Chapter 6

2.2K 286 0
                                    

အပိုင်း-၆


ယွမ်ရိဟာ အဖိုးအိုထံကနေ တစ်နေကုန်အပ်ချုပ် ပညာများ သင်ကြားခဲ့သည်။ သူမရဲ့ အရည်အချင်းတွေဟာ အဖိုးအိုအား လုံးဝ အံ့အားသင့်သွားစေခဲ့၏။ နေစောင်း၍ ယွမ်အိမ်သို့ ပြန်ခါနီးမှာတော့ အဖိုးအိုရဲ့ စိတ်ထဲမှာ ယွမ်ရိအား အကောင်းမြင်စိတ်တွေ ပိုပြီး တိုးပွားသွားတော့သည်။

ယွမ်ရိလည်း သူမ၏ လွယ်အိတ် အတွင်းသို့ သူမရဲ့ပစ္စည်းများကို သေချာစွာ သိမ်းဆည်းလိုက်ကာ အဖိုးအိုအား ...
"အဖိုး ဒီနေ့ သင်ပေးတဲ့ အရာမှန်သမျှ အကုန်လုံးတတ်သွားပြီ။ သေချာလည်း လေ့လာထားပြီးသွားပြီ။ အခု ပြန်တော့မယ်။ မနက်ဖြန်ကျမှ ပြန်လာတော့မယ်၊ အဖိုး"

နှုတ်ဆက်စကား ဆိုပြီးနောက် သူမ၏ ခြေထောက်အား ပွတ်သပ်နေသည့် ကြောင်ဝါကြီးကို ပွေ့ကာ ခေါင်းအား နှစ်ချက်ခန့် ပွတ်သပ်ပေးလိုက်သည်။

အပ်ချုပ်သမား အဖိုးကြီးကတော့ သူမကို ကြည့်မနေပဲ ...
"သွား"
လို့ တစ်ခွန်းတည်းဘဲ ပြောလိုက်သည်။

ယွမ်ရိလည်း ကြောင်ဝါကြီးအား အောက်ပြန်ချပေးလိုက်ပြီး သူမ၏ လွယ်အိတ်ကို လွယ်ကာ အဖိုးအို၏ အိမ်အတွင်းမှ ထွက်လာခဲ့တော့၏။

သူမဟာ တောင်ပေါ် လမ်းလေးအတိုင်း အိမ်ကိုပြန်လာခဲ့၏။ အချိန်တော်တော်လေး ကြာအောင်လမ်းလျှောက်ပြီးသည့်နောက် သူမနဲ့ မနီးမဝေးမှ ဆူဆူညံညံ အသံတချို့ကို ယွမ်ရိ ကြားလိုက်ရသည်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ တောင်ပေါ် လမ်းလေးရဲ့ မနီးမဝေးမှာယောက်ျားလေး တစ်စု ရန်ဖြစ်နေကြတာကိုရုတ်တရက် ယွမ်ရိ မြင်လိုက်ရတော့သည်။

ဖန်းမင်တောင် ဒေသ တစ်ဝိုက်မှာ အသိပညာ၊ အတတ်ပညာများ သင်ကြားပေးဖို့အတွက်စာသင်ကျောင်းများ မရှိပေ။ ဒါ့ကြောင့် သည်ဒေသမှာ ရှိသည့် လူငယ်များဟာ အနည်းငယ် ရိုင်းစိုင်း ကြမ်းတမ်းကြ၏။ ထို့အကြောင်းများကြောင့် ဖန်းမင်းတောင်ကို အမှီပြု နေထိုင်ကြသည့် လူငယ်များဟာ အဖုအထစ် အနည်းငယ် တွေ့လိုက်တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ထိုးကြိတ် ရန်ဖြစ်တာတွေက ဖြစ်ရိုးဖြစ်စဉ် တစ်ခုလို ဖြစ်လာခဲ့၏။

တစ်ယောက်နဲ့ တစ်ယောက် အကြောင်းအရင်း အနည်းငယ် မတိုက်ဆိုင်တာလေးကိုပင် ပုံကြီးချဲ့ကာ ချိန်းပွဲများ ပြုလုပ်၍ အုပ်စုလိုက် ရန်ဖြစ်တာမျိုးတွေပါ ရှိတတ်သည်။

ယွမ်ရိလည်း ရန်ဖြစ်နေသည့် အုပ်စုကို လျစ်လျူရှုပြီး ရှောင်ထွက်သွားဖို့ ပြင်လိုက်ပေမယ့် အချခံနေရသည့် ကောင်လေးကို သူမ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ဒါ့ကြောင့် ရန်ဖြစ်နေသည့်သူများအား ...
"အဲ့တာ ဘာဖြစ်နေကြတာလဲ"
ဟု လှမ်းအော်လိုက်တော့သည်။

