Chapter 2

3.1K 314 1
                                    

အပိုင်း-၂


ယွမ်ရိ၏ တုံးတိတိ စကားဆုံးတာနဲ့ မူလ ကိုယ်၏ ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင်က
"မင်း မဝတ်ချင်ဘူး ဆိုရင်‌ ရှောင်ကျဲကို ပေးလိုက်ပါလား"

ယွမ်ရိဟာ သူမ၏ ဒုတိယ အဒေါ်ကို ကြည့်ပြီး စကားတစ်ခွန်းမှ မပြောခင်မှာဘဲ သူမရဲ့ ဘေးမှအဖွားက ...

"ရှောင်ဆန်း၊ ရှောင်ရိဆီကို အဝတ်အစားတွေ ရောက်လာတိုင်း ရှောင်ကျဲအတွက် အမြဲ တောင်းတယ်နော်။ ငါ မေးပါဦးမယ်။ ရှောင်ကျဲက အဲ့အဝတ်တွေ အကုန်လုံး ဝတ်ရော ဝတ်နိုင်ရဲ့လား။ ဟမ်"

ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင်လည်း အပြုံးဟု မဆိုသာသည့် မဲ့ပြုံး တစ်ခုကိုသာ ဆင်မြန်းထားလိုက်တော့သည်။ သူမဟာ ပြောင်းဖူးကြော်ကိုခပ်ယူလျက် တိတ်တဆိတ်သာ စားသောက်ရင်း ဘာစကားမှ ထပ်မပြောတော့ပေ။

အဖွား လျူရှင်းဟွားက ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင်ကို စကား အပြက် ပြောလိုက်ပြီ ဖြစ်၍ ယွမ်ရိအနေနဲ့ ဘာစကားမှ ဝင်မပြောတော့ပေ။ မူလကိုယ်၏ ဒုတိယ အဒေါ်ဟာ မူလကိုယ်ဆီမှ ချူးဝမ်ပေးထားသည့် အဝတ်အစများ၊ လက်ဆောင်ပစ္စည်းများကို သူမ၏ သမီး ယွမ်ကျဲ အတွက် အမြဲယူဆောင်ပေးလေ့ရှိသည်။

ယခု အခါမှာလည်း ယွမ်ရိထံမှ အဝတ်အစားများကို ယူဆောင်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ကံကောင်းတာက ယောက္ခမနဲ့ ချွေမ ကြားမှာဆက်ဆံရေး ကောင်းမွန်ခြင်း မရှိချေ။ ဒါ့ကြောင့် အဖွာ လျူ‌ရှင်းဟွာက မိသားစုအတွင်းမှသူမ၏ အဆင့်အတန်းဖြင့် တားဆီခြင်း ပြုလာသည့်အခါမှာ ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင် အနေနဲ့ ဘာမှမတတ်နိုင်တော့ချေ။

ယွမ်ရိဟာ သူမ၏ မိသားစုအသစ်သည်အနည်းငယ် စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ခံစားလိုက်ရပြီး တိတ်တဆိတ်ပဲ စားသောက်နေခဲ့၏။ ထိုအချိန်မှာ သူမ၏ ဝမ်းကွဲ မောင်လေး တစ်ယောက် ဖြစ်သည့် ယွမ်ရဲဟွာက ...

"ဘာလို့ ဒီရက်ပိုင်း အတွင်း ထမင်းဝိုင်းမှာ အသား မပါရတာလဲ။ တစ်နေ့လာလည်း အသီးအရွက်၊တစ်နေ့လာလည်း အသီးအရွက်ချည်းဘဲ"

လျူရှင်းဟွာက ...

"အသား စားချင်တယ်၊ ဟုတ်လား။ တောင်ပေါ်မှာ ရှိတဲ့ ကြေးနီတွင်းတွေကို မင်း အပိုင်များ ထင်နေတာလား။ ဟား ... ဟား ..." လို့ ဟာသဖောက်လိုက်၏။

အိမ်မှာ အသီးအရွက်ချည်းပဲ စားရသည့် အကြောင်းအရင်းမှန်ကို ယွမ်ရိ သိပါသည်။ မူလကိုယ်ရဲ့ငါးယောက်မြောက် ဦးလေး ယွမ်ချန်ရှန်းဟာ အိမ်ထောင်ပြုတော့မှာမို့လို့ ဖြစ်သည်။ အဖွားလျူရှင်းဟွာက ငါးယောက်မြောက် ဦးလေး မင်္ဂလာဆောင်ရာမှာ တင်တောင်းငွေအဖြစ်အသုံးပြုဖို့ ငွေစုနေသည့်အတွက် အိမ်မှာ အသီးအရွက်ချည်း စားသောက်နေရခြင်း ဖြစ်သည်။

