အခန်း၉(U/Z)

22.8K 494 5
                                    

(unicode)

ညက ရိုးသားစွာနဲ့ ကိုကြီးရဲ့အခန်းထဲမှာ အတူအိပ်ဖြစ်ကြသည်။ ကိုကြီးရဲ့ လက်ကဒဏ်ရာကို လည်း သူမကိုယ်တိုင်ဘဲ ဆေးထည့်ပေးခဲ့သည်။တစ်ညလုံး ကိုကြီးရဲ့ရင်ခွင်ထဲမှာ နွေးထွေးနေခဲ့ပြီး၊ နိုးလာတော့လည်း ရင်ခုန်သံတွေက လက် ဆက်နေ၏။

အိပ်ပျော်နေဆဲဖြစ်တဲ့ ကိုကြီးက အသက်ရှုနှုန်းသဲ့သဲ့ဖြင့် အခုထိတုပ်တုပ်မလှုပ်သေး။
မိုင်လေးရဲ့ကျောပြင်နဲ့ ကိုကြီးရဲ့
ရင်ဘက်က ထိကပ်နေပြီး နီရဲညိုပုပ်နေတဲ့ လက်က ဒဏ်ရာကိုကြည့်ပြီး၊ သူမမှာ စိတ်မကောင်းဖြစ်ရသည်။
.
.
.

အိတ်ကိုယ်စီနဲ့ ဒေါ်မြတ်လေးငယ်တို့ ညီမနှစ်ယောက် တိုက်ခန်းအပေါ်တက်ခဲ့သည်။မကြာခင်စာမေးပွဲဖြေတော့မဲ့ သမီးလေးအတွက် ဟင်းလည်း လာပို့ရင်း၊ မတွေ့တာကြာလို့ သတိရလို့လည်းဖြစ်သည်။

''တံခါးကြီးလည်း ပွင့်နေပါလား...''

''ဟုတ်ပဟယ်...သူခိုးဝင်နေမှဖြင့်...''

ညီမနှစ်ယောက် အသံတဆာဆာနဲ့ အိမ်ထဲဝင်လာလိုက်သည်။

''ဒီနေ့ သမီးငယ်လေးက ကျောင်းမသွားရဘူးထင်တယ်..အိပ်ယာမနိုးကြသေးပုံထောက်ရင်...''

တိတ်ဆိတ်နေတဲ့ တိုက်ခန်းကို ပတ်ချာလှည့်
ကြည့်ရင်း ဒေါ်ခင်လေးငယ်က မိုင်လေးရဲ့ အခန်းဆီ အရင်ဦးတည်သည်။

''ဟင်..မရှိပါလား...''

မွေ့ယာပေါ်မှာ ဟန်ဖုန်းလေးပဲတွေ့ပြီး လူပျောက်နေတဲ့အတွက် အံသြသွားရသည်။ အချိန်က ၈နာရီစွန်းစွန်း ရှိသေးသည်။

''မမ...ခလေးကိုလည်း မတွေ့ဘူး....''

''ရေအိမ်ဝင်နေမှာပေါ့..ခင်လေးရဲ့..''

''မရှိဘူး..မမရဲ့ ၊ အပြင်များသွားလားမသိဘူး
ဖုန်းကလည်း အခန်းထဲမှာ...''

''သားကို...သွားနှိုးကြည့်လိုက်မယ်..''

ဒေါ်မြတ်လေးငယ်က ဝတ်လာတဲ့အနွေးထည်ချွတ်ပြီးတာနဲ့ ဂုဏ်ရဲ့အခန်းဘက်ကို လျှောက်သွားလိုက်သည်။

''သမီးငယ် ....သား...''

အိပ်ယာထဲက အနေအထားကြောင့် လှည့်ပဲပြေးရမလိုလို၊ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ပေးစားပါမယ်ပြောတဲ့ကြားက ဒီအနေအထားထိ ဖြစ်နေတဲ့ အတွက် ဂုဏ်ရောင်ကို ဒေါသထွက်မိသည်။အကြီးဖြစ်ပြီး ညီမလေးအပေါ်မှာ စည်းမထားဘဲ
သူမမှာ ဒီလိုပုံစံမျိုးမြင်လိုက်ရလို့ ရင်ဘက်ဖိပြီး စကားတောင်မပြောနိုင်တော့ချေ။
.
.

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now