(unicode)
အိပ်ယာနိုးတော့ မှန်ကြည့်ဖြစ်ရင်း ရင်ထဲမှာ နေ၍မကောင်းသော ခံစားချက်ကိုရလိုက်သည်။ပူပြင်းပြီးနေမထိထိုင်မသာမို့ အသက်ရှုတောင်ကြပ်ချင်ရသည်။ တစ်ခါမှ မည်သူတစ်ဦးတစ်ယောက်မျှမထိတွေ့ခဲ့တဲ့ သူမရဲ့နှုတ်ခမ်းဖူးဖူးလေးကို အကြမ်းပတမ်းနဲ့ ပထမဆုံးအကြိမ် စုပ်ယူနမ်းရှိုက်ခြင်းခံလိုက်ရတာ တွေးကြည့်လျှင်ရှက်ဖို့အရမ်းကောင်းသည်။ထိုသို့ အပြုအမူကိုလုပ်တဲ့သူကလည်း တစိမ်းမဟုတ်ဘဲကိုကြီးဆိုတဲ့သူဖြစ်လို့ ပိုလို့တောင်ဆိုးသည်။
''အဟင့်...လူယုတ်မာကြီး..''
ကိုယ့်နှုတ်ခမ်းလေးကို ကိုယ့်ဘာသာကိုင်ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်ရင်း မျက်လုံးဝိုင်းဝိုင်းလေးမှာ မျက်ရည်တွေဝိုင်းရသည်။ ဖြစ်ထားတဲ့အခြေအနေကြောင့် ကိုကြီးနဲ့မျက်နှာချင်းမဆိုင်ချင်ပေ။ အတက်နိုင်ဆုံးရှောင်နေရမည်ဟု တွေးရင်း သက်ပြင်းသဲ့သဲ့ချလိုက်သည်။
.
.
.
.''မိုင်လေး..''
''ဟင့်အင်း...ကိုကြီးနဲ့ စကားမပြောချင်ဘူး''
ထမင်းလည်းအတူမစား၊ မြင်တာနဲ့ရှောင်ပြေး သည်။တောင်းပန်လည်းမရ၊ခြောက်လည်းမရနဲ့ဂုဏ်ရောင် တစ်ယောက်တည်း တိုင်ပတ်နေ၏။ စနေ၊တနင်္ဂနွေပိတ်ရက်မို့ အတူရှိနေပြီး သူ့ဘက်က စကားအေးဆေးပြောမလို့ပြင်နေပေမဲ့ သူမလေးက လူကိုတွေ့တာနဲ့ ဘီလူးသရဲစီးသလို ဖြစ်နေသည်။ငိုထားတဲ့ပုံစံအတိုင်း သူမရဲ့မျက်နှာရဲရဲအစ်အစ်လေးကို ကြည့်၍ သူ့အပြစ်မကင်းဘူးဆိုတာ သိနေ၏။
''မရဘူး...လာခဲ့...''
''ဟာ..အသီးတွေပြုတ်ကျတော့မယ်...''
''ထားလိုက်စမ်းပါ..အရေးမပါတာတွေ..''
"အို..ဟင့်အင်း.."
"မရုန်းနဲ့ မင်းကို ဘာမှမလုပ်ဘူး"
"လွှတ်ပါ.."
ဂုဏ်က ဆွဲ၊သူမက ရုန်းနဲ့လက်ထဲက ပန်းသီးတွေပြုတ်ကျကုန်၏။ ပြီးတော့ ဆွဲခေါ်သွားတဲ့အတိုင်းဆိုဖာပေါ်ထိ အတူပါသွားရင်း..
''ဘာလို့..ကိုယ့်ကို ရှောင်နေတာလဲ..ပြော''
''ဘယ်မှာ..ရှောင်လို့လဲ...''