အခန်း၄၁(U/Z)

17K 260 1
                                    

အခန်း၄၁

ဆောင်းရာသီရဲ့ သာယာတဲ့နေ့တစ်နေ့မှာ ဖြူဖွေးဝကစ်နေတဲ့ သားလေးကို မွေးဖွားခဲ့သည်။အသားအရေက မိုင်နဲ့တူပြီး မျက်နှာကျပုံတွေ
က ဂုဏ်ရောင်အတိုင်းပဲမို့လူချောလေးဖြစ်သည်။
ဆံပင်လေးက နက်မှောင်ပြီး နှုတ်ခမ်းရဲရဲလေးနဲ့ကိုကြီးရဲ့မျက်ခုံးလေးအတိုင်းနက်ထင်းနေတာက သိပ်ကိုအသည်း ယားဖို့ကောင်းသည်။

သားလေးကို နို့တိုက်နေရင်း မိုင်က သေချာကြည့်ပြီးသဘောကျနေတော့သည်။တစ်ရက်ပြီးတစ်ရက်ကြီးလာတဲ့ဒီပေါက်စနလေးကို အသည်းယားသလိုချစ်လို့လည်းမဝနိုင်ပေ။ ခန္ဓာကိုယ်လေးကလည်း ထွားထွားမို့ အရိုးအဆစ်ကျပုံကတော့
ကိုကြီးရဲ့ပုံစံအတိုင်းလာမှာကျိန်းသေ။

ဒီနေ့ဆို ကလေးလေးမွေးပြီးတာ ၁လခွဲပြည့်တဲ့နေ့ဖြစ်သည်။ဂုဏ်ရောင်ကတော့ ရုံးလည်းမသွားနိုင်ဘဲ၊တစ်ရက်ပြီးတစ်ရက်ချစ်ရတဲ့သားအမိနားမှာ ပြုစုယုယနေရတာ မမောနိုင်ပေ။

''သည်းငယ်...ဗိုက်ဆာနေပြီလား''

''မစားပါဘူး ကိုကြီးရဲ့၊ဒီမှာ သားသားတောင်နို့စို့တုန်းကို ''

မနက်လင်းတည်းက နို့တိုက်နေတဲ့သူမလေးက
အပြုံးနဲ့ပြောရှာသည်။ သားလေးကလည်း အစား
ပုပ်လေးမို့ နို့တိုက်ရင်တော်တော်နဲ့မချွတ်တော့ မိုင်လေးမှာ မနက်စာတို့နေ့လည်စာတို့စားရင် နောက်ကျတက်သည်။

''ပြီးရင် ကိုယ်ချီပြီး လမ်းခဏလျှောက်မယ်၊
သည်းငယ်က မနက်စာလေးသွားစားလိုက်နော်''

''အင်းပါ..ကိုကြီးရဲ့''

မိုင်လေးမှာ နို့တိုက်ရင်း ကြည်နူးရသည်။သားလေးကိုနို့ချိုတိုက်ကျွေးတိုင်း ငုံ့ကြည့်ရတဲ့အခိုက်အတန့်လေးက စိတ်ထဲကိုကြည်လင်အေးမြစေ သည်။

''ကြည့်အုံးကွာ...အစားပုပ်လေးကွာ...''

မိုင်လေး နို့တိုက်နေတဲ့အနားမှာထိုင်ကာ သားကိုတစ်လှည့်၊သူမကိုတစ်လှည့်ကြည့်လိုက်၊ပြောလိုက်နဲ့ ကိုကြီးရဲ့မျက်နှာက ချိုမြနေတော့သည်။
ညဘက်တွေဆိုလည်း ကလေးငိုတာနဲ့ ထပြီးအစစအရာရာအကုန်တာဝန်ကျေတဲ့ယောကျာ်းဖြစ်သည်။သားက အဲ့ဆိုတာနဲ့ ခုတင်ပေါ်ကဆင်းပြီးသားထြစ်သည်။တခါတရံဆို မိုင်လေးကိုတောင်မနှိုးဘဲ အင်္ကျီလှန်ပြီး နို့ကိုမရမကတိုက်တဲ့အခါတွေကရှိသေးသည်။

ပန်းတွေပျိုးသောမနက်ဖြန်(Completed)Where stories live. Discover now