သူမရဲ့အော်သံကြောင့် ရန်ဖြစ်နေတဲ့ အုပ်စုလည်းခဏ ရပ်တန့်သွား၏။ ထိုအဖွဲ့ထဲမှ‌ ယောက်ျားလေးတစ်ယောက်က ...
"ငါ‌တို့တွေ အပြစ်သားရဲ့ သားကို သင်ခန်းစာ ပေးနေတယ်။ ကိုယ့်ကိစ္စ မဟုတ်ရင် ဝင်မပါနဲ့။ ဒီနေရာကနေ မြန်မြန် ထွက်သွား"

ယွမ်ရိက သူမကို စကားပြောနေတဲ့ ကောင်လေးရဲ့စကားကို ခွန်းတုံ့ မပြန်သေးပဲ အရိုက်ခံနေရတဲ့ကောင်းလေးကို သေချာကြည့်လိုက်သည်။
'လင်ယောင် ဖြစ်နေတာပဲ'

ယွမ်ရိ အနေနဲ့ အရိုက်ခံနေရသည့် ကောင်လေးနဲ့ရင်းနှီးနေသလို ဖြစ်နေတာ အံ့အားသင့်စရာ မကောင်းတော့ပေ။ အဘယ့်ကြောင့်ဆိုသော် အရိုက်ခံနေရတာက လင်းယောင် ဖြစ်နေ၍ပင်။

လင်းယောင် မြေပြင်ပေါ်မှာ ကွေးကွေးလေး လဲကျနေကာ သူ့ရဲ့ မျက်နှာကို လက်ဖြင့် ကာထား၏။အဝတ်အစားတွေမှာလည်း မြေမှုန့်တွေ လူးနေကာဒဏ်ရာ ဒဏ်ချက် အချို့လည်း ရထားတာကို ယွမ်ရိ မြင်တွေ့လိုက်ရသည်။

သူမရဲ့လက်သီးကို ကျစ်နေအောင် စုပ်လိုက်မိ၏။

သူမ ဘာမှ ထပ်မပြောခင်မှာပဲ မြေပေါ်လဲနေသည့် လင်းယောင်က ...
"ငါ့ကို ဂရုစိုက်စရာ မလိုဘူး။ ငါ အဆင်ပြေတယ်

လင်းယောင် စကား ဆုံးတာနဲ့ သူ့ ဘေးက ကောင်လေးက လှောင်ပြုံးပြုံးလျက် ...
"အိုးဟိုး၊ မင်းက ဆွံအ,နေတာ မဟုတ်ဘူးပဲဟ။ ငါတို့တွေက မင်းကို ဆွံအ,နေတဲ့ ကောင်လို့ ထင်နေကြတာ။ ကြည့်ရတာ မင်းက ဆွံအ,မနေဘူးဆိုတော့စိတ်မနှံ့တဲ့ သူပဲ ဖြစ်ရမယ်။ ဟား ဟား"

ယွမ်ရိလည်း လှောင်ပြောင်နေသည့် ကောင်လေးအား ကြည့်ကာ ...
"နင့် ပါးစပ်ကို ပိတ်လိုက်"

ထိုအခါ လှောင်ပြောင်နေသည့် ကောင်လေး၏ မျက်နှာပေါ်မှ အပြုံးတွေ ပျောက်သွာကာ ...
"နင်ကများ ငါ့ကို ပါးစပ် ပိတ်ထား ဟုတ်လား။ ဒီမှာ၊ နင့်ဘာသာနင် ဖန်းမင်း စစ်တပ်ကအတွင်းရေးမှူးရဲ့ မြေး ဖြစ်နေလို့ ဆိုပြီး နင့်ကို မရိုက်ရဲဘူး မထင်နဲ့နော်။ အရိုက်မခံချင်ရင် ဒီကနေ ထွက်သွားစမ်း"

ယွမ်ရိလည်း သူမ လက်ထဲက လွယ်အိတ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ...
"လုပ်ရဲရင် လုပ်လိုက်စမ်းပါ"

ထိုကောင်လေးက ယွမ်ရိ စကားကြောင့် ဒေါသတွေထွက်လာကာ ရှေ့ကို ထွက် ဖို့ပြင်လိုက်ချိန်မှာပဲ သူ့ဘေးမှ အခြား ကောင်လေးတစ်ယောက်က ...
"ဟေ့ကောင်။ မင်း သူကို ရိုက်လိုက်လို့ မဖြစ်ဘူးနော်။ မင်းသာ သူ့ကို ရိုက်လိုက်မိရင် သူ့ ဦးလေး ယွမ်ချန်းရှန်နဲ့ ငြိလိမ့်မယ်ကွ။ အဲ့လူက တကယ့်ကို ဂွကျတဲ့သူနော်။ မင်း မသိတာလည်း မဟုတ်ဘဲနဲ့ကွာ"

