အခန်း၄(U/Z)

16.9K 479 5
                                    

(unicode)

''ဒုန်း..ဒုန်း...''

အိပ်နေရင်းမှ တံခါးကို ထုနေတဲ့ဆူညံသံကြောင့် မိုင်လေးရဲ့မျက်လုံးလေးတွေ ပွင့်လာရသည်။အပျင်းကြောလေးဆန့်ရင်းနဲ့ စိတ်ရှုပ်စွာ ဆံပင်တွေကို ထိုးဖွပြီး၊ ခုတင်ပါ်က ဆင်းလိုက်သည်။

''ဒုန်းး...''

ဂုဏ်ရောင် တံခါးကို ဒုန်းခနဲ တစ်ချက်ထပ်ထုလိုက်ပြီး မျက်ခုံးထူထူကို တွန့်ချိုးကာ လက်ကနာရီကိုမြှောက်ကြည့်လိုက်သည်။အချိန်အားဖြင့် မနက်၈နာရီထိုးဖို့ ၅မိနစ်သာလိုတော့သည်။ဒါကိုအခုထိ အခန်းထဲမှာ တုပ်တုပ်မလှုပ်တဲ့ သူမလေးကြောင့် လာနှိုးရခြင်းဖြစ်သည်။မိန်းကလေးဖြစ်ပြီး မနက်စာလေးဘာလေးပြင်ဆင်မယ်မရှိဘဲအိပ်နေလိုက်တာ အပူပင်ကင်းစွာနဲ့ မိန်းမပီသပေသည်။

''ကျွီ....''

အခန်းတံခါးဖွင့်သံနဲ့အတူ အိပ်ချင်မူးတူးရုပ်လေးနဲ့  မပွင့်သေးတဲ့မျက်လုံးတွေနဲ့ သူ့ကိုမြင်မှပြူးပြဲကြည့်သည်။

''မိန်းကလေးဖြစ်ပြီး အအိပ်ကြီးရသလား''

''ဟာ..အခုမှ အစောကြီးရှိသေးတာလေ ''

''ဘာကို စောတာလဲ..နာရီကြည့်အုံး မမချော ''

''အဲ့ဒါပြောမလို့လား''

''ဟာ..ဟေ့''

စကားမဆုံးသေးဘဲ တံခါးပြန်ပိတ်သွားတဲ့ သူမလေးကြောင့် ဒေါကန်သွားရသည်။စေတနာကို
နားမလည်ဘဲ တံခါးပြန်ပိတ်သွားတာတောင် ဆောင့်ဆောင့်အောင့်အောင့်မို့ ဆက်မပြောတော့ဘဲ အခန်းရှေ့ကလှည့်ထွက်လာလိုက်သည်။

တံခါးပိတ်ပြီးတာတောင် မိုင်လေးရဲ့မျက်နှာလေးရဲနေရသည်။ဟိုဘက်က သတိမထားမိပေမဲ့ကိုယ်ဝတ်ထားတာက အတွင်းဝတ်မပါဘဲ၊ညဝတ်ပါးပါးလွှာလွှာလေးဖြစ်သည်။ ကိုကြီးမမြင်သွားလောက်ပါဘူးဟု တွေးရင်း ကိုယ့်ဘာသာစိတ်သက်သာရာရအောင် ဖြည့်တွေးလိုက်သည်။

ဂုဏ်ရောင်သည် မနက်ပိုင်း အားကစားလုပ်ပြီးလို့ သူ့ကိုယ်ပေါ်မှာချွေးတွေစိုရွဲနေ၏။ ဒီလိုပိတ်ရက်ဆိုရင် အပြင်မှာမပြေးတော့ဘဲ အိမ်မှာရှိတဲ့ပြေးစက်ပေါ်မှာဘဲနာရီဝက်လောက် ပြေးမိသည်။ညကသောက်ထားတဲ့အရှိန်လည်းရှိတော့ စိတ်ထဲလန်းဆန်းသွားအောင်ဖြစ်သည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Donde viven las historias. Descúbrelo ahora