အခန်း၂(U/Z)

19.6K 490 11
                                    

(unicode)

ခရီးဝေးမို့ ကားဒရိုင်ဘာကို သပ်သပ်ခေါ်ကာ မောင်းခိုင်းတာဖြစ်သည်။ ဒရိုင်ဘာက သူမတို့နဲ့လည်း ဆွေမျိုးမကင်းသူမို့ စိတ်ချရတဲ့အပြင်၊လမ်းတွေလည်း ကျွမ်းကျင်သူမို့ ခေါ်လိုက်တာဖြစ်သည်။ကားရှေ့ခန်းတွင် မောင်းသူနဲ့ ဒေါ်မြတ်လေးငယ်ဖြစ်ပြီး နောက်ခန်းတွင် အိပ်မောကျနေတဲ့ မိုင်လေးကိုဖတ်ပြီး ငိုက်နေတဲ့ဒေါ်ခင်လေးငယ် ဖြစ်သည်။ဒီနေ့က သောကြာနေ့ဖြစ်ပြီး တနင်္လာဆို တက္ကသိုလ်တွေ စတက်ရပြီမို့ရန်ကုန်ကိုလိုက်ပို့ခြင်းဖြစ်သည်။မနက်၃နာရီတည်းက ထွက်လာတာမို့ ရန်ကုန်မြို့ထဲတော့ ဝင်လာပြီ။

''ကိုလင်း...၂ရက်လောက်ဘဲမို့ အဆင်ပြေမလားဟင်...''

''ပြေပါတယ်ဟ..ငါလည်း ယောက်ဖတွေနဲ့ ကားကွင်းသွားကြည့်ဖို့ရှိသေးတယ်..ညဘက်ကြတော့ တည်းခိုခန်း ဝင်အိပ်လိုက်မယ်''

''အေးပါ...သမီးလေးအတွက် ဝယ်ခြမ်းစရာတွေအပြင်၊ နေသားကျအောင်လည်းလုပ်ပေးရမယ်ဆိုတော့ ချက်ချင်းပြန်လို့မဖြစ်လို့လေ...''

''အေးဆေးသေချာလုပ်ပေးလိုက်...ငါ့ကို အားမနာနဲ့...ကူညီခွင့်ရတုန်း ကူညီရတာ ''

''အဟင်း...ကျေးဇူးပါဟယ်....''

ကိုလင်းတို့ မပြေလည်တုန်းက အရင်းအနှီးကို အတိုးမယူဘဲ ထုတ်ပေးခဲ့ဖူးတော့ တစ်ခုခုခိုင်းစရာရှိတိုင်း မနှောင့်မနှေးအမြဲတမ်း သူမတို့မိသားစုကိုဆို အမြဲကူညီတက်သည်။အခုလည်း
တကူးတက ရန်ကုန်အထိ ဒရိုင်ဘာလုပ်ပေး သည်။

ဒေါ်ခင်လေးငယ် ငိုက်နေရာမှ နိုးလာရတော့သည်။ ရင်ခွင်ထဲမှာ အိပ်နေတဲ့ မိုင်လေးကိုကြည့်လိုက်ရင်းမှ နဖူးလေးကို ငုံ့မွှေးလိုက်သည်။မျက်နှာလေးက ဖူးဖူးစင်စင်နဲ့ နှာတံကော့ကော့လေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ သူမလေးက သိပ်ကိုချစ်ဖို့ကောင်းသည်။ ကျောလယ်လောက်မှာ ပျော့ပျောင်းနေတဲ့ဆံနွယ်လေးတွေနဲ့ ဘာမှ မပြင်ဆင်ထားလည်း ပါးပြင်လေးတွေကပန်းရောင် ပြေးနေပြီး၊နုမွှတ်နေကာ မျက်ခုံးတန်းတန်းလေးနဲ့ နှုတ်ခမ်းရဲရဲလေးကြောင့်အလှကပိုထူးနေ၏။ကလေးဆန်ဆန် မျက်နှာလေးက ဘယ်လိုကြည့်ကြည့် သိပ်ကိုအပြစ်ကင်းစင်၏။ကိုယ့်ခလေးကို သဘောကျစွာကြည့်နေတုန်းမမရဲ့အသံကြောင့်ပြုံးလိုက်မိသည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Où les histoires vivent. Découvrez maintenant