(unicode)
''သည်းငယ် ထမင်းစားမယ်လေကွာ''
ထိုအသံက နေ့တိုင်းကြားနေရတဲ့ အသံတစ်ခု။
''ဟင့်အင်း..ကိုကြီးဘာသာ သွားစား''
မိုင်လေးက အိပ်ယာထဲမှာ ပက်လက်လှဲနေရင်း ဖုန်းသုံးနေသည်။ ဗိုက်ထဲမှာ နည်းနည်းဆာပေမဲ့ဝိတ်ချမယ်ဟု စီစဥ်ထားတဲ့အတိုင်း ညနေစာကိုစားလို့မဖြစ်။
''ဘာလို့လဲ...အချိန်လည်းမနည်းတော့တာကို''
''ဟင့်အင်း...မိုင်မစားတော့ဘူး..ကိုကြီး''
''မဟုတ်တာကွာ...ထ..မစားလို့မရဘူး..''
သူ အခန်းဝကနေ မတ်တပ်လှမ်းရပ်ပြီးပြောနေတာဖြစ်ပြီး သူမလေးဘက်က ငြင်းတော့ အခန်းထဲ ဝင်လာလိုက်သည်။ညဘက် ညစာမစားဘဲနေတာ ၅ရက်မကတော့ ဒီညပြောမှရတော့မည်။
''ထ...မစားလို့မရဘူး...''
''ဟာ...ကိုကြီးကလည်း..ဘာလုပ်တာလဲ''
မိုင်လေး လက်ထဲကဖုန်းကို ဆွဲယူပြီး ပိတ်ပစ် လိုက်သည်။ အဲ့ဒီတော့မှ မွေ့ယာပေါ်မှာ ငုတ်တုတ်လေးထိုင်ကာ သူ့ကိုပေစောင်းစောင်းလေးပြန်
ကြည့်သည်။''ဟိတ်...လာလေ..''
''မစားပါဘူးဆို...''
မိုင်လေးက မှုန်ကုတ်ကုတ်လေးပြန်ကြည့်ရင်း
ခပ်တိတိပြန်ဖြေလိုက်သည်။''မစားရင် ဗိုက်အောင့်မှာပေါ့..မရဘူး..လာ''
ညဝတ်ဝမ်းဆက်ပန်းရောင်းဖျော့ဖျော့လေးနဲ့ ဆံပင်တွေကို ဘီးကုတ်လေးနဲ့သိမ်းတင်ထား
သည့် မျက်နှာလေးက ဝင်းဖန့်ပြီးကလေးဆန်စွာချစ်ဖို့ကောင်းသည်။''မဟုတ်ဘူး...မိုင် ဝိတ်ရှော့နေတာ...''
''ဘာ..ဝိတ်ရှော့တာဟုတ်လား....''
အနားမှာလာရပ်နေသည့် ကိုကြီးကို ခေါင်းလေးဆက်ခနဲငြိမ့်ပြရင်း ဖြေလိုက်သည်။
ကိုကြီးဘက်က အံသြတဲ့မျက်ဝန်းအစုံနဲ့ ပြူးပြဲမေးတာဖြစ်ပေမဲ့ မိုင်ကတော့ ခပ်အေးအေးဘဲဖြစ်သည်။''နေပါအုံး...ဒီခန္ဓာကိုယ်ကို ဝိတ်ရှော့တယ်ဆိုတော့ မင်း ဝါးခြမ်းပြားဖြစ်မှာပေါ့...''