အခန်း၄၀(U/Z)

17.9K 294 2
                                    

အခန်း၄၀

''ကိုကြီးရေ မရမ်းပေါင်းလေး ဝယ်ပေးပါအုံး''

''သည်းငယ်...မင်းနော်... ''

''ဘာလဲ...မဝယ်ပေးချင်ဘူးလား၊အဲ့ဒါဆိုလည်း
မိုင့်ဘာသာ သွားဝယ်လိုက်မယ်''

''ဟာ..ဟေ့..နေအုံးလေကွာ ''

ကိုယ်ဝန်ငါးလတဲ့။သူမကိုယ်သူမ သွားလာလှုပ်ရှားနေတာ ကလေးမရှိဘူးများထင်နေသ လားမသိ။စားလိုက်တဲ့အချဥ်ပေါင်း၊ချဥ်ချင်းတပ်တယ်ဆိုပြီး ပြောလို့လည်းမရ။
ထို့ကြောင့် ပါးလေးလည်းဖောင်းအိကာ ခန္ဓာကိုယ်လေးက ဗိုက်နဲ့အပြိုင် ခပ်ပြည့်ပြည့်ဖြစ်နေသည်။

''နေအုံးဆိုတာကွာ...လာခဲ့...''

''ဟာ..ဘာလုပ်တာလဲ...''

ဂုဏ်ရောင်က လက်ထဲမှာကိုင်လာတဲ့ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်ရင်း သူမလေးရဲ့လက်မောင်းသားလေးကို လှမ်းဆွဲလိုက်သည်။
ဟန်ကျပန်ကျနဲ့ လက်ထဲမှာ အဝါရောင်ပိုက်ဆံအိတ်အသေးလေးနဲ့ တိုက်ရှေ့ကစတိုးဆိုင်ကိုမုန့်သွားဝယ်တော့မှာ ထင်သည်။

''ထိုင်...ကိုယ်ပြောပြစရာရှိလို့''

''လာပြန်ပြီ...ကိုကြီးနော်''

မိုင်လေးရဲ့မျက်နှာလေး ရှုံ့တွတော့သည်။ဘာလို့ဆို နေ့တိုင်းကြားနေကြ ကလေးကိုထိခိုက်မယ်၊ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ဆရာလုပ်တော့မဲ့အကွက်တွေ။

''သိရင်လည်း ပြောစကားနားထောင်ပေါ့ကွ''

ပါးဖောင်းဖောင်းလေးကို ချစ်စနိုးလိမ်ဆွဲရင်း
ပြောလိုက်သည်။

''မရမ်းပေါင်း စားတာ ဘာဖြစ်လို့လဲ...''

မျက်စောင်းချီပြီး ပြောတာလေးက ချစ်စရာ။
ဆံပင်လေးတွေက အရင်ကထက်ပိုရှည်လာပြီး
ကျောလယ်ခန့်ရှိနေသည်။ ဆံပင်ရှည်ပြီး ကလေးလေးလည်း ရှိလာလို့ လူကြီးဆန်တယ်လို့တော့မထင်နဲ့၊ အခုကြမှပိုပြီးခလေးလည်းဆန်ကာ စိတ်ကလည်းအရမ်းကောက်ပြီး သူ့အပေါ်လည်းအတော်ဆိုးလာသည်။အန်တီငယ်ကတော့ ဒီလကုန်မှ ရိပ်သာက အပြီးထွက်ပြီးပြန်လာနေမယ်ပြောတော့ မရောက်ခင်အထိတော့သူနဲ့နောင်ဂျိမ်းပလေးနေရတုန်းဖြစ်သည်။လတိုင်းogသွားပြတော့ ကိုယ်ဝန်ခိုင်ဆေးပါထိုးပေးရတာဖြစ်သည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now