ဒါတွေကို အငယ်လေး ဖြစ်သည့် ယွမ်ရဲဟွာက လွဲ၍ ကျန်သည့် သူတွေ အကုန်လုံး နားလည်ကြ၏။

ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင်ကတော့ အပြင်မှာဘာမှ မပြောပေမယ့် စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။
'ဟမ့်။ အပိုတွေ။ အလကား၊ ကပ်စေးနည်းတာကို နည်းတယ် မပြောဘူး။ အဘွားကြီးကတော့'

ညစာ စားပြီးကြတာနဲ့ ယွမ်မိသားစုဝင် အကုန်လုံးကိုယ့်အခန်းကိုယ် ပြန်ကာ အိပ်ယာဝင်ဖို့ ပြင်ကြတော့သည်။ ဒုတိယ အဒေါ်တို့ မိသားစုကလည်း သူမတို့ အခန်းထဲကို ပြန်လာခဲ့ကြသည်။ အခန်းထဲကို ရောက်တာနဲ့ ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင်က မူလကိုယ်၏ ဒုတိယ ဦးလေး ယွမ်ချန်းကွေ့အား စောဒက တက်တော့သည်။

"ယောက်ျား။ ရှင်ကိုယ်တိုင်လည်း ရှောင်ရိရဲ့'မပျော်ဘူးလို့လည်း မဟုတ်ပါဘူး' ဆိုတဲ့ စကားကို ကြားတာပဲ မလား။ ရှောင်ရိက ပါးစပ်ကသာ အဲ့လို ပြောနေပေမယ့် သူမရဲ့ လေသံထဲမှာ ပျော်ရွှင်တဲ့အရိပ်အယောင် တွေ့ရလို့လား။ ကျွန်မက စေတနာနဲ့ သူမဆီကနေ တကူးတက ယူပေးနေတဲ့ဟာကို"

ဒုတိယ အဒေါ် ဆန်းရှောင်ဟိုင်က အချိန်တစ်ခု ကြာတဲ့အထိ အမြုတ်ထွက်မတတ် စကားတွေကို ပြောနေခဲ့သည်။ ဒါပေမယ့် သူမ ယောက်ျားထံမှ ဘာသံမှ ထွက်မလာသည့်အတွက် ...

"ယောက်ျား။ ရှင် ကျွန်မ ပြောတာကို နားထောင်နေရဲ့လား"
လို့ မေးရင်း လှည့်ကြည့်လိုက်သည်။

ယွမ်ချန်းကွေ့ဟာ တောင်ပေါ်က ကြေးနီတွင်းထဲမှာ တူးစွတာတွေ လုပ်ရသည့်အတွက် အလွန် ပင်ပန်းနေပြီ ဖြစ်၏။ ဒါကြောင့် ကုတင်နဲ့ ကျော တွေ့လိုက်တာနဲ့ တစ်ပြိုက်နက် တန်းအိပ်ပျော်သွားတော့၏။

ဆန်းရှောင်ဟိုင် တစ်ယောက် ထိုအရာကို မြင်လိုက်ရ၍ သူမရဲ့ စိတ်ဓာတ်တွေ အောက်ဆုံးအထိ ထိုးကျသွားတော့သည်။ သူမရဲ့စိတ်ထဲမှာ ပြောစရာစကားတွေ အများကြီး ကျန်နေပါသေးသည်။ ဒါပေမယ့် သူမရဲ့ယေက်ျားက အိပ်ပျော်သွားပြီ ဖြစ်တာမို့အံကြိတ်၍သာ နေလိုက်ရတော့၏။

တစ်ဖက်မှ ယွမ်ရိနဲ့ ယွမ်ကျဲ၏ အခန်းအတွင်း ...

မှိန်ပျပျ ဆီမီးရောင်အောက်မှာ ယွမ်ကျဲဟာ ယွမ်ရိအတွက် ချင်းဝမ်း ပေးထားသည့် အဝတ်အစားများကို တစ်စုံပြီး တစ်စုံ ထုတ်ကြည့်နေခဲ့သည်။ ထိုအဝတ်အစားများသည် ယနေ့ခေတ် (၁၉၇၀ ခုနှစ်) ၏‌ ခေတ်အစားဆုံး ဝတ်စုံများ ဖြစ်ကြပြီး ၎င်းတို့ကို ဝတ်ဆင်နိုင်သူသည် လူကြား သူကြား အလွန်မျက်နှာပန်း ပွင့်လှ၏။

ထုံးစံအတိုင်း ယွမ်ရိကတော့ ထိုအဝတ်အစားများကို စိတ်မဝင်စားလှပေ။ အလွန် ခေတ်မှီသောဖက်ရှင် ဒီဇိုင်းနာ တစ်ယောက်အနေဖြင့် ယနေ့ခေတ်၏ အဝတ်အစားများမှာ သူမ၏ မျက်လုံးထဲတွင် တိုးမပေါက်ခဲ့။ သည်ခေတ် သည်အချိန်မှာ အရာရာက ရှားပါးဆဲ ဖြစ်တာမို့ အဝတ်အစားများ၏ ချုပ်လုပ်ပုံမှာလည်း ရိုးရိုးရှင်ရှင်း ဖြစ်နေပါသေးသည်။

