အခန်း၁၂(U/Z)

23.9K 437 0
                                    

အခုတလော စာမေးပွဲနဲ့ဆိုတော့ ကိုကြီးနဲ့ သိပ်ပြီးအကြည်တောင်မစိုက်ရပေ။မိုင်လည်း စာကျက်၊ကိုကြီးလည်းအလုပ်သွားနဲ့ မကြည်နူးအား။ဒါ့အပြင် အန်တီငယ်လည်းရောက်နေတာမို့ အနေအထိုင်က ပိုပြီးဆင်ခြင်ရသည်။ အန်တီငယ်ရေချိုးတဲ့အချိန်မျိုးတွေများ ကိုကြီးပြန်လာတာနဲ့တိုးရင် နှစ်ယောက်သား တိတ်တိတ်လေး အနမ်းသူခိုးလုပ်၊ပြီးရင် ရုပ်တည်လေးတွေနဲ့ နေကြတာဖြစ်သည်။သိသာသိစေ ၊မမြင်စေနဲ့ဆိုသလိုပေါ့။ဒါပေမဲ့ ခိုးတွေ့အရသာလေးက ပိုပြီးရင်ခုန်ဖွယ်ကောင်းကာ သူမကတော့သဘောကျသည်။

''တစ်ဘာသာကျန်ခါမှ ၂ရက်ပိတ်နေတော့ ဆန့်တငင့်ငင့်နဲ့နော်...အန်တီငယ်''

''အားတင်းထားပါ..ခလေးရယ်၊ပြီးတော့စာကျက်ချိန်ပိုရတာပေါ့...မဟုတ်ဘူးလား...''

''ဟုတ်တော့..ဟုတ်ပါတယ်၊မိုင်က မြန်မြန်ပြီးချင်တာသိလား..စာမေးပွဲဆို စိတ်ရှုပ်လွန်းလို့...''

မနက်စာဝိုင်းမှာ ကော်ဖီနဲ့မုန့်စားနေရာမှ မိုင်က
ပွစိပွစိနဲ့ ရေရွတ်သည်။အန်တီငယ်က စျေးသွားမလို့ ပြင်ဆင်ရင်း ပြောသမျှ ဒိုင်ခံဖြေရှင်းသည်။

''ဒီနေ့ ခလေးတို့နှစ်ယောက်ကို သေချာချက်ကျွေးမလို့...အန်တီငယ် စျေးသွားအုံးမယ် ''

''ဟုတ်..ဆိုက်ကားနဲ့သွားနော်...အန်တီငယ်''

''အင်းပါ..ခလေးရဲ့၊ စိတ်မပူနဲ့နော်..''

စျေးက ရက်ကွက်ရဲ့ဟိုဘက်ထိပ်မှာမို့ အန်တီ့ငယ်ကို သေချာမှာရသည်။ပုံမှန်ဆို အဖော်လိုက်မှာပေမဲ့ ကိုယ့်အကြောင်းနဲ့ကိုယ်မို့ လိုက်ဖို့ စကား မဟရဲပေ။

''ဒါဆို..အန်တီငယ် သွားတော့မယ်၊စားချင်တာရှိလည်း ဖုန်းလှမ်းဆက်''

''ဟုတ်..အန်တီငယ်..အေးဆေးဝယ်နော်''

''အေးအေး..ခလေး''

အန်တီငယ်ကို တံခါးဝနားအထိ သေချာလိုက်ပို့သည်။ဓာတ်လှေကားထဲ ဝင်သွားမှ မျက်နှာလေးပြုံးကာ တံခါးကို လော့ခ် ချထားလိုက်သည်။အလုပ်သွားဖို့ ဒီအချိန်မှာ ပြင်နေတဲ ကိုကြီးကိုသတိရသွားပြီး အခန်းရှေ့ကို ပြေးလိုက်သည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now