အခန်း၂၉(U/Z)

16.6K 299 3
                                    

(unicode)

''သေချာပါတယ်နော်....''

''တကယ်ပါဆို...ကတိပေးတယ်...''

''အင်းပါ....မနက်ဖြန် အန်တီငယ်လည်း ပြန်ရောက်မယ်ဆိုတော့ ကိုယ်စိတ်ချပါတယ်''

နေ့လည်၁၁နာရီလေဆိပ်ဆင်းရမည်။ဒါကို မိုးလင်းကတည်းက မှာနေလိုက်တာမပြီးနိုင်တော့ပေ။

''အန်တီငယ့်ကိုလည်း သေချာကိုယ်ပြောထားတာ၊လစ်ပြီး မထွက်ရဘူးနော်''

''ကိုကြီးရယ်...မိုင်လည်း ကလေးမဟုတ်ပါဘူး''

''ကလေးမဟုတ်လို့ စိတ်ပူနေရတာပေါ့ကွ''

''မသွားဘူးဆို တကယ်မသွားဘူး၊မိုင်က ပြောပြီးတဲ့စကားတည်ပြီးသားဘဲ''

''အင်း...ကိုယ့်သည်းငယ်အကြောင်း သိတာပေါ့''

အခုမှ ကျေနပ်သွားကာ ဂုဏ်ရောင်ရဲ့မျက်နှာပြုံးယောင်သမ်းသွားရသည်။

''ကိုကြီး...ဘာစားချင်သေးလဲဟင်...''

မိုင်က မိုးလင်းတည်းက အစားအသောက်အတွက် သူမဘာသာစီမံနေတာဖြစ်သည်။

''ရပါပြီ...ကိုယ်ဗိုက်ဝပြီ..''

''ဟုတ်လို့လား...မိုင် လုပ်ပေးတဲ့ ဆန်းဝစ်စ်ကြိုက်လားဟင်''

''ကြိုက်တာပေါ့..အသားရော ချိစ်ရောပါတော့စားလို့ကောင်းတယ်...''

''ဟီးဟီး...ဟုတ်...''

မိုင်လေးက ခေါင်းလေးညိမ့်ပြပြီး သဘောကျသွားရသည်။သူမ ဘာလုပ်ပေးလုပ်ပေး အမြဲတမ်းအားရပါးရ စားတဲ့အတွက် ကျေနပ်ရပါသည်။မကောင်းမကန်းလက်ရာလေးတွေကိုဂုဏ်ပြုပေးတာဆိုးလို့ ကိုကြီးသာရှိသည်။
.
.
.

အချိန်ကား မနက် ၉နာရီကျော်ကျော်။ ရေချိုးခန်းထဲမှာရေချိုးပြီး မကြာမှီလေဆိပ်ဆင်းရဖို့ ပြင်ဆင်ရမည်။

''ကျွီ...''

''လိမ္မာလိုက်တာကွာ...ကိုယ့်မိန်းမက''

''ကိုကြီးကလည်း...''

သူ ထွက်လာတယ်ဆို ခြုံပုဝါကြီးနဲ့ သူ့ကိုယ်လုံးကို လာသုတ်ပေးသည်။ အခုတလော အလိုက်တွေသိပြီး လိမ္မာနေတော့ လန့်တော့လန့်သား။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now