ဒါ့ကြောင့် ယွမ်ရိက ထိုအဝတ်အစားများကို လှည့်မကြည့်ဘဲ မှိန်ပျနေသည့် ဆီမီး အလင်းရောင်မှ တစ်ဆင့် သူမရဲ့ ကိုယ်ပေါ်မှ ပွန်းပဲ့ဒဏ်ရာများကိုဂရုတစိုက် သန့်ရှင်းရေး လုပ်နေခဲ့၏။ သည်ခေတ်ကြီးမှာ ပိုးသတ်ဆေးတွေ၊ အနာလိမ်းဆေးတွေ မရှိသေးတာမို့ သူမရဲ့ ဒဏ်ရာကို ပိုးမဝင်အောင် သေချာ ဂရုစိုက်နိုင်မှသာ တော်ကာကျပါလိမ့်မည်။

ယွမ်ကျဲက အစက်အပျောက်များဖြင့် ပန်းဆိုးပန်းရိုက် လုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ကာ ယွမ်ရိအား ...

"ညီမ၊ ငါ ကြည့်ကောင်းရဲ့လား။ ဘယ်လိုနေသေးလဲ"

ယွမ်ရိလည်း သူမရဲ့မျက်လုံးကို သူမရဲ့ ပွန်းပဲ့ဒဏ်ရာများကနေ ယွမ်ကျဲထံ ကြည့်လိုက်ကာ
"ကောင်းပါတယ်" လို့ ကျေကျေနပ်နပ် ပြောလိုက်၏။

အရင်တုန်းက ချူးဝမ် အဝတ်အစားတွေ ပို့ပေးသည့် အခါတိုင်း ယွမ်ရိဟာ အရင် ရွေးလေ့ရှိပြီး လှပသည့် ဝတ်စုံများကို အရင်ယူသွားလေ့ရှိ၏။သူမ ရွေး၍ ကျန်သည့် အဝတ်အစားများကိုသာယွမ်ကျဲ ရရှိခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ သူမ, မဝတ်တော့သည့် အဝတ်အစများကိုလည်း ယွမ်ကျဲထံပေးလေ့ရှိသည်။

ကူးပြောင်းလာသည့် ယွမ်ရိကတော့ ဂရုမထားစွာဖြင့်ပင် ...
"နင် ကြိုက်တယ် မလား။ ကြိုက်ရင် ယူလိုက်လေ"

"အဟမ်း"
ရုတ်တရက် သူမတို့ အခန်းရှေ့မှ ချောင်းဟန့်သံကြားလိုက်ကြသည်။

ယွမ်ကျဲက အခန်းတံခါးကို သွားဖွင့်လိုက်၏။ အခန်းရှေ့မှာ ရပ်၍ ချောင်းဟန့်လိုက်သူဟာ သူမတို့၏ ဦးလေး ယွန်ချန်းရှန် ဖြစ်နေ၏။ ယွမ်ချန်းရှန်ဟာ ယွမ်ကျဲ၏ ကုတင်ပေါ်သို့ တစ်စုံတစ်ခုကို ပစ်တင်လိုက်သည်။

ယွမ်ကျဲလည်း သူမ ကုတင်ပေါ်ကို အမြန်သွားကြည့်သည့်အခါမှာ နို့အရသာ ချိုချဉ်များကို မြင်တွေ့လိုက်ရ၏။ သူမ အလွန်ဝမ်းသာသွားကာ
"ငါးယောက်မြောက် ဦးလေး၊ ဒါတွေကို ဘယ်ကနေ ရခဲ့တာလဲ"

ငါးယောက်မြောက် ဦးလေး ယွမ်ချန်းရှန်က ပြုံးလိုက်ကာ ...

"ဘာလို့ အမေးအမြန်း ထူရတာလဲ။ စားမှသာ စားစမ်းပါ။ ဪ၊ အတူတူ မျှစားကြနော်" လို့ ပြောကာ သူမတို့၏ အခန်းရှေ့မှ ထွက်သွားတော့သည်။

ယွမ်ကျဲလည်း ယွမ်ချန်းရှန် ထွက်သွားတာနဲ့
အခန်းတံခါးကို အမြန်ပိတ်လိုက်၏။ ထို့နောက် ယွမ်ရိ အနားကို တိုးလာကာ ယွမ်ရိ လက်ထဲကိုသကြားလုံး တချို့ ထည့်ပေးရင်း ...
"အစ်ကိုကြီးနဲ့ မောင်လေးကို မပြော‌နဲ့နော်" လို့တို းတိုးလေး ကပ်ပြောလိုက်သည်။

ယွမ်မိသားစုအတွင်း ယွမ်ရိနဲ့ မျိုးဆက်တူ သုံးယောက် ရှိ၏။ ယွမ်ကျဲ၊ ယွမ်ရဲဟွာနဲ့ ယွမ်ရွယ်ဂျင်းတို့ပင်။ သူမနဲ့ ယွမ်ကျဲတို့က မိန်းကလေးများဖြစ်ကာ ယွမ်ရဲဟွာနဲ့ ယွမ်ရွယ်ဂျင်းတို့ကတော့ယောက်ျားလေးများ ဖြစ်ကြ၏။

