Chapter 62.2

819 97 1
                                    

Chapter 62.2
August 8, 2023 by Yamin Aung
အပိုင်း - ၆၂.၂

ယွမ်ချူးယန်ဟာ နေ့လယ်စာ ထမင်းဝိုင်းအတွင်း တစ်စုံတစ်ခုထူးခြားနေတာကို ချက်ချင်းတွေ့ရှိသွား၏။

ထိုအရာကတော့ သူ့အမရဲ့ချူးဝမ်တစ်ယောက် အခါတိုင်းကဲ့သို့ ပျော်ရွှင်တောက်ပနေသည့် အရိပ်အယောင်များမရှိဘဲ မှုန်မှိုင်းဝမ်းနည်းနေတာကို သတိထားမိလိုက်ခြင်းပင်။

သူမက အမြဲတမ်းရဲ့ချူးဝမ်အား အားပေးထောက်ခံသူဖြစ်တာမို့ ရဲ့ချူးဝမ်အား စိတ်ရွှင်လန်းလာအောင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဒါ့ကြောင့် ရဲ့ချူးဝမ်အား
"အမ နေ့ခင်းကျောင်းပြန်တက်ရင် ကျောင်းဖွင့်တဲ့ပထမဆုံးနေ့မို့ ကျောင်းသားကျောင်းသူတွေအတွက် ကြိုဆိုပွဲ လုပ်ပေးမယ်ကြားတယ်။ အဲ့ပွဲမှာ အမကအမှာစကားပြောရမှာမလား"
ဟု ပြောရင်း ယွမ်ရိအား မျက်စိတစ်ချက်ဝှေ့ကြည့်လိုက်၏။

အဓိပ္ပာယ်ကတော့ ရဲ့ချူးဝမ်လိုမျိုး ပွဲအခမ်းအနားမှာ အမှာစကားပြောကြားတဲ့သူ မဖြစ်နိုင်ဘူးဟု ပြောနေသလိုပင်။

ဒီတစ်ကြိမ်မှာတော့ ရဲ့ချူးဝမ်က ယွမ်ချူးယန်ကို လျစ်လျူရှုတာမျိုးမလုပ်တော့ဘဲ စကားကိုကောင်းကောင်းမွန်မွန်‌ပြန်ပြောလိုက်၏။
"အင်း၊ ဟုတ်တယ်။ ငါ့ကို ဆရာ၊ ဆရာမတွေက အမှာစကား ပြောခိုင်းထားတယ်"

"ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်အမ"
ယွမ်ချူးယန်က‌ ပျော်ရွှင်စွာဖြင့် သူ့အမကို ချီးမွမ်းလိုက်သည်။

ရဲ့ချူးဝမ်လည်း ပြုံးကာ ယွမ်ချူးယန်၏လက်အား ဆုပ်ကိုင်ထားပေးလိုက်တော့သည်။

အစက သူမဟာ တုံးအလွန်းသည့်ယွမ်ချူးယန်ဖြင့် စည်းတစ်ခုခြားကာ နေထိုင်လိုပေမယ့် သူမအပေါ် အမြဲတမ်းသစ္စာရှိသည့် ယွမ်‌ချူးယွမ်ကြောင့် ယခင်လိုဘဲ ရင်းရင်းနှီးနှီးပြန်နေဖို့ ဆုံးဖြတ်လိုက်တော့၏။

ဖန်းရှုံးယန်ကလည်း "ယွမ်ရိ၊ ယွမ်ကျဲ၊ ယွမ်ချူးရွယ်။ နင်တို့သုံးယောက်လည်း နင်တို့အမကြီး ချူးဝမ်ကိုအတုယူပြီး ကျောင်းမှာ ကောင်းကောင်းမွန်မွန်နေကြ။ မဟုတ်တာတွေတော့ လုပ်ဖို့မစဉ်းစားကြနဲ့နော်"
ဟု ဝင်ပြောလိုက်၏။
ထိုစကားကြောင့် ယွမ်ရိမျက်မှောင်ကြုတ်မိလိုက်သည်။ သူမအမေအနေနဲ့ သူမတို့ကိုဆုံးမချင်လျှင် ရိုးရိုးတန်းတန်းဆုံးမလည်း ရ၏။ ဒါပေမယ့် ရဲ့ချူးဝမ်နဲ့နှိုင်းယှဉ်ပြီး ဆုံးမခံရတာမျိုးကိုတော့ ယွမ်ရိ လုံးဝမကြိုက်ချေ။

