(unicode)
''Ring...Ring....''
ဆူညံနေတဲ့ ဖုန်းသံကြောင့် မိုင်လေး နိုးသွားရသည်။ကိုင်မလို့ ကိုယ်ကို နည်းနည်းကြွလိုက်တော့နည်းနည်းမှ လှုပ်လို့မရဘဲ မော့ကြည့်လိုက်တော့ ကျိုကွီးရဲ့ရငျခှငျကယြျကွီးထဲမှာ နစ်မြှုပ်နေပြီး တစ်ကိုယ်လုံး နွေးထွေးနေ၏။
''ကိုကြီး...''
မိုင်လေး တိုးဖွဖွနှိုးလိုက်ပေမဲ့ နိုးမလာတော့ အတင်းရုန်းထွက်လိုက်သည်။
ဂုဏ်ရောင်လည်း အိပ်နေရာမှ သူမလေးဘက်က လှုပ်လှုပ်ရွရွဖြစ်တော့ နိုးသွားရတော့သည်။
''ဟင်...သည်းငယ်..''
''အင်း...ခဏလွှတ်အုံး...ဖုန်းလာနေတယ်''
''ဖုန်းလာနေတာလား.... အစောကြီးကို''
''ဟုတ်တယ်....မိုင် ကိုင်လိုက်အုံးမယ်....''
တရေစပ် ဆူညံနေတဲ့ ဖုန်းသံကြောင့် ဂုဏ်လည်း ထထိုင်မိကာ ဆံပင်တွေထိုးဖွလိုက်သည်။နံရံကနာရီကို ကြည့်လိုက်တော့ မနက်၄နာရီသာရှိသေးသည်။
''ဟင်...အန်တီငယ် ဆက်တာ ကိုကြီး''
''ဟုတ်လား...ဘာဖြစ်လို့လဲမသိဘူး...''
ဖုန်းစခရင်လ်ကို ကြည့်ပြီး နှစ်ယောက်သား
အကြည့်ချင်းဆုံလိုက်သည်။ဒီချိန်ကြီး ဆက်ပုံထောက်ရင် အကြောင်းအရာ တစ်ခုခုရှိလောက်မည်။ညက ဂုဏ်ရောင်ဖုန်းက silentလုပ်ထားတော့ မိုင်လေးကိုဆက်တာများလား....။''ပေး...ကိုယ် ကိုင်လိုက်မယ်...''
မျက်လုံးလေးဝိုင်းပြီး စဥ်းစားနေတဲ့ သူမရဲ့လက်ထဲကနေ ဖုန်းလှမ်းယူလိုက်သည်။
''ဟလို...''
''သား...သား...ဂုဏ်ရောင်လား...''
ဟိုဘက်က အငိုသံနဲ့မို့ ဂုဏ်ရောင် မျက်မှောင် ကြုတ်လိုက်မိသည်။ လှိုက်ခါနေသော အန်တီငယ်ရဲ့အသံသည် ဝမ်းနည်းပက်လက်နဲ့ဖြစ်ပြီး အပြင်မှာလည်း သည်းထန်စွာ ငိုကြွေးနေပုံ။
''အန်တီငယ်...အန်တီငယ်..ဘာဖြစ်လို့လဲ၊ ကျွန်တော်ပြောတာ ကြားရဲ့လား''
''အဟင့်..ဟင့်..အီး...သား.. သားအမေ မရှိတော့ဘူး...''
''ဗျာ...ဘာပြောတာလဲ...အန်တီငယ်..မေမေ့ကိုပြောနေတာလား...မေမေ ဘာဖြစ်လို့လဲ''