ငါးယောက်မြောက် ဦးလေး ယွမ်ချန်းရှန်သည် ယွမ်ညီအစ်ကို နှစ်ယောက်ထက် သူမတို့ မိန်းကလေး နှစ်ယောက်အပေါ် ပိုချစ်ခင်၏။ ဒါကြောင့် စားကောင်းသောက်ဖွယ်များ ပါလာလျှင် သူမတို့ နှစ်ယောက်ကိုသာ လာပေးလေ့ရှိ၏။

ယွမ်ရိလည်း ယွမ်ကျဲပေးသည့် နို့သကြားလုံး နှစ်ခုကို ယူကာ သက်ပြင်းချလိုက်၏။ သည်သကြားလုံးများသည် အရင်ဘဝတွင် သူမ, မကြိုက်သည့်စားစရာများ ဖြစ်ခဲ့ပေမယ့် သည်ဘဝမှာတော့အလွန် အဖိုးတန်သည့် ရှားပါး စားစရာများ ဖြစ်နေပေသည်။

ဆီမီး ငြိမ်းသွားသည့် တိုင်အောင် ယွမ်ရိ တစ်ယောက် လုံးဝ အိပ်မပျော်ခဲ့ပေ။ ယွမ်ကျဲကတော့ဆီမီး ငြိမ်းသွားသည်နှင့် မကြာခင်မှာ အိပ်ပျော်သွား၏။

ယွမ်ရိဟာ အဖြူရောင် ခြင်ထောင်ကြီးကို ကြောင်အအ ငေးကြည့်ရင်း ခြင်ထောင် အပြင်ဘက်မှ 'တဝီဝီ' ဖြင့် ခြင်သံများကို နားစွင့်နေခဲ့သည်။ ထို့အတူရှေ့ဆက် လုပ်ဆောင်ရမည့် အစီအစဉ်များကိုလည်း သူမ တွေးတောနေခဲ့၏။

သူမ အ‌နေနဲ့ ခေတ်မှီ တိုးတက်နေသည့် အရင်ဘဝကို ပြန်သွားလို့တော့ မရတော့ချေ။ ဒါ့ကြောင့် ဒီနေရာမှာ လိုက်လျောညီထွေ ဖြစ်အောင် အတတ်နိုင်ဆုံး နေထိုင်ရတော့မှာ ဖြစ်သည်။ ကံကောင်းတာတစ်ခုက အခုချိန်မှာ ဘာမျှ မတိုးတက်သေးပေမယ့် တဖြည်းဖြည်းဖြင့် ခေတ်နဲ့ အညီ တိုးတက်လာမည်ကို သူမ သိနေခြင်း ဖြစ်၏။

ယွမ်ရိရဲ့ အတွေများဟာ တောင်ရောက်မြောက်ရောက်ဖြင့် ...

'စစ်တပ်ထဲက အဖေ့ဆီကို စာရေးပြီး ငါ့ကို လာခေါ်ဖို့ တောင်းဆိုလိုက်ရမလား။ စစ်တပ်ထဲမှာဆိုရင် ဒီတောင်ပေါ် ဒေသထက် အထောက်အကူပြု ပစ္စည်းတွေ ပိုပြီးတော့ စုံလင်မှာဘဲ။ ဒါပေမယ့် မူရင်းဇာတ်ကြောင်းအရဆိုရင် 1970 ခုနှစ်ကာလ အတွင်းမှာတစ်နေရာနဲ့ တစ်နေရာ ခရီးသွားဖို့က လုံးဝ မလွယ်ကူးဘူး။ နေရာတိုင်းမှာ လက်နက်ကိုင် အစောင့်တွေရှိနေမှာ'

ယွမ်ရိရဲ့ ပထမဆုံး အစီအစဉ်က ဖန်းမင်းတောင်ပေါ်ကနေ ထွက်ခွာနိုင်ဖို့ ဖြစ်သည်။ တောင်ပေါ်ကနေ ထွက်ခွာနိုင်မှသာလျှင် သူမအနေနဲ့ စာရေး စာဖတ်တာကို သင့်ကြားဖို့ အခွင့်အရေး ရရှိလာမှာ။

ယွမ်ရိဟာ လက်ရှိမှာ အသက် တစ်ဆယ့်လေးနှစ်အရွယ်ဖြစ်ပြီး စာသင့်ရမည့် အရွယ် ဖြစ်သော်လည်း ဖန်းမင်းတောင်မှာ စာသင်ပေးမည့်ဆရာ မရှိတာကြောင့် သူမ ကျောင်းတက်ခဲ့ရခြင်း မရှိပေ။ သူမ အနေနဲ့ ကျောင်းတက်ချင်ပါက ဖန်းမင်းတောင်နဲ့ အသွားအပြန် နှစ်ရက်ကြာသည့် နေရာအထိ သွားမှသာ ဖြစ်ပေလိမ့်မည်။