ဒါ့ကြောင့် သူမက
"ဪ၊ တစ်ယောက်တည်း တစ်ခန်းရချင်လို့ တစ်ယောက်တည်းဘဲ အိပ်တတ်တယ်ဆိုပြီး လိမ်ပြောတာတွေ။ ကိုယ့်မိတ်ကပ်ကို အခြားသူတွေပေးမသုံးချင်တာနဲ့ အခြားသူတွေနဲ့ဓာတ်မတည့်ဘူးလို့ လိမ်ပြောတာတွေ။ အဝတ်အဟောင်းတွေဝတ်ရင် ယားယံတတ်တယ်လို့ပြောပြီး အဝတ်အသစ်တွေဘဲ ဝတ်မှအဆင်ပြေတာလို့ လိမ်ပြောတာတွေ။ အဲ့လိုလေးတွေ လိမ်ပြောပြီး သမီးတို့လည်း ကောင်းကောင်းမွန်မွန် နေထိုင်ပါ့မယ်"
ဟု ပြန်ပြောလိုက်တော့သည်။

သူမစကားကြောင့် ဖန်းရှုံးယန်၏မျက်နှာဟာ တင်းမာသွားပြီး ရဲ့ချူးဝမ်၏မျက်နှာသည်လည်း ပျက်ယွင်းသွားခဲ့၏။
ယွမ်ရိက ဆက်လက်ပြီးတော့ ရဲ့ချူးဝမ်ကို ကြည့်ကာ စိတ်ဝင်တစားဖြစ်နေသောလေသံဖြင့်
"ကျောင်းက အမချူးဝမ်ရဲ့အကြောင်းကို အကုန်မသိသေးလို့ အဖွင့်အမှာစကားပြောခိုင်းတာထင်‌တယ်နော်။ တကယ်လို့ အမအကြောင်းသိသွားကြရင် ဘယ်လိုဖြစ်မလဲဆိုတာက အတော်စိတ်ဝင်စားစရာကောင်းတာဘဲ"
ယွမ်ချူးယန်ဟာ ယွမ်ချန်းဖူရှိမနေသည့်အတွက် ရဲတင်းနေခဲ့ပေသည်။ ဒါ့ကြောင့် သူမက ယွမ်ရိအား
"အဲ့တော့ ဘာဖြစ်လဲ။ ငါ့အမချူးဝမ်က အဲ့တာတွေကို လိုက်ပြီး ဂရုစိုက်နေရမှာလား"

ယွမ်ရိက ရဲ့ချူးဝမ်ဘက်သို့ မေးငေါ့ပြရင်းဖြင့် ခွန်းတုံ့ပြန်လိုက်၏။

ယွမ်ချူးယန်သည်လည်း ရဲ့ချူးဝမ်တစ်ယောက် မျက်နှာပျက်နေတာကို သတိထားမိလို့သွား၏။

ဒါ့ကြောင့် ယွမ်ချူးယန်က ဒေါသတကြီးဖြင့် အံကိုတင်းတင်းကြိတ်ကာ
"နင်ကရော ဘာတွေကောင်းနေလို့ အမချူးဝမ်ကို မကောင်းပြောရတာ‌လဲ။ ဒီမှာ နင့်အကြံတွေကို ငါမသိဘူးများထင်နေလား။ ကျောင်းတက်ချင်တာကို ဗန်းပြပြီး နောက်ကွယ်မှာ လင်ရှာ‌ချင်နေတာကို လူတိုင်းသိတယ်ဟဲ့။ လူကြည့်တော့ ရိုးမလိုလို၊ အ,မလိုလိုနဲ့ နင့်လောက်အကြံကြီးတာ နင်ပဲရှိတယ်"
ဟု အော်ပြောလိုက်တော့သည်။ ဆင်ခြင်တုံတရားကို  ဒေါသလွှမ်းသွား၍ ယွမ်ချူးယန်ဟာ စိတ်ထဲကရှိသည့်အတိုင်းမခြွင်းမချန် အော်ဟစ်မိလိုက်ရခြင်းဖြစ်သည်။

