အခန်း၃၆(U/Z)

15.6K 269 1
                                    

အခန်း၃၆

တစ်ပတ်အတွင်းမှာ တောင်ကြီး၊အင်းလေးအပြင်ကိုကြီးသူငယ်ချင်းနဲ့အတူ ပင်လောင်းမြို့ကိုပါသွားရောက်လည်ပတ်ခဲ့သည်။ ထိုအိမ်လေးမှာအနားယူရင်းနဲ့ ပျော်စရာကောင်းတဲ့ခရီးစဥ်လေးတစ်ခု ဖြစ်ခဲ့လို့ အမြဲတမ်း အမှတ်ရနေမှာကျိန်းသေသည်။ နောက်နှစ်အခါလည်း သွားလည်ချင်သေးတယ်ဟု မိုင်လေးကတော့ ထိုမြို့ကထွက်တာနဲ့ ကိုကြီးကိုပူဆာမိသည်။

''နောက်ဆုံးတော့လည်း ဒီဘူတာလေးပဲ ပြန်ရောက်လာတာ''

''အသံလေးကလည်းကွာ...''

Taxiပေါ်မှ အထုပ်ချပြီး တိုက်ရှေ့မှာ ခြေစုံရပ်လိုက်တာနဲ့ စိတ်ပျက်ညည်းညူတဲ့ သူမရဲ့အသံလေးက ထွက်လာသည်။ဂုဏ်ရောင်က ခပ်တိုးတိုးရယ်ရင်း အထုပ်တွေဆွဲကာ တိုက်ထဲဝင်သည်။နောက်ကလှုပ်လီလှုပ်ပဲ့နဲ့ မိုင်လေးက
လိုက်လာသည်။

ဓာတ်လှေကားဖြင့် တက်ခဲ့ပြီး ကိုယ်ပိုင်တိုက်ခန်းလေးသို့ ရောက်လာကြသည်။အိမ်ထဲရောက်တယ်ဆို အထုပ်တွေချပြီးတာနဲ့ မိုင်လေးကတော့ဂါဝန်ပွပွလေးတစ်ထည် အရင်လဲဝတ်ပြီး၊ခြေလက်ဆေး၊ဆံပင်ဖြီးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အရင်လုပ်လိုက်သည်။ သူမလိုပင် ကိုကြီးကလည်း အနီကွက်စိပ်ပုဆိုးနဲ့ ခဲရောင်တီရှပ်ကို လဲဝတ်သည်။

''ဒီနေ့တော့ ဆိုင်ကပဲ ဝယ်စားကြမယ် ကိုကြီး''

''အင်း...သည်းငယ်ကြိုက်တာ မှာလိုက်''

''ဟုတ်..''

ဂုဏ်ရောင်ကတော့ ရောက်တာနဲ့အကြွေးထားခဲ့တဲ့အလုပ်ကို အရင်ကြည့်ရသည်။လက်တော့ဖွင့်ပြီး စာရင်းဇယားဖိုင်တွေဖွင့်ပြီး သေချာစစ်ရတော့သည်။

''ကိုကြီး...deliဆက်ရင် ပြောနော်၊မိုင် အဝတ်တွေလျှော်စက်ထဲသွားထည့်မလို့''

သူ ကြည့်လိုက်တော့ ခရီးဆောင်သေတ္တာအိတ်ထဲက အဝတ်တွေ ထုတ်နေတာဖြစ်သည်။

''ထားလိုက်ပါ...နောက်ရက် ဆိုင်ပို့လို့ရတာပဲ''

''ဟင့်အင်း...မိုင်လည်း အားနေတာပဲ..ရတယ်''

ဖုန်းကို သူ့စားပွဲပေါ်လာတင်ပြီး အခန်းထဲကအဝတ်တွေပိုက်ပြီးထွက်သွားသည်။အရင်လို မဟုတ်တော့ဘဲ အိမ်ထောင်မှုနိုင်နင်းလာတဲ့
ချစ်ရတဲ့အသည်းလေးကို လှမ်းကြည့်ရင်း
စိတ်ထဲမှာတော့ ကျေနပ်သွားမိသည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now