အခန်း၇(U/Z)

20.4K 517 11
                                    

(unicode)

၂လခန့်ကြာသော်။

''ကိုကြီး..ကိုကြီးရေ....လာပါအုံး..ဟင့်...''

ငယ်သံပါအောင် တက်မတက်အော်ခေါ်နေတဲ့အသံကြောင့် ချွတ်ပြီးကိုင်ထားတဲ့ အင်္ကျီကို တွေ့ရာပစ်ပေါက်ကာ သူမရဲ့အခန်းထဲကို ပြေးဝင်မိသည်။အထဲရောက်တော့ သူမရဲ့ဖြစ်နေတဲ့ပုံက ငါးရံ့ပြာလူးနေသလိုနဲ့ ဘာဖြစ်နေမှန်းမသိ။

"ကိုကြီး..လာ..လာပါအုံး"

''ကျွတ်...''

မြင်လိုက်ရသော ပုံစံကြောင့် သူ ကျစ်သပ်မိသည်။ သဘက်အဖြူလေးတစ်ထည် ရင်လျားထားပြီး၊ဘာမှတွေးတောပုံမရဘဲ အထဲကို ခေါ်သွင်းလိုက်တဲ့ ငတိမက ဘီရိုထဲကို လက်ညိုးထိုးပြီး သူ့အနားကို ကဆုန်ပေါက်ပြေးလာသည်။ ဂုဏ်ရောင်ရဲ့ခန္ဓာကိုယ်မှာလည်း အပေါ်ပိုင်းဗလာဖြစ်လျက်၊ဂျင်းဘောင်းဘီတစ်ထည်သာရှိသည်။မတင့်တော်တဲ့ အနေအထားမို့ သူ မျက်နှာခပ်လွှဲလွှဲနဲ့အပြင်ထွက်ဖို့ပြင်လိုက်သည်။

''ဟာ..ခေါ်ပါတယ်ဆိုမှ..ဘယ်ပြန်ထွက်မလို့လဲ''

''ဘာလဲကွာ..ခေါ်ရင်လည်း အင်္ကျီလေးဘာလေးဝတ်ထားပါလား...''

ဖွေးနုဝင်းထိန်နေတဲ့ ပခုံးသားလေးတွေ၊သွယ်လျနေတဲ့ ပေါင်တံဖြူဖြူလေးတွေကြောင့် ဂုဏ်က
အကြည့်တစ်ချက်ရောက်ပြီး ဆံပင်သပ်၍ မျက်နှာပူစွာပြောသည်။သူမကတော့ အေးဆေးနေပေမဲ့ သူ့မျက်နှာကတော့ ဖိန်းရှိန်းနေရတာ၊ရေနွေးငွေ့အဟပ်ခံနေရတဲ့အတိုင်းဖြစ်နေတော့သည်။

''ဝတ်ချိန်ကို မရှိတာ..သေနာပိုးဟပ်ကြောင့်..
ဟင့်..လုပ်ပါ..ကိုကြီးရဲ့..ဖမ်းပြီး ပစ်ပေးပါ...''

''တောက်!!..ဖမ်းပြီးမှ ခေါင်းပေါ်ကို တင်ပေးမယ်
အလုပ်ကို ရှုပ်နေတာဘဲ...''

ဂုဏ်ရောင်က စိတ်မရှည်တက်သူပီပီ ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။မိုးလင်းမိုးချုပ် ပြသာနာတွေက ရှင်းလို့ကိုမပြီးနိုင်။

''တင်ကြည့်ပါလား...မေမေတို့နဲ့ လှမ်းတိုင်မယ်၊
ကိုကြီး..သပ်သပ်ယုတ်မာတာဆိုပြီး...''

''အဟွန်း..တော်တော် လုပ်ပေးဖို့ကောင်းတယ်''

ပိုးဟပ်က ဘီရိုရဲ့ လက်ကိုင်ကိုင်းနားမှာ သူတို့ကိုလန့်နေတာထင်သည်။ပြေးလည်းမပြေးသလို၊နှုတ်ခမ်းမွှေးတထောင်ထောင်နဲ့ လမ်းပျောက်နေပုံက သနားစရာ။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now