အခန်း၃၈
အကျနေ့က ဒဏ်ရာအရှိန်နဲ့မလည်ဖြစ်ကြဘဲ
ဒီနေ့အကြတ်နေ့တွင်တော့ လည်ဖို့တက်ကြွနေကြသည်။ဂုဏ်ရောင်က ဒူးအထက်ဘောင်းဘီအနက်တိုနဲ့ခဲရောင်ရှပ်လက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်ထားပြီး ဖက်ရှင်ကရိုးရိုးပဲ ဖြစ်သည်။ထူးခြားချက်က လျှာထိုးဦးထုပ်နောက်ပြန်ဆောင်းထားပြီး သူမလေးနဲ့အပြိုင်လူငယ်ဆန်နေ၏။လက်ဖျံက ဒဏ်ရာကို ပလာစကာကပ်ထားပြီး၊မျက်နှာကတော့ အရာတောင်မရှိတော့ဘဲ ဖြူဝင်းနေ၏။ထူတန်းနေတဲ့မျက်ခုံးနှစ်ခုနဲ့ ချွန်မြသောနှာခေါင်းကြောင့် ဦးထုပ်ဆောင်းထားတော့ တမျိုးကြည့်ကောင်းသည်။
မိုင်လေးကတော့ ရွှေဝါရောင်ခပ်ဖျော့ဖျော့
ဆိုးထားတဲ့ဆံပင်တွေကို ကျစ်ဆံမြီးနှစ်ဖက်ကို ခေတ်ဆန်စွာအလှကျစ်ထားပြီးဘောင်းဘီအနက်ပေါင်တိုလေးနဲ့
စပို့ရှပ်အနီရဲရဲလေးကို ဝတ်ထားသည်။ဖြူဝင်းနေတဲ့အသားအရေနဲ့မို့ သူမတစ်ကိုယ်လုံးသည် ဝင်းစက်နုထွတ်နေ၏။''ဒီသေနတ်ကြီးက ယူမလို့လား''
''အင်းလေ..ဘာလို့လဲ''
''ဟားဟား...ကလေးကလားကွာ..သည်းငယ်ကလည်း''
''ဘာကို ကလေးရမှာလဲ..ဒါလူကြီးတွေဆော့ဖို့ထုတ်ထားတဲ့ ရေသေနတ် sizeကိုလည်း ရှိုးလိုက်အုံး၊ မနေ့က မနည်းပြေးဝယ်ထားရတာ''
ပန်းရောင်နဲ့အပြာစပ်ထားတဲ့ ရေသေနတ်ကြီးကို ကိုင်ပြီးပြောလိုက်သလို ကိုကြီးရဲ့ရင်ဘက်ကိုနည်းနည်းဖြန်းလိုက်သည်။
''ဟိတ်...မပတ်နဲ့လေကွာ...''
''ဘာဖြစ်လဲ..သင်္ကြန်ကျလို့ပတ်တာ ..ဟီးဟီး''
လျှာလေးထုတ်ပြပြီး ပြောင်နေတဲ့သူမလေးကြောင့် ကြည်နူးစွာရယ်မိတော့သည်။တစ်ကိုယ်လုံး သင်္ကြန်ဖက်ရှင်အပြည့်နဲ့ဖြစ်ပြီး ကိုကြီးဒဏ်ရာမသက်သာရင် မလည်ချင်ပါဘူးပြောသေးတာက နဖူးကိုပိတ်ထုချင်စရာ။
တိုက်အောက်ရောက်မှ ကလေးတွေကို ရေသနတ်နဲ့ လိုက်ဖြန်းနေသောကြောင့် မနည်းပြောရသေးသည်။ခုန်ပေါက်ပျော်နေလိုက်တာများ သူမကိုယ်သူမ ၁၃နှစ်သမီးလေးထင်နေသလားမသိ။ဟိုနေ့က ရန်ဖြစ်တော့ တချို့လူတွေက ခင်ဗျားညီမလှတော့ ဒိကောင်တွေလည်း 'စ'ချင်တာပေါ့ဟုပြောသေး၊အဲ့ဒီတော့မှ သူ့မှာမျက်နှာနီနီဖြင့် ကျွန်တော့်မိန်းမဟု ပြောခဲ့ရသေးသည်။
![](https://img.wattpad.com/cover/335837746-288-k901838.jpg)