အခန်း၁၉(U/Z)

18.4K 453 7
                                    

(unicode)

၂နှစ်ခန့်ကြာသော်....။

ဒေါ်မြတ်လေးငယ် ဆုံးပြီးတော့ မြို့မာရှိတဲ့အိမ်ကိုရောင်းပစ်ကာ ရန်ကုန်မှာဘဲ နေဖြစ်ကြ၏။
ဒေါ်ခင်လေးငယ်ကတော့ အိမ်မှာနေတဲ့အချိန်တွေထက် ရိပ်သာတွေဝင်၊တရားစခန်းတွေဝင်နဲ့မို့ကလေးတွေနဲ့ နေတဲ့အချိန်က ခပ်နည်းနည်းဖြစ်သည်။

ဂုဏ်ရောင်နဲ့မိုင်လေးရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ဒေါ်မြတ်လေးငယ် ဆုံးပြီး ၂လအကြာမှာ အကျဉ်းရုံးသဘောနဲ့ တိုးတိုးတိတ်တိတ်လုပ်ပြီးရန်ကုန်ရောက်တော့ ဂုဏ်ရောင်ရဲ့အပေါင်းသင်းတချို့ရယ်ဖိတ်ပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ရင်း ဆောင်ခဲ့ကြသည်။ လူတွေဝေဖန်သံတွေ ညံခဲ့ပေမဲ့ ကိုယ်လုပ်တာကိုယ်အလုပ်ဆိုသလို ဘာမှမဖြေရှင်းတော့ဘဲ အဲ့ဒီမြို့ကလည်းအပြီးပြောင်းလာခဲ့သည်။

''သည်းငယ် ဒီနေ့ ကိုယ်နဲ့အလုပ်လိုက်ခဲ့ပါလား''

''တကယ်လား....ပြီးမှ မခေါ်ဘူးမပြောနဲ့နော်''

မိုင်လေး ကော်ဖီသောက်နေရာမှ မျက်လွှာလေး
ပင့်ကြည့်ပြီး သေချာပြန်မေးလိုက်သည်။မနက်တည်းက အပြင်ထွက်ချင်နေတာနဲ့အတော်ဘဲဖြစ်သွားကာ ချက်ချင်းမျက်နှာလေးပြုံးသွားရသည်။

''ဘယ်မှသွားစရာမရှိဘူးမလား..ဒီနေ့''

''အင်းလေ..စနေနေ့ကြီးကို မိုင်က ဘယ်သွားရမှာလဲ''

''အိုကေ...အဲဒါဆို ပြီးရင် အင်္ကျီသွားလဲထား...''

''ယေး...ပျင်းနေတာနဲ့ အတော်ဘဲကွ..''

လက်ခုပ်လေးပါ တီးပြီး ချက်ချင်းတက်ကြွစွာ ပြောတဲ့ သူမလေးကိုငေးခနဲကြည့်မိသည်။
ပန်းသွေးရောင်ဂါဝန်လေးနဲ့ နုရဲနေသော မျက်နှာလေးက ဘာမှမလူးထားတာတောင် လှရက်နိုင်လွန်းသည်။အခုနောက်ပိုင်း အရင်လိုသွယ်သွယ်လေးမဟုတ်တော့ဘဲ ဝိတ်လေးနည်းနည်းတက်လာတော့ မိုင်လေးရဲ့ကိုယ်ဟန်လေးက တင်းပြည့်ဖြောင့်ဆင်းစွာ အရှိုက်အဝန်းအမို့အမောက်တွေနဲ့ခန္ဓာကိုယ်လေးက ရှုမငြီးဖွယ်။

ဂုဏ်ရောင်က လက်မှာပတ်ထားတဲ့နာရီကို ငုံ့
ကြည့်ကာ။

''၈နာရီခွဲတော့မယ်ဆိုတော့ သိပ်နောက်မကျနဲ့တော့၊ အင်္ကျီဘဲ လဲရင်လဲလိုက်...''

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now