ထိုစကားကြောင့် ကောင်လေးလည်း သူ့ အမူအရာကို ပြန်ထိန်းလိုက်သည်။ ထို့နောက် ယွမ်ရိအား မကျေနပ် ကြည့်၊ ကြည့်ကာ အခြားသောသူများနဲ့အတူ ထိုနေရာမှ ထွက်ခွာသွားကြတော့၏။

သူတို့ ထွက်သွားမှ ယွမ်ရိလည်း စိတ်လျော့နိုင်သွားကာ လဲကျနေသည့် လင်းယောင်အား ...
"ဘာလို့ သူတို့ကို ပြန်မလုပ်ဘဲ ငြိမ်ခံနေရတာလဲ။ နင်သာ တစ်ခုခု ပြန်လုပ်ခဲ့ရင် သူတို့လည်း နင့်ကို အခုလိုမျိုး အနိုင်ကျင့်ကြမှာ မဟုတ်ဘူး"

လက်းယောင်လည်း သူ့ရဲ့ တစ်ကိုယ်လုံးက ဖုန်မှုန့်များအား ခါထုတ်လိုက်ကာ ...
"ငါ့ကို စိတ်မပူပါနဲ့။ မင်းသာ ငါ့ကြောင့် ဒုက္ခ ဖြစ်သွားလိမ့်မယ်"
လို့ တိုးတိုးလေး ဆိုလာသည်။

ယွမ်ရိလည်း လင်းယောင် ခေါင်းပေါ်မှ ဖုန်များကိုဝိုင်းဖယ်ပေးလိုက်ပြီး ...
"ငါ့ကို စိတ်ပူမနေနဲ့။ ငါ့ရဲ့ ငါးယောက်မြောက် ဦးလေး ယွန်ချန်းရှန်က ဒီဖန်းမင်းတောင်ပေါ်မှာဆိုရင် ဆရာကြီးပဲ။ ဒီတော့ ဒီကောင်တွေ ငါ့ကို ဘာမှမလုပ်ရဲဘူး"

ဖုန်တွေ သုတ်ပြီးသွားသည့်နောက် လင်းယောင်ကယွမ်ရိအား ...
"ငါ့ မျက်နှာပေါ်မှာ ဒဏ်ရာတွေ ရှိနေလား"
လို့ မေးလိုက်၏။

ယွမ်ရိလည်း လင်းယောက်၏ မျက်နှာအားသေသေချာချာ စစ်ဆေးပေးလိုက်ပြီး ...
"မရှိပါဘူး"

ထိုအခါမှ လင်းယောင်က သက်ပြင်းတစ်ခုကို အသာချကာ ...
"မရှိဘူ ဆိုတော့လည်း ပိုကောင်းတာပေါ့"

"နင့် မိဘတွေ တွေ့သွားမှာစိုးလို့လား"
ယွမ်ရိက ရုတ်တရက်ကြီး မေးမြန်းလိုက်သည်။

အချိန်ခဏကြာမှ လင်းယောင်က ခေါင်းညိတ်ပြတာကို သူမ တွေ့လိုက်ရ၏။

ယွမ်ရိအနေနဲ့ လင်းယောင်ကို နားလည်ပါသည်။လင်းယောင်က သူ့ ဒဏ်ရာများကို သူ မိဘများ တွေ့ရှိသွားပါက စိတ်ပူသွားမှာကို စိုးရိမ်နေခြင်းဖြစ်သည်။ ဒါ့အပြင် သူတို့ မိသားစုက သူစိမ်း ဒေသကို အပြစ်ပေးခံရသည့် အနေဖြင့် ရောက်လာတာဖြစ်၍ သိုသိုသိပ်သိပ်နေကာ ပတ်ဝန်းကျင်နဲ့လည်း မပတ်သတ်လိုခဲ့ပေ။ သူ့ရဲ့ ဒဏ်ရာများကိုသာ မိဘများ တွေ့သွားခဲ့လျှင် သူ့ကို ထိခိုက်အောင် လုပ်သူများအား သူ့ မိဘများမှ တစ်ခုခု ပြန်လုပ်တော့မည်မှန် လင်းယောင် ကိုယ်တိုင်လည်း သိနေခဲ့သည်။ ဒါကြောင့် ဘာပြဿနာမှ မဖြစ်လို၍ ဒဏ်ရာများကို ဖုံးကွယ်ဖို့ ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်၏။

ယွမ်ရိလည်း ဘာမှ ဆက်မပြောတော့ပေ။ ထို့နောက် ဝက်တွေကို အတူတူ ကျောင်းကာ ထိုနေရာမှ ထွက်ခွာလာခဲ့ကြတော့သည်။

