(unicode)
ဒီနေ့ စာမေးပွဲပြီးသောနေ့ဖြစ်သည်။အပြန်ကို ဂုဏ်ရောင်က လာကြိုပြီး အိမ်အတူပြန်နေကြတာဖြစ်သည်။
''ကိုကြီး...''
''ကိုယ်ပြောပြီးပြီလေ..မသွားရဘူးလို့...''
ညဘက်ရှိုးပွဲသွားကြည့်ချင်လို့ ပူဆာနေတဲ့ သူမနဲ့အပြတ်ငြင်းနေတဲ့ ဂုဏ်က ကားပေါ်မှာ အကြိတ်အနယ်ဖြစ်သည်။ဒီနေ့ စာမေးပွဲဖြေတာလည်း ပြီးသွားပြီမို့ မိုင်ကစိတ်လွတ်ကိုယ်လွတ်ပျော်ချင်မိသည်။
''သွားချင်တယ်လို့...''
''မရဘူး..ကိုယ်ခွင့်မပြုဘူးလို့ပြောခဲ့ပြီးသား''
မိုင်က မျက်မှောင်ကုတ်လေးနဲ့မကျေမနပ်ကြည့်ပြီး၊ နှုတ်ခမ်းလေးကို စူထားသည်။ သိပ်လက်ပေါက်ကပ်တဲ့ ကိုကြီးကို စိတ်တိုချင်လာရသည်။အန်တီငယ်က မနက်ကတည်းကပြန်သွားပြီး၊မိုင်တို့ကို နောက်ရက်မှ အေးဆေးပြန်လာကြဆိုပြီး မှာသွားသည်။ဒါကြောင့်night outလေးထွက်မလားမှတ်ရတယ်၊မသွားရဘူးပြာတဲ့
ကိုကြီးကြောင့် လူကအကျပ်ရိုက်သွားရသည်။''အဲ့ဒါကြောင့် ကိုကြီးကို မုန်းချင်တာ''
''ဘာ!..ဘာပြောလိုက်တယ်...မင်း...''
''ဟုတ်တယ်..ဟုတ်တယ်..ချုပ်ချယ်တဲ့လူကြီးကိုမုန်းတယ်...''
ဂုဏ်က ကားကိုလမ်းဘေးတစ်နေရာ ထိုးရပ်ပြီး၊သူမရဲ့ပခုံးသားလေးတွေကို ဖိဆုပ်ရင်း စူးစူးရဲရဲစိုက်ကြည့်သည်။
''ထပ်ပြောကြည့်စမ်း..မင်း...''
မုန်းတယ်ပြောလို့ ချက်ချင်းဆိုသလို မင်းတွေဘာတွေသုံးပြီး ဒေါသထွက်နေတဲ့သူ့ကို မိုင်ကလည်း ခပ်စူးစူးလေးပြန်ကြည့်လိုက်ကာ။
''အလကား..သူများဘဝကို ချုပ်ကိုင်ချင်နေတာ၊
ကိုကြီးကို မချစ်တော့ဘူး..မုန်းတယ်..ဟင့်''ပြောရင်း ပါးပြင်လေးပေါ်ကို မျက်ရည်တွေကျလာသည်။ဂုဏ် ကျွတ်ခနဲစုပ်သပ်ရင်း...
''ကလေးဆန်လွန်းတဲ့ မင်းကိုစိတ်မချတာ..အဲ့ဒါတွေ''
''ဟင့်အင်း...မထိနဲ့ဟာ...''
![](https://img.wattpad.com/cover/335837746-288-k901838.jpg)