ဒါ့အပြင် သည်ခေတ် အခြေအနေကြီးမှာ စာရေး စာဖတ်တာကို လူတိုင်း အားမပေးကြပေ။တော်လှန်ရေး မစခင်တုန်းက စာရေး စာဖတ်အတတ်ကို သင်ကြားပေးမည့် ဆရာတွေ ရှိခဲ့သော်ငြား တော်လှန်ရေး စတင်ပြီးသည့်နောက် စာသင့်ပေးသည့် ဆရာများ ရှားပါးသွားခဲ့ပြီ ဖြစ်သည်။

ယွမ်ရိဟာ ခန္ဓာကိုယ်ကို တခြားတစ်ဖက်သို့ လှည့်ရင်း အနာဂတ်မှာ ငွေရှာနိုင်မည့် နည်းလမ်းများကိုတွေးတော ကြည့်ခဲ့၏။ လွယ်လွယ် ပြောရလျှင် အရင် ဘဝတုန်းက လုပ်ကိုင်ခဲ့သည့် ဒီဇိုင်နာ အလုပ်ကို လုပ်ကိုင်နိုင်သည်။

သူမရဲ့ မှတ်ဉာဏ်များအရ သည်နေရာမှာ အထည်ချုပ်သူတွေဟာ အလွန် လေးစားခံ လူတန်းစားများ ဖြစ်ကြ၏။ အဝတ်အထည် ချုပ်လုပ်ချင်ပါကအထည် ချုပ်သူများကို မိမိ အိမ်သို့ တလေး‌တစား ဖိတ်ခေါ်ရကာ စားကောင်း သောက်ဖွယ်များဖြင့်ဧည့်ခံရပါသေးသည်။

ဒါပေမယ့် အထည်ချုပ် လုပ်တာက  လောလောဆယ် သူမအတွက် မဖြစ်နိုင်သေးပေ။ရေဒီယို၊ စက်ဘီး၊ နာရီ၊ အဝတ်အထည်၊ အစရှိသဖြင့် သည်အရာတွေဟာ ဇိမ်ခံပစ္စည်းတွေ ဖြစ်ကြကာ ဖန်းမင်းတောင်မှာတောင် လူအနည်းငယ်ကပဲ သုံးစွဲနိုင်ကြ၏။

ပြီးတော့ သူမဆီမှာ အထည်ချုပ်စက် ရှိရင်တောင်မှ မူလခန္ဓာကိုယ်က အထည်ချုပ်ရာမှာ ကျွမ်းကျင်မှု မရှိချေ။ ရုတ်တရက်ကြီး သူမကသာ အဝတ်အထည်များ ချုပ်ပြလိုက်ပါက လူတိုင်း သူမ တစ်ခုခု မှားနေတာကို သိသွကြပါလိမ့်မည်။

ယွမ်ရိလည်း ကုတင်ပေါ်မှာ လူးလှိမ့်ကာ ခေါင်းခြောက်အောင် တွေးတောနေရင်း ရုတ်ချည်း အကြံတစ်ခု ရသွားတော့သည်။

'နေပါဦး။ ငါ့မှာသာ ဆရာတစ်ယောက် ရှိလာရင်ရော။ ဟုတ်ပြီ။ ငါက ရုတ်တရက်ကြီး အထည်ချုပ်တတ်လာကို ဆရာက သင်ပေးတာလို့ ပြောလိုက်မယ်။ ဒါ့ကြောင့် အရင်ဆုံးနဲ့ အရေး အကြီးဆုံး ငါ့အစီအစဉ်က ဆရာတစ်ယောက် ရှာဖွေဖို့ဘဲ'

နွေရာသီ ရောက်နေတာတောင်မှ တောင်တန်း ဒေသ၏ မနက်ခင်းကတော့ အေးစက်စက် ဖြစ်နေတုန်းပင်။

ယွမ်ရိလည် အိပ်ရာ နိုးထပြီးနောက် ကိုယ်လက်သန့်စင်လိုက်၏။ ပြီးသည့်နောက် သူမ၏ ဆံပင်များကို ကျစ်ဆံမြှီး ကျစ်ကာ အဆုံးတွင် ဖဲကြိုးလေးဖြင့် အလှဆင်လိုက်သည်။

ကျစ်ဆံမြှီး ကျစ်ပြီးသည့်နောက် သူမကိုယ် သူမ မှန်ထဲမှာ ကြည့်လိုက်၏။ မှန်ထဲမှာကောင်မလေး၏ မျက်လုံးများဟာ သောက်ရှူး ကြယ်ကဲ့သို့ တလက်လက် တောက်ပနေကာ မျက်နှာလေးက‌လည်းကြည်လင် အေးချမ်းနေ၏။