ယွမ်ချူးယန်၏စကားကြောင့် ယွမ်ရိ လုံးဝဒေါသထွက်သွားရတော့သည်။ ဒါ့ကြောင့် သူမက ထိုင်နေရာရနေ ထကာ ယွမ်ချူးယန်အနီးကို သွားလျက်
'ဖြန်းးး'
ကနဲမြည်အောင် ပါးကိုရိုက်ချလိုက်တော့သည်။
အသံက အလွန်ရှင်းလင်းပြတ်သားလွန်းတာမို့ ထမင်းစားဝိုင်းမှာ ထိုင်နေကြသည့် လူတွေအကုန်လုံး အေးခဲကြောင်အကုန်ကြသည်။

အရိုက်ခံလိုက်ရသည့် ယွမ်ချူးယန်၏ပါးသည်လည်း ချက်ချင်းဘဲ ရောင်ကိုင်းနီရဲလာ၏။

တစ်ခဏကြာမှ ကြောင်အနေသည့် ယွမ်ချူးယန်လည်း သတိဝင်လာပြီး ယွမ်ရိကို ပြန်ရန်လုပ်တော့သည်။
ဒါပေမယ့် လူကောင်မမျှ၍ ယွမ်ရိလုပ်သမျှကိုဘဲ ခံနေရတော့သည်။
နောက်ဆုံး ရဲ့ချူးဝမ်လည်း ဝင်ပါ‌ရတော့ကာ ယွမ်ချူးယန်အား သူမနောက်သို့ပို့ရင်း ကာကွယ်လိုက်တော့သည်။
"ယွမ်ရိ၊ နင်အေးအေးဆေးဆေးနေလို့မရဘူးလား။နင်အိမ်ကိုရောက်လာကတည်းက ငါတို့တစ်မိသားစုလုံး အေးချမ်းတဲ့နေ့ရက်ကို မရှိတော့ဘူး"


ယွမ်ဟောင်ဂျန်ကလည်း ရှေ့ထွက်လာပြီး ယွမ်ရိအား ကာကွယ်ပေးသည့်သဘောဖြင့် ရဲ့ချူးဝမ်အား
"အမချူးဝမ်၊ စကားကို ဘာလို့ ပြင်းပြင်းထန်ထန် ပြောရတာလဲ"
ဟု မေးခွန်းထုတ်လိုက်၏။

ယွမ်ရိက သူမ၏ရှေ့မှာကာကွယ်ပေးနေသည့် ယွမ်ဟောင်ဂျန်အား ဘေးကိုဖယ်စေလိုက်ပြီး ရဲ့ချူးဝမ်ကို စူးစူးရဲရဲစိုက်ကြည့်ကာ
"နင်ပါးစပ်ကနေ ဒီစကားတွေကို ပြောခွင့်မရှိဘူးလို့ငါထင်တယ်။ ဘာလို့လည်းဆိုတော့ နင့်မျိုးရိုးနာမည်က 'ယွမ်' မဟုတ်ဘဲ 'ရဲ့' ဖြစ်နေလို့ဘဲ"
ဟု ပြောလိုက်တော့သည်။
ရဲ့ချူးဝမ်၏မျက်နှာသာ သွေးဆုတ်ဖြူလျော်သွားခဲ့၏။ ဒါပေမဲ့ ဘာမျှထပ်မပြောတော့ချေ။
ထိုအချိန်မှာဘဲ ရဲ့ဖန်က နေ့လည်စာ စားနေတာ ပြီးသွားသဖြင့် သူ့လွယ်အိတ်ကိုကောက်လွယ်လျက် ထမင်းစားခန်းထဲကနေ ထထွက်သွားတော့သည်။

