အခန်း၃(U/Z)

18.1K 534 11
                                    

(unicode)

''ဒါလေးတွေက ညဝတ်သီးသန့်ချည်းဘဲ...''

''ဟုတ်..''

မိုင်လေးက ခုတင်ပေါ်မှာ ဖြစ်သလိုလှဲချကာ၊
ဘီရိုနှစ်လုံးမှာ အဝတ်အစားတွေ သေချာထည့်ပေးနေတဲ့ အန်တီငယ်က ပြောလည်းပြောထည့်လည်းထည့်နဲ့ ဖျက်လက်နေ၏။ သူမက ဖုန်းသုံးနေရင်းမို့ အန်တီငယ်ရဲ့ အသံကြားတာနဲ့ ပါးစပ်က တော့ ''ဟုတ်''လို့ပြောနေပေမဲ့ အာရုံက ဖုန်းဆီမှာဖြစ်သည်။

''ခလေး...အဲ့ဒါကို ခဏထားပါအုံး၊ တော်ကြာ ရှာမရဘူးဖြစ်မယ်...လာကြည့်''

''လာပြီ..လာပြီ...ခဏလေး..အန်တီငယ်ရဲ့''

မိုင်လေးက chatနေရင်းမို့ ဟိုဘက်က စကားပြောနေတဲ့ ကောင်လေးပုံပို့မယ်ဆိုလို့ ၊စိတ်ဝင်စားစွာ စောင့်နေတာဖြစ်သည်။အန်တီငယ်ကို ပြောပြီးတာနဲ့ ပြန်ပို့လာမဲ့ပုံကို စိတ်ဝင်စားစောင့်စားနေလိုက်သည်။

''ကလောင်!!''

''ဟင်..အမလေး...''

ပို့လာတဲ့ ပုံကိုကြည့်ပြီး မျက်နာလေး မဲ့ပစ်လိုက်ပြီး အသံလေးပါ တိုးတိုးလေးထွက်သွားရသည်။လူကို အထာတွေပေးပြီး အီစီကလီလေးနည်းနည်းပြန်လုပ်နေပေမဲ့ အခုပုံကို ကြည့်ပြီး ချက်ချင်းblockတန်းလုပ်ပစ်လိုက်သည်။ နဖူးကျယ်ကျယ်အသားမည်းမည်းနဲ့၊အရပ်က ခပ်ပုပု
သွားကလည်း မဆိုသလောက်ခေါသေး။တွေးရင်း ကြက်သီးတောင် ထရသည်။

''ငါ့အချိန်တွေတောင် ပုပ်ပါပြီဟယ်...''

ဖုန်းကို ပိတ်ပစ်လိုက်ပြီး အခုမှနောင်တကြီးစွာ
ရေရွတ်သည်။စကားပြောပုံ မဆိုးဘူးဆိုပြီး လက်ခံစကားပြောနေတာ ညဦးကတည်းက။အခုမှ အလေလိုက်ခဲ့တဲ့အချိန်တွေကို နှမျောသွားရသည်။

''ပြီးရင်...လာပါအုံး...ခလေးရဲ့..''

''ဟုတ်...ဟယ်..ဒါလေးတွေက မေမေဝယ်လာတာလား....''

''အင်းလေ..ခလေး...''

ချစ်စရာmickeyရုပ်လေးတွေပါတဲ့ ညဝတ်အင်္ကျီဝမ်းဆက်လေးတွေက ချစ်စရာလေးတွေ၊ဂါဝန်လေးတွေလည်း ပါသေးသည်။ရယ်ဒီမိတ်အင်္ကျီတွေလည်းအများကြီးမို့ အတော်သဘောကျသွားရသည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Tempat cerita menjadi hidup. Temukan sekarang