ထို့နောက် သူမ အခန်းထဲကနေ ထွက်ကာ မနက်စာစားရန်အတွက် ထွက်လာခဲ့တော့သည်။ မနေ့က ရခဲ့သည့် ဒဏ်ရာများကြောင့် သည်နေ့ သူမအတွက် အိပ်ရာထ နောက်ကျသွားခဲ့သည်။ ဒါ့ကြောင့် တစ်အိမ်လုံးတွင် သူမရယ်၊ အဖွား လျူရှင်းဟွာရယ်က လွဲလို့ ဘယ်သူမှ မရှိတော့ချေ။

"အဖွား၊ အိမ်မှာ ကြက်ဥရှိလား"

အဖွား လျူရှင်းဟွာက အိမ် အပေါ်ဝမှာ ထိုင်ကာသူမ၏ ဖိနပ်အား သန့်ရှင်းရေး‌ လုပ်နေရင်းဖြင့်
"အေး။ ရှိတယ်။ စားချင်လို့လား။ အဖွား ပြုတ်ပေးမယ်လေ"

ယွမ်ရိက ခေါင်းယမ်းလိုက်ကာ ...
"သမီး စားမလို့ မဟုတ်ဘူး။ မနေ့က သမီး တောင်ပေါ်ကနေ ခြေခေါက်ကျတုန်းက ကူညီပေးခဲ့တဲ့သူတွေကို ကျေးဇူးသွားတင်မလို့"

လျူရှင်းဟွာက ယွမ်ရိကို မော့ကြည့်လိုက်ကာ ...
"ကောင်းပါပြီကွယ်၊ အဖွား ကြက်ဥနှစ်လုံး ပြုတ်ပေးလိုက်မယ်လေ"

"ရတယ် အဖွား၊ သမီးဘာသာ သမီးဘဲ ပြုတ်သွားလိုက်ပါ့မယ်"
ယွမ်ရိက သူမရဲ့အဖွားကို အမြန်ငြင်းလိုက်သည်။

ထို့နောက် မီးဖိုချောင်ထဲကို အမြန် ဝင်သွားကာဒယ်အိုးတစ်လုံးအား ဆေးကြောလိုက်၏။ ကြက်ဥနှစ်လုံးကိုလည်း ယူလိုက်ကာ ဒယ်အိုအတွင်း ရေနဲ့အတူ ထည့်ပြီး မီးဖိုပေါ် တည်ထားလိုက်တော့သည်။

မူလ ယွမ်ရိ၏ မှတ်ဉာဏ်များကြောင့် မီးဖိုချောင် ဝင်ရသည်မှာ အခက်အခဲ မရှိသော်လည်း သူမအတွက်တော့ စိတ်လှုပ်ရှားနေတုန်းပင်။ ဒါ့ကြောင့်သတိ မမူမိလိုက်ဘဲ မီးခိုးငွေ့ အချို့ကို ရှုမိသွားတော့သည်။

"အဟွတ်၊အဟွတ်"

သူမ၏ ချောင်းဆိုးသံကြောင့် လျူရှင်းဟွာ၏ စိုးရိမ်စိတ် ပြည့်နေသည့် အသံဟာ အပြင်ဘက်ကနေ ဝင်လာ‌တော့သည်။

"ရှောင်ရိ၊ သမီးအ ဆင်ပြေရဲ့လား"

ယွမ်ရိဟာ ခဏ တိတ်ဆိတ်သွားပြီးနောက်
"အဆင်ပြေပါတယ်၊ အဖွား" လို့ ချက်ချင်း ပြန်ပြောလိုက်သည်။

ကြက်ဥပြုတ်များ ကျက်သွားသည့်အခါ သေချာထုတ်ပိုးပြီး သူမ၏ ကျောပိုးအိတ်ထဲ ထည့်လိုက်၏။ ပြီးသည့်နောက် အိမ်ကနေ ထွက်လာကာလင်းမိသားစုအိမ်သို့ ဦးတည်သွားတော့သည်။

တောင်တက်လမ်းလေး တစ်လျှောက် သွားနေရင်းဖြင့် သိပ်မကြာခင်မှာ လင်းမိသားစု၏ အိမ်ကို သူမ လှမ်းမြင်လိုက်ရတော့သည်။ သူမလည်း အိမ်တံခါးကို ခေါက်လိုက်သည်။ ဘယ်သူမှ လာမဖွင့်။

'ကြည့်ရတာ လူ မရှိဘူး ထင်တယ်'

သူမ ပြန်အလှည့်မှာ အနီးက တောင်စောင်ပေါ်၌ သူမကို ကယ်တင်ခဲ့သည့် ကောင်းငယ်လေး လင်ယောင်ကို မြင်တွေ့လိုက်ရသည်။

တောင်စောင်းပေါ်မှာ ဝက်များကို မွေးမြူထားပြီးလင်ယောင်က ဝက်များ ကြားမှာ အစာ ကျွေးနေခြင်း ဖြစ်ပေသည်။

