အခန်း၂၃(U/Z)

17.2K 331 3
                                    

(unicode)

တစ်လမ်းလုံး ကားပေါ်မှာ ငြိမ်ပြီးပါလာတဲ့ သူမကြောင့် ကားမီးပွိုင့်မိတယ်ဆို သူမရဲ့လက်ကလေးကို လှမ်းကိုင်မိသည်။

''ဟာ...လက်ဖျားတွေအေးစက်နေတာလား..''

''အင်း..ဘာမှမဖြစ်ပါဘူး...''

''ဘာလို့မဖြစ်ရမှာလဲ...ကျွတ်...''

ဂုဏ်ရောင်ရဲ့မျက်နှာ ချက်ချင်းတည်သွားကာ၊
ကားကိုအရှိန်မြင့်လိုက်သည်။နီးစပ်ရာဆေးခန်းတစ်ခုခုကို အမြန်ဝင်မှဖြစ်မှာမို့ လက်ကနာရီကို
ပင့်ကြည့်ရင်း တချို့ဖြတ်လမ်းတွေက ကျော်ခွမောင်းလိုက်သည်။

''ဟင်...ဘာလို့ရပ်လိုက်တာလဲ...''

ကားက လမ်းချို့ကွေ့ရဲ့ တစ်နေရာမှာရပ်သွားသည်။ ဂုဏ်ရောင်က သူမရဲ့ခါးပတ်လေးကို ဖြုတ်ပေးပြီး။

''ဆင်းလေ...ဆေးခန်းဝင်ပြရအောင်...''

''ဟာ...ကိုကြီးကလည်း..ဘာလို့ပြရမှာလဲ''

အမှန်အကန် ဗိုက်ထဲ အောင့်နေတာပေမဲ့ ဆေးခန်းဝင်မပြချင်ပါ၊တော်ကြာ ဆေးထိုးလိုက်မှ ဒုက္ခ။ ငယ်ငယ်တည်းက ဆေးထိုးရမှာ ကြောက်တဲ့မိုင်လေးသည် အရမ်းဖျားရင်တောင်ဆေးခန်းပြခဲ့တာမရှိ။

''မရဘူး..မပြလို့မရဘူး...''

သူ ပြောရင်း ကားတံခါးဖွင့်ဆင်းကာ ဟိုဘက်ကမိုင်လေးကိုသွားခေါ်လိုက်သည်။

''ဆင်းကွာ...သည်းငယ်ကလည်း၊ရောဂါဖြစ်ရင်မပြဘဲနေလို့ရမလား...''

''ကိုကြီး....''

မျက်ဝန်းဖျော့ဖျော့လေးနဲ့ အကြောက်အကန်ငြင်းနေတဲ့ သူမလေးကို တစ်ချက်ကြည့်ရင်း၊လက်မောင်လေးကိုလှမ်းဆွဲကာ ကားအောက်ဆင်းခိုင်းလိုက်သည်။

''အူအတက်ဆိုရင် အသက်အန္တရာယ် ရှိတယ်...
အဲ့ဒါကြောင့် ပေါ့လို့မရဘူး...လာ..''

''ဟင်...မဟုတ်တာ...''

မိုင်လေး ဘယ်လိုငြင်းငြင်း နောက်ဆုံးတော့ဆေးခန်းထဲအတူရောက်လာရသည်။
အကုန်စမ်းသပ်ပြီးတော့ ရိုးရိုးလေအောင့်တာပြောပြီး ဆေးတော့မထိုးခံရပေ။ဆေးမထိုးခံရပေမဲ့ အိမ်ပြန်လမ်းတစ်လျှောက် ကိုကြီးရဲ့ပွစိပွစိပြောတာခံခဲ့ရသည်။ညစာ မစားလို့ဖြစ်တာဆိုပြီးသူများကို ဆူနေလိုက်တာ အဖိုးကြီးအတိုင်း။
.
.
.

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now