အခန်း၅(U/Z)

18.2K 510 6
                                    

(unicode)

''ကိုကြီး...''

ဂုဏ်ရောင်က ဆိုဖာအရှည်မှာ တစောင်းလှဲလျက်Tvကြည့်ရင်း စီးကရက်ဖွာနေတာဖြစ်သည်။ အချိန်က မနက်၁၀နာရီဝန်းကျင်မို့ ဟိုမရောက်ဒီမရောက်အချိန်ဖြစ်ပြီး ပျင်းရိဖို့ကောင်းသည်။အိပ်လို့လည်း မရတော့တာမို့ သူ တီဗွီကြည့်ရင်း အချိန်ဖြုန်းနေတာဖြစ်သည်။

''ပြော...''

ပုခုံးချိတ်ရုံကြိုးတစ်လုံးလေးနဲ့ အရှည်ကလည်းပေါင်တစ်ဝက်သာသာရှိတဲ့ အနီရဲရဲဂါဝန်လေးဝတ်လားသော သူမလေးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ရေချိုးလာလို့ထင်သည်၊မျက်နှာလေးက ဖြူနုနေကာ သူမရဲ့တစ်ကိုယ်လုံးသည် ဝင်းစက်နေ၏။မသိရင် ဘိုကပြားမလေးအတိုင်း အသားကတော့ တကယ်ဖြူကြည်နေ၏။

''KFCက ကြက်ကြော်မှာပေးပါလား....''

''လမ်းထိပ်မှာ CPကြက်ကြော်ရှိတယ်..သွားစား''

ဂုဏ်က မျက်တောင်စင်းနဲ့ ကြည့်လိုက်ရင်း ခပ်တင်းတင်းပြောလိုက်သည်။ခိုင်းတိုင်း လုပ်ပေးရင်အကျင့်ဖြစ်မှာဆိုး၏။

''ဟာ..အဲ့တာမစားချင်ပါဘူး..လုပ်ပါ..ကိုကြီးကလည်း..phနဲ့လှမ်းမှာလိုက်ပါ..နော်..နော်''

''ကျွတ်!...မင်းဖုန်း ရှိတယ်မလား...မိုင်လေး''

''ရှိတယ်လေ...မိုင်မှ မကျွမ်းတာ..ကိုကြီးရဲ့''

''သွားယူခဲ့..အခု ခင်ဗျားကို သင်ပြပေးမယ်...''

''ပြီးရော...ဒါလေးမှာခိုင်းတာကို ဖြစ်ပျက်နေ...စိတ်ပုပ်လိုက်တာ ရုပ်နဲ့မလိုက်''

ပြောသွားတာ ပွစိထသွားပေမဲ့ ဂုဏ်ရောင်က Tvဆီအာရုံရောက်နေလို့ သိပ်မကြားလိုက်။ ခဏအကြာမှ ဖုန်းတစ်လုံးနဲ့ ပြန်လာပြီး၊ သူ့မျက်နှာနားကို လာရပ်သည်။

''ကျွတ်..နောက်ဆုတ်စမ်းပါကွာ...''

''ဘာလဲ..ဖုန်းလာပေးတာလေ...''

သူ ငေါက်ခနဲအမြန်ထိုင်လိုက်ရသည်။ဖုန်းပေးတယ်ဆိုပြီး၊သူရဲ့မျက်နှာနားကို ရောက်လာတဲ့ ပေါင်တံလေးတွေနဲ့ ထိကပ်မိမနက်ဖြစ်သွား၏။ ဒီကောင်မလေး တစ်ခုခုလုပ်မယ်၊ပြောမယ်ဆို မစဥ်းစားတက်တာက အတော်ဆိုးသည်။ မနေ့ကလည်း ရေချိုးခံနီး သဘက်တစ်ထည်ပတ်ထားလျက် သူ့အခန်းထဲမှာ ကြက်မွှေးရှိမလားဆိုပြီး လာယူတာက အေးအေး လူလူ။လုပ်လိုက်ရင် ဇွတ်ဇွတ်တွေမလို့ ကြာရင်သူအသက်တိုမည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now