(မှတ်ချက် ။ ။ ဝက်ကျောင်းတယ်ဆိုတာကနွားကျောင်းသလိုမျိုးပါဘဲဗျ။ နွားနေရာမှာ ဝက်နဲ့ မြင်ယောင်ကြည့်ကြကုန်လော့။)


သူမ အိမ်ပြန်ရောက်သည်အထိ လင်းယောင် အနိုင်ကျင့်ခံရသည့် မြင်ကွင်းကို မြင်ရောင်နေဆဲပင်။ ဒါ့ကြောင့် ယွမ်ချန်းရှန်ထံ သွားကာ ...
"ဦးလေး ငါး၊ ကောင်းဟိုင်ယန်တို့ အုပ်စု လင်းယောင်ကို အနိုင်မကျင့်ဖို့ ပြောပေးလို့ရမလား"

ယွန်ချန်းရှန်က ...
"လင်းယောင် ဟုတ်လား။ မင်း ပြောတာ မိုးပျံမျှော်စင်မှာနေတဲ့ မိသားစုက အရူးလေးကို ပြောတာလား"

ယွမ်ရိက သူမရဲ့ ခေါင်းကို ကုတ်ကာ "ဘာလို့ သူ့ကို အရူးလေးလို့ ခေါ်နေတာလဲ"
လို့ ပြန်မေးလိုက်သည်။

ယွမ်ချန်းရှန်က ပြုံးလိုက်ပြီး ...
"ဒါက‌ ငါ တစ်ယောက်တည်း ခေါ်တာ မဟုတ်ဘူး။ တစ်ရွာလုံးက ခေါ်ကြတာပဲ။ သူက ဘယ်သူနဲ့မှလည်း စကားပြောလေ့ မရှိဘူး။ တစ်နေကုန် ဝက်တွေကို ထိန်းကျောင်းရင်း စာအုပ်တွေကိုပဲ ဖတ်နေလေ့ရှိတာ။ ဒီ‌တော့ သူ့မှာ ဒီနေရာက ပြဿနာရှိပုံ ရတယ်" လို့ ပြောကာ သူ့ ခေါင်းသူ ညွှန်ပြလိုက်၏။

ပြောချင်တာက လင်းယောင်ဟာ ခေါင်း သိပ်မကောင်းဘူး ဟူ၍ပင်။

ယွမ်ရိလည်း သူမ၏ ငါးယောက်မြောက် ဦးလေးအား "ဦးလေး ငါး၊ ဘယ်အရူးကများ စာအုပ် ဖတ်တာကို မြင်ဖူးလို့လဲ။ ဦးလေးရော မြင်ဖူးလား"

ယွမ်ချန်းရှန် ခေါင်းယမ်းကာ ...
"မမြင်ဖူးဘူးလေ"
ဟု တုံးတိတိကြီး ပြန်ဖြေလာခဲ့သည်။

ယွမ်ရိလည်း သူမရဲ့ ဦးလေး ငါးနဲ့ မဟုတ်ကဟုတ်က စကားများကို ထပ်‌မပြောတော့ပဲ ...
"ဦးလေး၊ သမီးပြောတာကို ကူညီပေးနိုင်မလား"

ယွမ်ချန်းရှန်က ...
"စိတ်မပူပါနဲ့။ သမီး ပြောတဲ့အတိုင်း ကူညီပေးလိုက်မယ်။ မနက်ဖြန်က စပြီး အရူးလေးကို ရန်စတဲ့သူက ငါ့ကို ရန်စတဲ့သူပဲ။ ငါ့ကို ရန်စရင် ဘယ်လိုမျိုး ခံစားသွားရမယ်ဆိုတာကို ဒီက ဦးလေးက သေချာ သင်ပြပေးလိုက်ပါ့မယ်။ ပြီးတော့ အဲ့ကောင်လေးကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး။ စိတ်သာချလိုက်တော့"

ယွမ်ရိက ကျေနပ်စွာ ပြုံးလိုက်ကာ ...
"ကျေးဇူးတင်ပါတယ်၊ ဦးလေး ငါး"

ယွမ်ချန်းရှန်က ယွမ်ရိရဲ့ခေါင်းအား ခပ်ဖွဖွလေး ပုတ်ကာ ...
"ကဲ ကဲ၊ ညစာ သွားစားကြစို့။ လေကောင်းနေတာနဲ့နောက်ကျကုန်တော့မယ်"

ယွမ်ရိလည်း ယွမ်ချန်းရှန်း ပုတ်သွား၍ ပုံပျက်သွားသည့် ဆံပင်များအား ပြန်ပြင်လိုက်ကာ ယွမ်ချန်းရှန်၏ နောက်ကနေ ထမင်းစားခန်းအတွင်း လိုက်ဝင်သွားလေတော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Où les histoires vivent. Découvrez maintenant