ဂုဏ်ရောင် ဆိုင်ခန်းရှေ့မှာ ကားရပ်ပြီးဆင်းတာနဲ့ဆိုင်ထဲက ဝန်ထမ်းတချို့က အထူးအဆန်းလိုကြည့်ကြသည်။ကြည့်မှာပေါ့ အိမ်ထောင်ကျတာ၂နှစ်ပြည့်ပြီ အခုမှအလုပ်ရုံးခန်းကို မိုင်လေးကို ခေါ်ခဲ့ဖူးတာဖြစ်သည်။မင်္ဂလာဆောင်တုန်းက
အကုန်လုံးဖိတ်ခဲ့ပေမဲ့ ရုံးကို အတူမလာဖူးကြတော့ အကုန်လုံးအံသြနေတာလည်းမမှားပေ။''လာလေ...ဘာလို့လဲ...''
ကားပေါ်က ဆင်းပြီးတာနဲ့ တွေတွေလေးရပ်နေတဲ့သူမလေးကို လက်မောင်းလေးက ကိုင်လှုပ်၍ အထဲဝင်ဖို့ မေးဆက်ပြသည်။
''ကိုကြီး...မိုင် ပြောပြီးသားနော် ''
''လာစမ်းပါကွာ...အထဲရောက်မှပြော''
''အို..မဟုတ်ဘူးလေ မိုင်ပြောတာက''
မိုင်လေး အပြင်ထွက်ချင်တဲ့အကြောင်းပြောမလို့ပါးစပ်ပြင်နေတုန်း ကိုကြီးဆွဲခေါ်တဲ့ နောက်
ပါလာရသည်။အတင်းရုန်းပစ်လို့ ရပေမဲ့လှမ်း
ကြည့်နေတဲ့ ဝန်ထမ်းတွေကြောင့် အသာဘဲလိုက်ခဲ့လိုက်သည်။''လာပါပြီ ကလေးထိန်းကြီး...''
''ဟေ့ကောင်....''
ဇင်ကြီးက ဂုဏ်ရောင်ရဲ့ နောက်ကနေ လိုက်ဝင်လာတဲ့ မိုင်လေးကို မမြင်ဘဲ ပြောမိပြီးမှ ပါးစပ်ကို အမြန်ပိတ်ရသည်။ကောင်းဆက်က သူ့ကို တံတောင်နဲ့တွတ်၍ ခပ်ကြိတ်ကြိတ်သတိပေးသည်။
''နောက်မှာ မိုင်လေး ပါတယ်ကွ...''
''အဟွန်း...ဂုဏ်ရောင်တို့များ အလုပ်လာတာတောင် အတွဲလေးနဲ့''
''မိန်းမကို ချစ်တာတွေ..ချစ်တာတွေ''
အပြုံးနဲ့ စနောက်နေတဲ့ ကိုကြီးရဲ့သူငယ်ချင်းတွေကို မိုင်လေးပြုံးပြပြီး ခေါင်းလေးငြိမ့်ပြီး နှုတ်ဆက်လိုက်သည်။
''အားကျရင် အားဆေးသောက်လိုက်....''
မိုင်လေးရဲ့လက်ကို ဆွဲလျက် ရုံးခန်းထဲဝင်ရင်း ဂုဏ်ရောင်က လှမ်းအော်လိုက်သည်။
''ဟေ့ကောင်...စာရင်းတွေလာညှိအုံးနော်...''
''ဂုဏ်ရောင်...ဟားဟား...မင်းအကြောင်းသိတယ်နော်''
![](https://img.wattpad.com/cover/335837746-288-k901838.jpg)