ယွမ်ရိလည်း ထိုတောင်စောင်းပေါ်သို့ တက်ကာ
"ဟေး၊ မင်္ဂလာပါ" လို့ နှုတ်ဆက်လိုက်သည်။

သူမ၏ နှုတ်ဆက်သံကြောင့် လင်ယောင်ဟာ ခေါင်းမော့ ကြည့်လာပြီး သူမအား ပြုံးလျက်
"မဂ်လာပါ" လို့ ပြန်နှုတ်ဆက်ခဲ့သည်။

ယွမ်ရိလည်း လင်းယောင် အနီးသို့ သွားကာ သူမလွယ်အိတ် အတွင်းမှ သကြားလုံးတချို့နဲ့ ကြက်ဥပြုတ်တွေကို ထုတ်ပေးကာ ...
"ဒါက မနေ့တုန်းက ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ ကျွေးတာပါ။ နင် ကြိုက်မယ်လို့ ငါမျှော်လင့်တယ်"

လင်းယောင်ဟာ သကြားလုံးတွေနဲ့ ကြက်ဥပြုတ်တွေကို ကြည့်ကာ အကြည့်တွေ တောက်ပလာခဲ့သည်။ သူ့အနေနဲ့ အရင်တုန်းက သကြားလုံးများ စားဖူးသော်လည်း သူမိဘများနဲ့ အတူ ဖန်းမင်းတောင်ဆီ ပြောင်းရွှေ့လာပြီးသည့်နောက် တစ်ခါမှ မစားဖူးတော့ချေ။ ကြက်ဥပြုတ်ကိုတော့ စားဖူးပေမယ့် တစ်နှစ်မှ အကြိမ်ရေ အနည်းငယ်ခန့် ဖြစ်သည်။

ဒါပေမယ့်လည်း လင်းယောင်က ငြင်းလိုက်သည်။
"ရပါတယ်။ ဒါတွေ မလိုပါဘူး"

ယွမ်ရိဟာ လင်းယောင်၏ ပိန်းပိန်းပါးပါး ကိုယ်လေးကို တစ်လှည့်၊ တောင်တက်လမ်းကို တစ်လှည့်ကြည့်ရင်း သူမ မျက်စိထဲ တောင်တက်လမ်း တစ်လျှောက် သူမကို ကျောပိုးလာသည့် လင်ယောင်အား မြင်ယောင်လာကာ ကြက်ဥပြုတ်နဲ့ သကြားလုံးကို လင်းယောင်လက်ထဲ အတင်းထိုးပေးရင်း ...
"ယူလိုက်ပါဟာ။ ငါက စားစေချင်လို့ တကူးတက လုပ်ပေးထားရတာကို"

လင်းယောင်ဟာ သူ့ရဲ့ လက်ထဲက သကြားလုံးနဲ့ ကြုက်ဥပြုတ် နှစ်လုံးကို ကြည့်ကာ သူ့ရှေ့မှ မိန်းမပျိုလေး၏ မျက်ဝန်းများကို ကြည့်လိုက်သည်။ ထိုမိန်းမပျိုလေး၏ တလက်လက် တောက်ပနေသည့်မျက်ဝန်းများကို မြင်တာနဲ့ သူမနဲ့ မယှဉ်နိုင်ဘူးဆိုတာကို သိသွားကာ သူ့လက်ထဲမှ သကြားလုံးအချို့နဲ့ ကြက်ဥပြုတ် တစ်လုံးကို သူမ လက်ထဲ ပြန်ထည့်ပေးလျက် ...
"အတူတူ စားကြမယ်" လို့ ပြောလိုက်တော့သည်။

ယွမ်ရိက ခပ်ပြုံးပြုံဖြင့် သကြားလုံး တချို့ကိုသာ  ယူထားပြီး ကြက်ဥပြုတ်ကို လင်းယောင် လက်ထဲ ပြန်ထည့်ပေးလိုက်ကာ ...
"ငါက ကြက်ဥပြုတ် မကြိုက်ဘူး။ ဒါ့ကြောင့်သကြားလုံးပဲ စားမယ်"

လင်းယောင်လည်း နောက်ဆုံးမှာ ယွမ်ရိကို အရှုံး ပေးလိုက်ရတော့သည်။

ယွမ်ရိအနေနဲ့ လင်းယောင်ဟာ သူမ ကူးပြောင်းလာပြီးနောက် ပထမဆုံး မြင်တွေ့ရ‌သူ ဖြစ်တာရယ်၊လင်းယောင်က ရိုးသားသော စိတ်နေ စိတ်ထားရယ်ကြောင့် လင်ယောင် အပေါ်မှာ သူမအနေနဲ့ ရင်းနှီးသလိုမျိုး ခံစားရ၏။

ယွမ်ရိဟာ လင်းယောင်နဲ့ စကား ကောင်းနေရင်းဖြင့်မနေ့ညက သားအမိ နှစ်ယောက်၏ စကားဝိုင်းကိုသတိထားမိသွားကာ ...
"နင်၊ ငါ့ကို သိလား" လို့ မေးလိုက်၏။

