အခန်း၃၄(U/Z)

18.9K 279 5
                                    

ဂုဏ်ရောင်က စပို့ရှပ်အဖြူစွပ်စွပ်ကို အပေါ်က ကုတ်အင်္ကျီအညိုကို ထပ်ဝတ်ထားပြီး ဘောင်းဘီရှည်ကလည်း ဂျင်းအဖျော့ဖြူဖြူနဲ့ဖြစ်သည်။ဝတ်စားထားတာရိုးရိုးရှင်းရှင်းပေမဲ့ ရှည်သောအရပ်နဲ့ ကျစ်လစ်နေတဲ့ ကိုယ်ဟန်ကြောင့် သူ့ပုံစံက အများထဲမှာထင်းနေ၏။

မိုင်လေးက ကိုကြီးရဲ့ပုံစံကို ငေးကြည့်ရင်းမှ ပြုံးမိသည်။ အခုရောက်နေတာက ကလောလေဆိပ်ထဲက ထွက်လာပြီး လာကြိုမဲ့သူငယ်ချင်းဆိုတဲ့
သူကို စောင့်နေတာဖြစ်သည်။

''သည်းငယ် ညောင်းလို့လား..''

ဒီနေရာမှာ မတ်တပ်ရပ်စောင့်နေတာ ၁၀မိနစ်ခန့်ရှိပြီမို့ သူကမေးလိုက်ခြင်းဖြစ်သည်။

''ဟင့်အင်း..မညောင်းပါဘူး၊ဒါနဲ့ ကိုကြီးရဲ့ဘော်ဒါက မလာသေးဘူးလား''

''လာနေပြီတဲ့..ခဏလေးစောင့်ရမှာ...''

''အင်းပါ...မေးကြည့်တာ ''

ဆွယ်တာအဖြူလေးနဲ့ဘောင်းဘီရှည်အနက်လေးဖြင့် တွဲဝတ်ထားတဲ့ သူမလေးက ပါးချိုင့်လေးတွေပေါ်အောင်ထိပြုံးပြပြီး ခေါင်းညိမ့်သည်။ဂုဏ်ရောင်က သူမရဲ့ဦးခေါင်းလေးကိုခပ်ဖွဖွဖိပွတ်ကာ သူမရဲ့ကိုယ်လေးကိုပုခုံးကဆွဲပြီး သူ့ဘက်ရောက်အောင်လှမ်းဖက်လိုက်သည်။ဂိတ်ဝမှာမို့ ကားအသွားအလာကအရမ်းရှုပ်သည်။

''အနားမှာ ကားတွေသွားနေတာ၊ကိုယ့်ဘက်မှာနေ''

''အလွှတ်ကြီးပါ... ကိုကြီးကလည်း''

ဘာမှမဖြစ်ဘူးဆိုတဲ့ အကြည့်နဲ့အတူ သူ့ကိုမဲ့ရွဲ့ကြည့်နေတဲ့မျက်နှာလေးက ပိတ်ထုချင်စရာ။

''ညရောက်မှ တွေ့မယ်...မင်း''

ပါးစပ်လှုပ်ရုံ ခပ်တိုးတိုးပြောလိုက်ပြီး ခပ်တည်တည်နဲ့ စီးကရက်ဖွာနေလိုက်သည်။

''ကြောက်ရမှာလား...စဥ်းစားပေါ့''

မိုင်လေးက ခပ်တည်တည်လုပ်နေတဲ့ ကိုကြီးရဲ့လက်မောင်ကြီးကို ခပ်ဖွဖွထုကာ ပြန်ချေပလိုက်သည်။စကားပြောလိုက်၊ရယ်လိုက်နဲ့အခုမှ သမီးရည်းစားအတွဲလေးလို။

စောင့်နေတုန်းမှာဘဲ မာစီးဒီးကားအဖြူကြီးတစ်စီးစိုက်ရောက်လာသည်။ ကိုကြီးတို့အရွယ် အကိုတစ်ယောက်မှဆင်းလာပြီး လက်လှမ်းပြသည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now