အခန်း၁၀(U/Z)

26K 508 10
                                    

(unicode)

ချစ်သူဖြစ်ပြီး ၁ပတ်အကြာမှာတော့ ကိုကြီးနဲ့မိုင်လေးရဲ့ဆက်ဆံရေးက အတော်တိုးတက်လာသည်။အရာရာကို မိုင်လေးဘက်က ပြောရဲဆိုရဲလာပြီး ကိုကြီးကို အရမ်းရှိန်မနေတော့ပေ။ဂုဏ်ရောင်ကတော့ အရင်ကနဲ့ခြားနားစွာ မိုးလင်းကတည်းက သည်းငယ်လေးသဘောဆိုပြီး ချစ်တက်သူကြီးဖြစ်သည်။

ဒီနေ့တော့ စာကျက်ရတာ ပင်ပန်းနေလားဆိုပြီးရုပ်ရှင်လိုက်ပြမယ်ဟုဆိုကာ ကားနဲ့အတူထွက်ခဲ့ကြတာဖြစ်သည်။

ကားမောင်းနေတဲ့ ကိုကြီးရဲ့မျက်နှာကို ငေးပြီးသဘောကျမဆုံးဖြစ်နေရသည်။ ဒီနေ့ ဝတ်လာတာက မိုင်နဲ့ဆင်တူဖြစ်သည်။သူမက ရယ်ဒီမိတ်ဇာအဖြူခါးတိုအင်္ကျီလေးကို ဂျင်းစကတ်အတိုလေးနဲ့တွဲဝတ်ပြီးဆံပင်တွေကို အပေါ်မှာအကုန်သိမ်းတင်ကာ ခပ်မြင့်မြင့်လေး စုချည်ထားတော့ မျက်နှာလေးကရှင်းနေ၏။နို့ရည်လေးတစ်မျိုးသာ လူးထားတဲ့မျက်နှာလေးက ဖြူနုရဲနေကာ
တကယ့်နုနုဖတ်ဖတ်လေး။

ဂုဏ်ရောင်က တီရှပ်အဖြူကို ဂျင်းဘောင်းဘီအရောင်ခပ်ဖျော့ဖျော့နဲ့တွဲဝတ်ထားပြီး ဂျာကင်လည်း ထပ်ဝတ်ထားသည်။ပိုပြီး ကြည့်ကောင်းနေတာက မနေ့ကမှ ညှပ်လာတဲ့ဆံပင်ပုံစံအသစ်ကြောင့်ဖြစ်သည်။အကြောတွေဖြာနေတဲ့လက်မှာ ပတ်ထားသောနာမည်ကြီးတံဆိပ်နာရီကလည်း
ပဏာသင့်စွာနဲ့လိုက်ဖက်၏။

''ဦးနှောက်ဆေးပြီးရင်တော့ စာကျက်ရမှာနော်''

''အင်းပါ..ကိုကြီးရဲ့..ကတိပေးတယ်''

''အင်း..လိမ္မာတယ်...''

''အဟင်းးး''

ကားမောင်းနေရင်း သူမရဲ့လက်လေးကိုလှမ်းဆုပ်ကိုင်ပြီး၊ ကြည်နူးစွာပြုံးမိသည်။ရယ်လိုက်တော့လည်း ချစ်ဖို့ကောင်းလွန်းတဲ့ချာတိတ်မလေးက အသည်းယားဖို့သိပ်ကောင်းသည်။

''ဒါနဲ့လေ..မေမေတို့က မိုင်တို့ကို စိတ်တော့
မဆိုးလောက်ဘူးမလား''

''မဆိုးပါဘူး..သဘောတူနေတာ အရင်တည်းက''

''ဟင်..အဲ့တာဘာအဓိပ်ပါယျလဲ...''

''အဟွန်း...ကိုယ်နဲ့မင်းကိုလေ...''

ဂုဏ်ရောင်က ကားမောင်းနေရင်း ပြောပြမိသည်။
မိုင်လေးက နားထောင်နေရင်း၊နှုတ်ခမ်းလေးကမသိမသာစူလာရသည်။ကိုယ်မှာတော့ မေမေတို့စိတ်တွေဆိုး၊သဘောမကျဘူးထင်လို့ ဝမ်းနည်းလိုက်ရတာဆိုတာ ထမင်းတောင် စားလို့သိပ်မဝင်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now