အခန်း၃၂(U/Z)

17.7K 282 1
                                    

(unicode)

''ကိုကြီး..မောနင်း...''

သူ မှန်တင်ခုံရှေ့မှာ အင်္ကျီကြယ်သီးတပ်နေရာမှအသံအစ်အစ်လေးကြောင့်လှမ်းကြည့်ပြီး ပြုံးလိုက်သည်။ညက အလွမ်းဖြေရင်း ဘယ်နှချီမှန်းမသိ၊သောင်းကျန်းလိုက်ပြီး မိုးလင်းတော့ မနည်းအိပ်ယာထရသည်။

''အိပ်လေ...ကိုယ် တမင်မနိုးတာ၊သည်းငယ်အိပ်ရေးမဝသေးတာ သိလို့''

မိုင်လေးရဲ့ အိပ်ယာနိုးစ မျက်နှာဖောင်းဖောင်းကလေးကို ကြည့်ပြီးပြောလိုက်သည်။သူလည်းအိပ်ရေးမဝသေးပေမဲ့ အလုပ်ကိစ္စက အရေးကြီးတော့မသွားလို့မရ။

''ကိုကြီးက အိပ်ရေးဝလို့လား...''

''မဝပေမဲ့ မသွားလို့မရဘူးကွ....''

အိပ်ရေးပျက်ထားလို့ နီကျင်နေတဲ့ ကိုကြီးရဲ့မျက်လုံးတွေကို ကြည့်ပြီး သိပါသည်။ ကိစ္စပြီးလို့၊ ရှုးထပေါက်တော့ဘဲမနက်၂နာရီခွဲနေတာကိုဘယ်လိုအိပ်ရေးဝမလဲ။

''အန်တီငယ့်ကို သွားနှုတ်ဆက်ပြီးပြီ၊ ပြီးတော့..
ကျွန်တော်ရဲ့ကလေးလေးကိုမနှိုးပါနဲ့လိုမှာထားခဲ့တယ်''

''ဟင်..ကိုကြီးကလည်း ဘာလို့အဲ့ဒီလိုသွားပြောတာလဲ...အန်တီငယ်ရိပ်မိအုံးမယ်''

''မဟုတ်တာကွာ...ကိုယ် ညကပြန်ရောက်တာနောက်ကျမှန်းသိသားဘဲ...''

မိုင်လေးက ခေါင်းလေးညိမ့်ပြရင်း အိပ်ယာထဲကထထိုင်သည်။

''ဟိတ်...ပြန်အိပ်အုံးဆိုတာ...''

''မအိပ်တော့ပါဘူး...ကိုကြီး ဘာစားပြီးပြီလဲဟင်''

မနက်စာအတွက် သတိရစွာမေးလိုက်သည်။နံရံကနာရီကိုလှမ်းကြည့်တော့ မနက်၈နာရီတောင်မထိုးသေး။

''ဟွန်း..ကိုယ့်ကို မနက်စာပြင်ပေးမယ်ပေါ့''

ဂုဏ်ရောင်က သဘောကျစွာကြည့်ရင်း ပြုံးလိုက်မိသည်။

ညဝတ်အဝါနုရောင်ဝမ်းဆက်လေးနဲ့ အိပ်ယာနိုးစ ကပိုကရိုအလှလေးနဲ့ သူမလေးကို ကြည့်ရင်းအသည်းယားသွားရသည်။ မျက်တောင်ကော့ကော့၊စုထွေးနေတဲ့နှုတ်ခမ်းရဲရဲလေးက နီမြန်းထူအမ်းလျက် ညကသူရဲ့လက်ချက်ကြောင့်ဆိုတာကျိန်းသေသည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now