အခန်း၃၀(U/Z)

17.7K 290 4
                                    

(unicode)

''ခလေးရေ...''

''ရှင်...အန်တီငယ်...''

''အန်တီငယ် ဘုရားရှိခိုးပြီး အိပ်တော့မယ်နော် ''

''သြော်...ဟုတ်ကဲ့..သမီးလည်းအိပ်တော့မှာ''

''အေးအေး..စောစောအိပ်ယာဝင်နော်''

''ဟုတ်...''

အန်တီငယ်နဲ့ ပြန်ဖြေပြီးတယ်ဆို ဖုန်းလေးကိုင်ရင်း onlineလို့ပေါ်နေတဲ့ကိုကြီးဆီကိုvd callခေါ်လိုက်သည်။

''Hello My wife..''

''ဟီး...ကိုကြီး အဆင်ပြေရဲ့လား...''

''အင်း..ကိုယ် အခုမှရေချိုးနေတာကွ''

သဘက်တစ်ထည်နဲ့ အပေါ်ပိုင်းဗလာဖြစ်နေတဲ့ကိုကြီးကို ကြည့်ရင်း ခေါင်းညိမ့်လိုက်သည်။
အင်္ကျီမဝတ်ရသေးတဲ့ ရင်အုံကြီးနဲ့ ဗလခပ်တောင့်တောင့်ကြီးကို မြင်လိုက်ရတော့ လွမ်းတောင်လွမ်းမိသွားသည်။ချိုင်းမြှောက်ပြီး ဆံပင်ကိုလက်နဲ့သပ်လိုက်တော့ ချိုင်းမွှေးနက်နက်တွေကြောင့် စိတ်ထဲမှာရှိန်းခနဲ။ဘယ်လို ကြည့်ကြည့်ယောကျာ်းပီသလွန်းနေတော့ စိတ်မချချင်ပေ။

''အဲ့တာ အင်္ကျီမဝတ်ဘဲ စီးကရက်သောက်နေတယ်ပေါ့..ဟုတ်လား''

''အခုမှ တစ်လိပ်သောက်ရသေးတာပါ..''

''အင်းပါ...မိုင်က အအေးပက်မှာဆိုးလို့ ''

''အဟွန်း...အရမ်းလွမ်းတယ်ကွာ...''

''ပိုပြီ...အခုမှခွဲတာ ၂၄နာရီ မပြည့်သေးဘူး''

မိုင်လေးက စူပွပွလေးဖြေရင်း အိပ်ယာထဲမှာ မှောက်ခုံလေးမှောက်လိုက်သည်။

''ဟိတ်...braလည်း မဝတ်ထားဘူး''

ဂုဏ်ရောင်က စီးကရက်မီးခိုးငွေ့တွေ မှုတ်ထုတ်ရင်း အင်္ကျီလည်ဟိုက်လေးထဲမှ ပေါ်လာသောရင်သားဖောင်းဖောင်းလေးတွေကို ကြည့်ရင်းအော်လိုက်သည်။

''မဝတ်ပါဘူး...ကိုကြီးမှမရှိတာ..လွတ်လွတ်လပ်လပ်freeစတိုင်ဘဲ...''

မိုင်လေးက တမင်စလိုက်သည်။ညနေက အင်္ကျီတွေရှင်းရင်းမှ ရေချိုးနောက်ကျကာ၊အန်တီငယ်က ထမင်းအတူစားဖို့လှမ်းခေါ်တော့ နီးစပ်ရာဂါဝန်လေးဝတ်ပြီးထမင်းသွားစားတာဖြစ်သည်။ထို့ကြောင့်မေ့ပြီးအတွင်းဝတ်လေး မဝတ်ထားတာဖြစ်သည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now