အခန်း၁၅(U/Z)

38.8K 440 8
                                    

(unicode)

ဂုဏ် စီးကရက်သောက်ရင်း ခဏခဏပြုံးမိနေတော့သည်။ဟိုဘက်အခန်း၊ဒီဖက်အခန်းကို စာနဲ့စကားပြောနေတဲ့ သူတို့အဖြစ်ကြောင့် ဖြစ်သည်။လက်ကလေးက စက်တပ်ထားသလားအောင့်မေ့ရတယ်၊ဂုဏ်ရိုက်တဲ့စာကြောင်း၂ကြောင်းဆိုရင်သူမက ၆ကြောင်းလောက်ရှိမည်။

''ဟွန်း..ရူးတော့မယ်ကွာ..''

မိုင်လေးက ဝတ်ထားတဲ့ လက်တစ်လုံးဂါဝန်အတိုလေးနဲ့ ပုံလေးရိုက်ပို့သည်။ တင်ပါးဖောင်းဖောင်းလေးကို ပို၍ထင်အောင် ကောက်ပြထားသေးတော့ ဂုဏ်ရဲ့စိတ်တွေပိုပြီးမငြိမ်မသက်ဖြစ်နေရတော့သည်။ရင်ဘက်လေးကလည်း အဝိုက်လေးနဲ့မို့ ဖြူနုနေတဲ့ ရင်ညွှန့်လေးတွေက သူ့ကို မြူစွယ်နေ၏။ပြီးတော့ အောက်နှုတ်ခမ်းလေးကို ကိုက်ကာ၊ရီဝေဝေ စိုက်ကြည့်နေတဲ့ သူမရဲ့မျက်လုံးလေးတွေကြောင့် အသက်ရှုတောင်မှားချင်ရသည်။

''ကိုယ့်သည်းငယ်လေးက အရမ်းလှနေတော့
ရင်တွေခုန်နေတာ ထိန်းလို့မရတော့ဘူး...''

''အဲ့ဒါဆို လာတော့လေ...''

''အင်း...အခုလာခဲ့မယ်''

မိုင်လေးက စာပြန်ပို့နေရင်း ရင်ခုန်စိတ်လှုပ်ရှားနေရတော့သည်။ အိပ်ယာထဲမှာ မှောက်ရက်လေးလှဲနေရင်းမှ ကိုကြီးကို စောင့်နေလိုက်သည်။

ဂုဏ်ရောင်က အခန်းတံခါးကို အသာဖွင့်လိုက်ရင်း အပြင်ကို မသိမသာရှိုးလိုက်သည်။ အချိန်က
ည၁၀နာရီမို့ အပေါ်ကို ဘယ်သူမှတော့ တက်မလာလောက်တော့ဘူးဟု တွေးကာ၊မျက်နှာချင်း ဆိုင်အခန်းကို ဖွင့်လိုက်သည်။

''ကျွီ....''

သူမရဲ့အခန်းထဲရောက်တယ်ဆို တံခါးlockအရင်ချထားလိုက်သည်။ ထို့နောက် ခုတင်ပေါ်တွင် လှဲနေတဲ့ သူမလေးဆီကို အမြန်လျှောက်သွားလိုက်သည်။အခန်းထဲဝင်လိုက်တာနဲ့ ရင်ခုန်ရသော သူမရဲ့ကိုယ်သင်းရနံ့လေးက မွှေးကြိုင်လျက်
ရင်ခုန်သံတွေ ဆူညံလာရတော့သည်။

''အရမ်းလှတယ်ကွာ...''

မှောက်ခုံလေးမို့ သူမရဲ့ပြည့်တင်းသွယ်လျသောခန္ဓာကိုယ်အချိုးအစားက သူ့ကိုမျက်စပစ်နေသည်။ခပ်တိုးတိုးပြောပြီး မီးချိန်းရမည်ဟု တွေးရင်း မီးခလုတ်ဆီသွားလိုက်သည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Tahanan ng mga kuwento. Tumuklas ngayon