုက်သည်။
''အိပ်ချင်သေးတယ်...မနှိုးနဲ့...''
သူ စဥ်းစားနေတုန်း အိပ်ယာနိုးစအသံအစ်အစ်ကလေးနဲ့ ပြောပြီး စောင်တောင်ခြုံပစ်လိုက်သေးသည်။
''ထတော့...သည်းငယ်ကလည်း လိမ္မာတယ်ကွာ''
''ဟင့်အင်း...''
''လျှောက်လည်မယ်ဆိုပြီး အိပ်နေလို့မဖြစ်ဘူးလေ''
''ဟင်..ကိုကြီးကလည်း..''
အိပ်ချင်မူးတူးလေသံနဲ့ သူ့ရဲ့ရင်ခွင်ထဲကို ပိုတောင်တိုးဝင်လိုက်သေးသည်။ ဂုဏ်ရောင်ကသူမရဲ့ထိုအပြုအမူလေးကို ကြည့်ရင်းသဘောကျသွားကာ ပါးလေးကို ငုံ့နမ်းလိုက်သည်။ပန်းရောင်သမ်းနေတဲ့ ပါးမို့မို့လေးကိုလည်းဘယ်တော့မှနမ်းလို့မဝနိုင်သလို၊ နီးမြန်းနေတဲ့နှုတ်ခမ်းထူထူလေးတွေကိုလည်း နမ်းရှိုက်လို့မဝနိုင်။