လင်ယောင်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းယမ်း ပြလိုက်သည်။ သူ့အနေနဲ့ သူမကို တစ်ခါမျှ မတွေ့ဖူးချေ။

"ဒါဆိုရင် ဖန်းမင်းတောင် စစ်တပ်ရဲ့ တပ်မှူး ယွမ်ကျီကောင်းကိုရော သိလား"

သည်တစ်ခါမှာတော့ လင်းယောင်က ချက်ချင်းခေါင်းညိတ်ကာ ...
"အင်း။ ငါ သိတယ်"

"အေး၊ အဲ့တာ ငါ့အဖိုးပဲ။ ငါက သူ့မြေး။ ငါ့ နာမည်က ယွမ်ရိ"

"အင်း။ ငါ့ နာမည်က လင်းယောင်"

ယွမ်ရိက အပြုံးတစ်ခုကို ဆင်မြန်းလျက် ...
"ငါ နင့်ကို သိပါတယ်။ နင်တို့ လာတဲ့ နေ့တုန်ကမျှော်စင်ပေါ်ကနေ အခြား ရွာသားတွေနဲ့ အတူ ငါရော မြင်ခဲ့တာ။ နင်တို့က မြို့ပေါ်ကနေ ဒီနေရာအထိ ခြေလျှင် လျှောက်လာကြတာပဲ"

လင်းယောင်လည်း ထိုနေ့ကို ပြန်အမှတ်ရသွားတော့သည်။ ထိုနေ့တုန်းက သူရယ်၊ သူအဖေရယ်၊ သူအမေရယ်ဟာ မြို့ပေါ်ကနေ သည် ဖန်းမင်းတောင်ပေါ် ရောက်သည်အထိ လမ်းလျှောက်လာခဲ့ကြသည်။ သူတို့ရဲ့ ခြေဖဝါးတွေလည်း ရှည်လျားသည့် ခရီးလမ်းကြောင့် နာကျင်နေခဲ့ကြ၏။ ဖိနပ်တွေဟာလည်း ပွတ်တိုက်မှုကြောင့် ပါးလျလာခဲသြည်။

သူ့ အမေဟာ နာကျင်မှုကြောင့် ညအချိန်တိတ်တဆိတ် ငိုကြွေးခဲ့တာကိုလည်း သူ မှတ်မိနေသေး၏။ သူ့အဖေက သူ့အမေကို ပင်ပန်းမှာစိုး၍ ကွာရှင်းပေးမယ် ပြောခဲ့သော်လည်း သူ့အမေကတော့ ခေါင်းမာစွာဖြင့် အဖေ့နောက်ကိုသာ တစိုက်မတ်မတ် လိုက်ပါခဲ့ပေသည်။ ဒါ့ကြောင့်မို့လည်း သည်အချိန်မှာ သူတို့ မိသားစု သုံးယောက်တစ်စုတစ်စည်းတည်း နေထိုင်နိုင်ခြင်း ဖြစ်၏။

လင်းယောင်ဟာ အရင်ကတည်းက စကားနည်းသူဖြစ်သည့် အလျှောက် ဖန်းမင်းတောင်ကို ရောက်သည့် အခါမှာလည်း စကား သိပ်မပြောခဲ့ပေ။ ဝက်နဲ့ နွားများကို မွေးမြူ ထိန်းသိမ်းခြင်းက လွဲ၍ သူက အခြား ဘာမျှ မလုပ်ခဲ့ပေ။ ဒါ့ကြောင့် လင်းယောင်မှာ အပေါင်းအသင်း မရှိသလောက် ရှားပါး၏။

ယွမ်ရိ လင်းမိသားစုထံ လာတာက ထွေရာလေးပါး စကား ပြောဖို့ မဟုတ်ဘဲ ကျေးဇူးတင်ကြောင်းဖော်ပြချင်လို့ ဖြစ်၏။ ဒါ့ကြောင့် အချိန် ခဏမျှ နေပြီးတဲ့နောက်မှာ လင်းမိသားစု အိမ်ကနေ ပြန်ဖို့ဆုံးဖြတ်လိုက်ကာရသူမရဲ့ ကျောပိုးအိတ်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်၏။ ထို့နောက် ...

"ကောင်းပြီ။ နင့်ကိုငါ မနှောင့်ယှက်တော့ဘူး။ ငါ ပြန်တော့မယ်" လို့ ပြော၍ ထပြန်လိုက်တော့သည်။

လင်းယောင်လည်း ချုံထူးထပ်သည့် တောလမ်းလေးအတွင်း တရိပ်ရိပ် ပျောက်ကွယ်သွားသည့် ယွမ်ရိ၏ နောက်ကျောကို ငေးကြည့်ရင်းဖြင့်သူ၏ လက်ထဲမှ သကြားလုံးတချို့နဲ့ ကြက်ဥနှစ်လုံးကိုငုံ့ကြည့်လိုက်တော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Wo Geschichten leben. Entdecke jetzt