အခန်း၂၇(U/Z)

17.8K 287 2
                                    


''မွ..''

''ကိုကြီး ငြိမ်ငြိမ်နေကွာ...''

မျက်လုံးလေးတွေမှေးစင်းပြီး သူ နမ်းလိုက်တော့မျက်ခုံးလေးတွေတွန့်ပြီး အော်တော့သည်။အချိန်က ည9နာရီသာ ရှိသေးသည်။နှစ်ယောက်သားချစ်ကြည်နူးပြီးလို့ အိပ်ယာထဲတွင် အမောဖြေနေတာဖြစ်လို့ ကြည်နူးမှုများစွာနဲ့။

''သည်းငယ်..အိပ်မပျော်ရင် ထကွာ...''

''ဟင့်အင်း...ပင်ပန်းလို့...''

''အဲ့ဒါကြောင့် ရေနွေးလေးနဲ့ ချိုးလိုက်လို့ ကိုယ်ပြောတာပေါ့...ထ''

''ကိုကြီးကလည်း...မထချင်ပါဘူးဆို ''

ညှောင်နာနာအသံလေးနဲ့ ပြောပြီး မိုင်လေးက စောင်ခေါင်းမှီးခြုံပစ်လိုက်သည်။

''ရေပူလေး ချိုးလိုက်ရင် လုံးဝအကြောတွေပါလျော့ပြီး သက်သာသွားမှာ....လိမ္မာတယ် ကိုယ်အဆင်သင့်သွားလုပ်ပေးထားမယ်''

''မချိုးချင်ပါဘူးဆို....''

ဂုဏ်ရောင်က သူမရဲ့နဖူးလေးကို တစ်ချက်နမ်းကာ သူ ချွတ်ပြီး လွှင့်ပစ်ထားတဲ့ သူမရဲ့ဂါဝန်လေးတွေ၊ဘောင်းဘီလေးတွေကို သေချာယူပြီးအိတ်ထဲထည့်လိုက်သည်။ဘာလို့ဆို မနက်တည်းက အစီအစဥ်ရေးဆွဲပြီးတည်းက သူမလေးအတွက်ညဝတ်ဂါဝန်လေးနဲ့ မနက်ပြန်ရင်ဝတ်ဖို့ အဝတ်တွေ ဝယ်လာလို့ဖြစ်သည်။

ရေချိုးခန်းထဲက ရေပူစက်ဖွင့်ကာ bathtubထဲမှာသေချာအနေတော်လေးစပ်ပေးခဲ့ပြီး သူအပြင်ထွက်လာခဲ့သည်။ရေကြိုက်တဲ့ရေသူမလေးအကြောင်းမသိတာမှတ်လို့ မချိုးဘူးဆိုတာလုံးဝမဖြစ်နိုင်။

''ဟိတ်...မထဘူးလား...''

သူ အနားလာရပ်ရင်း စောင်ကြီးကို ခွာမလို့လက်လှမ်းလိုက်သည်။

''ဟာ...မဖယ်နဲ့..ဟင့်အင်း''

''ဘာလို့လဲ...ရေမချိုးဘူးလား....''

''မဟုတ်ဘူး...ချိုးမှာ..ဒါပေမဲ့ ဒါကြီးမဖယ်နဲ့''

''အဟွန်း..မြင်ဖူးပြီးသားကိုကွာ...''

ဂုဏ်ရောင်က ဟွန့်ခနဲရယ်လိုက်ကာ စီးကရက်မီးညှိလိုက်သည်။စားပွဲပေါ်တွင် ဝီစကီခွက်လည်းအသင့်ဖြစ်ပြီး ရေခဲတုံးလေးထည့်လိုက်ကာ တကျိုက်မော့သောက်လိုက်သည်။ပြီးမှ စီးကရက်ကို ခပ်မျှင်းမျှင်းရှိုက်လိုက်ပြီး။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now