(unicode)
ဒီနေ့မြို့ကို ပြန်တဲ့နေ့ဖြစ်သည်။ မနက်စောစောမပြန်ဘဲ ရာသီဥတုလည်း ပူသောကြောင့် ကိုကြီးကညဘက်၁၀နာရီ ဝန်းကျင်မှ ရန်ကုန်က ထွက်မယ်ပြောတော့ အေးအေးဆေးဆေးဖြစ်သည်။
''သည်းငယ်..ရေချိုးတော့လေကွာ...''
အခုချိန်ထိ အိမ်နေရင်းဂါဝန်လက်တစ်လုံးအတိုလေးဝတ်ထားပြီး ဖုန်းတစ်လုံးနဲ့အချိန် ဖြုန်းနေတဲ့သူမလေးကို ပြောရသည်။
''အင်းပါ..ကိုကြီးရဲ့၊အခုမှ ၆နာရီဘဲရှိသေးတယ်လေ''
''စောစောထွက်တော့ မြို့ထဲမှာ တစ်ခုခုဝင်စားလို့ရတာပေါ့..မဟုတ်ဘူးလား''
''တကယ်လား..အဲ့ဒါဆိုရင်တော့ ပြင်တော့မယ်''
''အင်း...အအေးပတ်မယ်...မြန်မြန်ချိုး..''
''အိုခေ...ဘဲကြီး..''
''အဟွန်း..ပြီးမှ တွေ့မယ်''
သူ့ကို ဘဲကြီးဟု ခေါ်ပြီး အနားက လှစ်ခနဲပြေးသွားတဲ့ သူမလေးကိုကြည့်ရင်း ပြုံးမိသည်။ခုန်ပေါက်ပြေးလွှားနေတာ ခလေးလေးများထင်နေသလားမသိ။
''Ring...Ring....''
စီးကရက်သောက်ရင်း စားပွဲခုံမှာတင်ထားတဲ့
ဖုန်းက ထမြည်လာသည်။ စီးကရက်ကို လက်ကြားညှပ်ရင်း တစ်ဖက်က ဖုန်းကိုင်လိုက်သည်။''ဟလို..''
''သားတို့ မထွက်လာကြသေးဘူးလားကွယ်''
''၁၀နာရီမှလေ မေမေရဲ့.. စိတ်မပူပါနဲ့၊ကျွန်တော်ဖြေးဖြေးဘဲ မောင်းမှာပါ''
''အေးပါ..ညီမလေးကိုလည်း ဂရုစိုက်နော်၊မေမေဖုန်းခေါ်တာမကိုင်လို့..သားကိုလှမ်းဆက်တာ''
''မိုင်လေး ရေချိုးနေတာ..မေမေ..''
''အေးအေး..တခြားမဟုတ်ပါဘူး..ညဘက်ဆိုတော့ မေမေတို့က စိတ်ပူလို့''
''မေမေ့သား ကားမောင်းကျွမ်းတာ သိရဲ့သားနဲ့
စိတ်ပူမနေနဲ့..အန်တီငယ်ရော စောစောအိပ်လို့''''အေးအေး..အဲ့ဒါဆို..ဒါဘဲနော်''
သူ ဖုန်းပြောပြီး စီးကရက်၂လိပ်လောက်ကုန်မှ သူမလေးက ပြင်လို့ပြီးသည်။အင်္ကျီလက်ရှည်နက်ပြာရောင် လည်ဟိုက်လေးနဲ့ဂျင်းစကတ်အတိုလေးဝတ်ပြီး မိုင်လေးက ထွက်လာသည်။ဆံပင်တွေစည်းထားပေမဲ့ ကပိုကရိုပုံလေးဖြစ်ကာ သူမရဲ့ပုံစံလေးက နုငယ်နေ၏။
![](https://img.wattpad.com/cover/335837746-288-k901838.jpg)