ရဲ့ဖန်၏ရုတ်တရက်ထွက်သွားမှုကြောင့် ထမင်းစားခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
တစ်ခဏကြာတော့ ယွမ်ချူးရွယ်က မိခင်ဖန်းရှုံးယန်ကိုကြည့်ကာ
"အမေ၊ အမတို့စကားများ ရန်ဖြစ်နေတာကို ဘာလို့ ဝင်မတားတာလဲ။ အထူးသဖြင့် ယွမ်ချူးယန်ကိုဘဲ။ သူမက အမရှောင်ရိကို ထိခိုက်စေမယ့်စကားတွေ ပြောတာတောင်မှ အမေက ထိုင်ကြည့်နေနိုင်တယ်နော်။ အမရှောင်ရိကလည်း အမေ့သမီးပါ"
ထိုစကားတွေကို ပြောပြီးတာနဲ့ သူမကလည်း ထမင်းစားခန်းထဲကနေ ထထွက်သွားတော့သည်။

ယွမ်ရိကိုယ်တိုင်လည်း ယွမ်ကျဲကို ခေါ်လျက် ထမင်းစားခန်းအတွင်းမှ ထွက်လာခဲ့တော့၏။

ယွမ်ဟောင်ဂျန်သည်လည်း သက်ပြင်းတစ်ခုအသာချလိုက်ပြီးမှ ယွမ်ချူးယန်နဲ့ရဲ့ချူးဝမ်တို့ကိုကြည့်ကာ
"အမတို့က အမယွမ်ရိကို သဘောမကျဘူးဆိုတာကိုသိပေမယ့် အခုလိုမျိုး အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေလို့ မဖြစ်ဘူးလေ။ မနာလိုဘူးဆိုရင်တောင်မှ ညီအမအချင်းချင်း အခုလို တိုက်ခိုက်တာကတော့ တကယ် ရုပ်ပေါက်လွန်းပါတယ်ဗျာ"
ဟု ပြောလိုက်၏။
ထို့နောက် သူက သူ့အမေဖန်းရှုံးယန်ဘက်ကို လှည့်ကာ
"အမေကလည်း သမီးတွေအချင်းချင်း အတူတူဘဲကို ဘက်လိုက်လွန်းတယ်။ အမေ တစ်နေ့ နောင်တကောင်းကောင်းရနေမယ်နော်"
ဟု ပြောလိုက်၏။

ထိုစကားတွေကို ပြောပြီးတာနဲ့ သူ့လွယ်အိတ်ကိုကောက်လွယ်လျက် ထမင်းစားခန်းထဲကနေ အလောတကြီး ထွက်ခွာသွားတော့သည်။

အကိုတွေအကုန်လုံး ထွက်သွားတာကို မြင်လိုက်ရသည့်အပြင် သူ့အမေမျက်နှာမှာလဲ ဒေါသအရိပ်တွေ တဖြည်းဖြည်းလွှမ်းလာတာကို သတိထားမိလိုက်တာမို့ ယွမ်ဟောင်ဘင်းသည်လည်း
"အကိုးငါး စောင့်ပါဦး"

ဒါ့ကြောင့် ထမင်းစားခန်းထဲမှာ ဖန်းရှုံးယန်၊ ရဲ့ချူးဝမ်နဲ့ယွမ်ချူးယန်တို့သုံးယောက်ဘဲ ကျန်နေရစ်ခဲ့တော့သည်။

