အခန်း၁၇(U/Z)

21.8K 380 6
                                    


(unicode)

ရန်ကုန်ကို ပြန်ရောက်လို့ ဒီနေ့ prewedding photo ရိုက်ကြသည်။ ရောက်ကတည်းက အလုပ်ပြေးရတာတစ်မျိုး၊မင်္ဂလာကိစ္စအတွက် ဝတ်စုံကိစ္စတစ်မျိုးနဲ့ မပြီးနိုင်တော့တာက ဒီနေနဲ့ဆို ၃ရက်ပြည့်ပြီ။

''သဘောကျလိုက်တာ...ကိုကြီးရယ်...''

နှစ်ယောက်သား ဓာတ်ပုံတွေရိုက်ပြီး ထွက်လာတော့ အချိန်က နေစောင်းတော့မည်။ကားပေါ်မှာအတူထိုင်ဖြစ်ကြရင်း ကြည်နူးကာပြုံးပျော်နေတဲ့သူမရဲ့ မျက်နှာလေးက ကြည်လင်နေ၏။သူ့လက်မောင်းကို ပါးပြင်လေးနဲ့ဖွဖွအပ်ကာ ပြောတော့ ကားမမောင်းဖြစ်သေးဘဲ သူမရဲ့နားသပ်စလေးကို ဂုဏ်ရောင်က ငုံ့နမ်းရင်း ...။

''မမောဘူးပေါ့...ဟုတ်လား...''

''မောစရာလား...ကိုကြီးရဲ့..အရမ်းပျော်တယ်''

မိုးလင်းကတည်းက အလှပြင်ပြီး၊ဝတ်စုံမျိုးစုံနဲ့
ရိုက်နေရတာကို ပင်ပန်းတယ်တစ်ချက် မညည်းဘဲ ပျော်တယ်ဆိုတော့ သူ ရယ်လိုက်သည်။

''ယုံပါတယ်...ဒီမျက်နှာလေးကို ''

မိတ်ကပ်တွေဖျက်လာတော့ နုရဲနေတဲ့ မျက်နှာလေးကို စူးစိုက်ကြည့်ရင်း ပါးပြင်မွှတ်မွှတ်လေးကို လက်နဲ့အသာအယာပွတ်သပ်ရင်းနဲ့ ချစ်စိတ်တွေ ဝေနေရသည်။သေချာကြည့်လေ သူမရဲ့မျက်တောင်ကော့ကော့လေးတွေနဲ့ နက်ထင်းနေသောမျက်ခုံးတန်းလေးတွေက ချစ်စရာ။

''ကိုကြီး...ကားမောင်းလေ...''

''အင်း...အိမ်ရောက်ချင်ပြီလား...''

''မဟုတ်ပါဘူး...ကားပေါ်တက်ပြီး၊ မမောင်းသေးတော့ သူများတွေ တစ်မျိုးထင်မှာဆိုးလို့''

''ထင်စရာလားကွ...သည်းငယ်ကလည်း''

ဂုဏ်ရောင်က သူမရဲ့နှာခေါင်းလေးကို လိမ်ဆွဲရင်းခပ်တိုးတိုးရယ်လိုက်သည်။ပြီးမှ ကားစတီယာကိုင်ပြီး မောင်းထွက်လိုက်သည်။

''ချစ်ဖို့ကောင်းလို့ ...အဟွန်း...''

သူ နှာခေါင်းလိမ်ဆွဲတာကို ဘုကြည့်ပြန်ကြည့်နေသော သူမလေးကို ဖြေရင်း ကားထဲမှာသီချင်းသံကို ခပ်ကျယ်ကျယ်ဖွင့်လိုက်သည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now