အခန်း၂၈(U/Z)

16K 287 4
                                    

(unicode)

''နောက်ဆုံးတော့လည်း စာမေးပွဲပြီးသွားပြီကွာ...ပျော်လိုက်တာ...''

ဂုဏ်ရောင်က ကားမောင်းနေရင်း ငဲ့ကြည့်ကာ
ပြုံးလိုက်သည်။သူမလေးက စကားဝါရောင် မြန်မာဝမ်းဆက်လေးနဲ့ မျက်နှာဝင်းဖန့်ဖန့်လေးနဲ့ ချစ်စရာကောင်းနေပြီး တစ်လမ်းလုံး လှပတဲ့အပြုံးပန်းလေးတွေ ဝေလာရသည်။ဘာလို့ဆိုစာကျက်ရတဲ့ငပျင်းမလေးအတွက် စာမေးပွဲကြီးပြီးသွားလို့ဖြစ်သည်။

''အခုတလော...ကိုယ့်သည်းငယ်လေး ပိုလှလာသလိုဘဲနော်''

''မဟုတ်ပါဘူး...ညဘက်တွေ အအိပ်နောက်ကျလို့ မျက်ကွင်းတောင်ညိုချင်နေတာကို၊ လျှောက်မပြောနဲ့..ဟွန့်''

''ကိုယ်ကတော့ ပိုလှလာတယ်ထင်တယ်''

မိုင်လေးက နှာခေါင်းလေးရှုံ့ပွပွနဲ့ ဖြစ်ပြီး၊မျက်နှာလေးကတော့ စားမေးပွဲပြီးတော့ပြုံးပျော်နေ၏။

''ဒါနဲ့လေ...မိုင်တို့ ခရီးဘယ်တော့သွားရမှာလဲ''

''သွားရမှာ...ဒါပေမဲ့ ''

''ဟင်...ဘာဒါပေမဲ့လည်း...ကိုကြီးကလည်း''

ချက်ချင်းဆိုသလို မျက်မှောင်ကုတ်လေးနဲ့
ပြန်ကြည့်ပြီး မိုင်လေးက သိလိုစွာနဲ့အမြန်မေးလိုက်သည်။

''သြော်...သင်္ကြန်အတွင်းမှ သွားမလားလို့လေ..''

''ဒီရက်ပိုင်းက ဘာဖြစ်လို့လဲ...မပို့ချင်ဘူးလား''

''မဟုတ်ပါဘူး...သည်းငယ်ရဲ့၊ အမှန်တော့''

''အင်း...ပြော''

''ကိုယ် အလုပ်ကိစ္စနဲ့ ခရီးခဏ ထွက်မလို့''

''ဟမ်!..ခရီးထွက်မယ်..ဟုတ်လား...''

''အင်း..သည်းငယ်ကို ခေါ်ချင်ပေမဲ့ နိုင်ငံခြားခရီးစဥ်ဆိုတော့''

''မိုင့်ဆီမှာ ပတ်စပို့စ်မှ မရှိတာ..ဘယ်လိုလုပ်ရမလဲ''

''အင်း...အခုနေမှလျှောက်လည်း ကြာအုံးမှာ''

''ရပါတယ်...အလုပ်နဲ့သွားတာဘဲ မိုင်နေခဲ့မယ်''

''မကြာပါဘူး...ကိုယ်လည်း၃ရက်လောက်ဘဲ၊
အဆင်ပြေမလား....''

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now