ဖန်းရှုံးယန်က မျက်ဝန်းထဲမှ စီးကျလာသည့် မျက်ရည်များအား သုတ်သင်ရင်းဖြင့်
"ငါ့မှာ ဘာဝဋ်ကြွေးတွေရှိနေလို့ အခုလိုခံစားနေရတာတုန်း။ ငါ့အဖြစ်ကလည်း ကိုယ်မွေးထားတဲ့သမီးကိုတောင်မှ ပြန်ဆုံးမခွင့်မရှိတဲ့ အဖြစ်ပါလားနော်။ ငါတို့က သူမကို တောင်ပေါ်မှာပစ်ထားမိခဲ့ပေမယ့် ငါက သူ့မိဘဖြစ်နေတုန်းပါဘဲအေ"
ဟု ငိုချင်းချလိုက်၏။
ယွမ်ချူးယန်က သူ့အမေ၏ပုခုံးကို အသာဆုပ်ကိုင်လျက်
"အမေ၊ အဲ့ကောင်မကို ဂရုစိုက်မနေပါနဲ့တော့။ သူ့အကျိုးပေးနဲ့သူသွားမှာဘဲ"
ဟု နှစ်သိမ့်ပေးလိုက်၏။
ရဲ့ချူးဝမ်ကလည်း
"ယွမ်ရိက ခွေးရူးနဲ့တူတယ်။ သူမက ဘယ်သူ့စကားကိုမှနားထောင်မှာမဟုတ်ဘဲ အမြဲတမ်းရန်စကားတွေပြောပြီး ရန်ဖြစ်ဖို့ လမ်းစရှာနေမှာဘဲ။ သူမကို လျစ်လျူရှုထားလိုက်တာက အကောင်းဆုံးဖြေရှင်းနည်းဘဲ"
ဟု ဝင်ပြောလိုက်၏။
ယွမ်ချူးယန်က ယွမ်ရိရိုက်သွားသည့် သူမပါးအား အသာထိကာ
"ကျေးလက်ကလာတဲ့သူတွေက အတော်လေးရန်ဖြစ်တာကို ဝါသနာပါတဲ့ပုံဘဲ။ ညီမပါးတစ်ခြမ်းလုံး ပူထူပြီး နာကျင်ကိုက်ခဲနေတာ"
ဟု ပြောလိုက်၏။

ရဲ့ချူးဝမ်က
"တောသူမလက်ပါဆိုမှတော့ ကြမ်းတမ်နေတာ ဘာထူးဆန်းလို့တုန်း"

ယွမ်ချူးယန် : "............"

တစ်ဖက်မှာတော့ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ရဲ့ဖန်နောက်သို့ အမြန်လိုက်သွားခဲ့ကြသည်။

ရဲ့ဖန်အား လိုက်မှီသွားတာနဲ့ ယွမ်ရိက
"ရဲ့ဖန် ခုနကတုန်းက ငါပြောလိုက်တဲ့ 'ရဲ့' မျိုးရိုးဆိုတာနဲ့ပတ်သက်ပြီးတော့ ငါတောင်းပန်ပါတယ်။ ငါလည်း အရမ်းဒေါသထွက်သွားလို့ အလျင်စလို တုံ့ပြန်မိလိုက်တာပါ။ အဲ့ဒီအတွက်လည်း ငါတကယ့်ကို တောင်းပန်ပါတယ်နော်"
ဟု စိတ်ရင်းဖြင့် နှစ်နှစ်ကာကာ တောင်းပန်လိုက်သည်။

ရဲ့ဖန်က ခေါင်းယမ်းကာ
"အဲ့အကြောင်းကို တအားကြီး ခေါင်းထဲထားမနေနဲ့"
ဟု ပြန်ပြောလိုက်၏။
အမှန်အတိုင်းပြောရရင် ယွမ်ရိကို သူနည်းနည်းတော့ စိတ်ဆိုးမိပါသည်။ ဒါ့ကြောင့်လည်း ထမင်းစားခန်းထဲကနေ အရင်ဆုံး ထွက်လာခဲ့ခြင်းဖြစ်သည်။

ယွမ်ရိက
"ဒါဆိုရင် မုန့်ဆိုင်သွားပြီး တစ်ခုခုသွားစားရအောင်"
ဟု ပြောလိုက်၏။

သူမ ထို့သို့ပြောရသည့်အကြောင်းကတော့ ရဲ့ဖန်ဟာ ထမင်းစားနေရာကနေ အလောတကြီးထထွက်လာရသည့်အတွက် ‌နေ့လယ်စာ မဝမှာစိုးလို့ဘဲဖြစ်သည်။

