အခန်း၆(U/Z)

18.8K 499 7
                                    

(unicode)

''တောက်!!..''

နာရီကို ကြည့်၍ ဂုဏ်ရောင် တောက်ခေါက်လိုက်သည်။စောင့်နေတာ နာရီဝက် မကတော့ပေ။မိုးလင်းတည်းက ဗရုတ်သုတ်ခနဲ့ ဘာတွေပြင်နေမှန်းမသိ၊ဒါတောင် ဒီမနက် ကော်ဖီကအစ သူဖျော်ပေးထားတာဖြစ်သည်။မိန်းကလေးဖြစ်ပြီးဝီရိယ မရှိတာကလည်း အတော်စိတ်ပျက်ဖို့ကောင်းသည်။

''ပြီးပြီ..အဟင်း....''

မိုင်က အခန်းထဲက ထွက်လာရင်း စိတ်တိုနေတဲ့သူ့ကို မချိသွားဖြဲပြလိုက်သည်။ရုပ်ချောပေမဲ့ မျက်မှောင်ကြီးတွန့်ထားရင် ကိုကြီးရဲ့ပုံစံက ကြောက်စရာမို့ အနည်းငယ်လန့်ရသည်။

''မပြီးသေးရင် ခြေထောက်က ဆွဲသွားမလို့.
ထွက်လာတော့လည်း ဒီရုပ်ကို ဘာတွေပြင်နေတာလဲ''

''ဒီမှာလေ...ဒီမှာ...''

သူရှေ့မှာ ခန္ဓာကိုယ်လေးကို တစ်ပတ်လှည့်ပြပြီး၊ဟန်ပါပါ ရပ်ပြသည်။ ဂုဏ်က မျက်မှောင်ကုတ်နဲ့စိတ်ရှုပ်စွာ ကြည့်ရင်း။

''ဘာလဲ...''

''အင်္ကျီ ဇစ်ဆွဲမရလို့...တိုင်ပတ်နေရတာ..''

ဟိုအိမ်မှာ နေတုန်းက ဒီလိုအသေးအမွှားကိစ္စကအစ အန်တီငယ်က လုပ်ပေးတော့ မိုင်လေးအတွက် အေးအေးဆေးဆေးဖြစ်သည်။ အခုများတော့ တစ်ယောက်တည်း ပတ်ချာလည်နေကာ၊အန်တီငယ်ကို သတိတောင်ရလာသည်။

''ဝတ်စရာက ရှားတာကိုး..''

''ကိုကြီးနော်...သူ့လည်း ဘာမှမလုပ်ခိုင်းဘဲနဲ့..''

''လုပ်ပေးစရာလား..ခင်ဗျားရဲ့ ကိစ္စအဝဝကိုတာဝန်ယူနေရအောင် ငါက မင်းရဲ့အတွင်းရေးမှုးမဟုတ်ဘူး....''

မိုင်လေးက ဆင်စွယ်ရောင် မြန်မာဝတ်စုံလေးဖြင့်ဆံပင်လေးတွေကို ဖာလျားလေးအတိုင်း ချထားပြီး ရှေ့ထိပ်လေးမှာ ကလစ်ပုစိလေးတွေနဲ့သိမ်းတင်ထားတော့ နဖူးပြေပြေလေးက ထင်းနေ၏။
ပင်ကိုယ်အသားရေကောင်းသူမို့ နို့ရည်လေးလူးပြီး twowayလေး နည်းနည်းပုတ်လိုက်တာနဲ့မျက်နှာလေးက ပြီးပြည်စုံသွားကာ နှုတ်ခမ်းဖူးဖူးလေးကို အရောင်ပြေလေး နည်းနည်းတင်ပြီးတာနဲ့ နှုတ်ခမ်းရဲရဲထွေးထွေးလေးက နုရဲဖူးနေ၏။အထွေးအထူး သျိပျမပွငျဆငျထားပမေဲ့ နုဖက်နေတဲ့ သူမရဲ့ပုံလေးက ချစ်ဖို့ကောင်း၏။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now