ဒါပေမယ့် ရဲ့ဖန်က ခေါင်းယမ်းကာ
"ကျွန်တော်မဆာပါဘူး"
ဟု ပြောရင်းငြင်းလိုက်၏။

ထိုအချိန်မှာဘဲ ယွမ်ဟောင်ဂျန်က ယွမ်ဟောင်ဘင်းနဲ့အတူတူ အနီးကိုရောက်လာခဲ့သည်။

ယွမ်ဟောင်ဂျန်က အသက်ကို အလောတကြီး ရှူလိုက်ပြီး ယွမ်ရိအား
"အမ၊ ဘာမှစိတ်မကောင်းဖြစ်မနေနဲ့နော်။ အမေက အမကို အခုလိုမျိုး အေးစက်စက်ဆက်ဆံခဲ့တာကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ နောင်တတွေတဝကြီးရလောက်တယ်"

ယွမ်ရိက ခေါင်းယမ်းကာ
"ငါတော့ နောင်တရမယ်မထင်ဘူး"
လို့ ပြန်ပြောလိုက်၏။
ပြီးတာနဲ့ ယွမ်ဟောင်ဂျန်ကို စိုက်ကြည့်ကာ
"နင် တစ်ခုခုစားဖို့ မုန့်ဆိုင်ကိုသွားချင်လား"
ဟု မေးလိုက်၏။

ထိုအခါ ယွမ်ဟောင်ဂျန်၏အကြည့်တွေ တောက်ပသွားကာ
"တကယ်လား"
ဟု ပြန်မေးလိုက်၏။

ယွမ်ရိက မဖြေဘဲ ရဲ့ဖန်ကိုကြည့်လိုက်၏။ ဒါ့ကြောင့် ယွမ်ဟောင်ဂျန်ဟာလည်း မျှော်လင့်ချက်များပြည့်နေသောအကြည့်ဖြင့် ရဲ့ဖန်အား ကြည့်လိုက်သည်။

နောက်ဆုံး‌မှာတော့ ရဲ့ဖန်လည်း သက်ပြင်းအသာချလိုက်ပြီး ခေါင်းကိုအသာယမ်းလျက်
"သွားစားကြတာပေါ့"
ဟု ပြောလိုက်ရတော့သည်။

ထိုအခါမှ ယွမ်ရိလည်း ပျော်ရွှင်စွာဖြင့်
"သွားစားကြရအောင်"

ဒါ့ကြောင့် သူတို့မောင်နှမခြောက်ယောက်လုံး မုန့်ဆိုင်တစ်ဆိုင်သို့သွားကာ ဝင်ထိုင်လိုက်ကြပြီး သူမတို့စားချင်သည့်အရာများကို မှာယူလိုက်ကြ၏။

"ယို့။ ဒီတော့ နင်က ယွမ်ဟောင်ဂျန်ရဲ့အမလား"
သူမတို့စားပွဲမှာထိုင်နေတုန်းမှာဘဲ အသံတစ်ခုကိုကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ ကျောင်းတုန်းက သူမတို့အနားလာရပ်သည့် ကောင်လေးငါးယောက်ကို မြင်လိုက်ရ၏။

ယွမ်ဟောင်ဂျန်က မျက်မှောင်ကြုတ်ရင်း မတ်တတ်ရပ်ကာ

ဘာလို့ထိုကဲ့သို့ပြောရတာလဲဆိုတော့ ထိုကောင်းလေးငါးယောက်က ရဲ့ချူးဝမ်ကိုလာဖွန်ကြောင်ကြတယ်လို့ ယွမ်ဟောင်ဂျန်ထင်နေလို့ပင်။
ကောင်လေးငါးယောက်ထဲက တစ်ယောက်က
ဟု ပြောလိုက်၏။

ထို့နောက် ယွမ်ရိဘက်ကို လှည့်ကာ
"မင်းနာမည် ဘယ်လိုခေါ်တုန်း"
ဟု မေးလိုက်၏။

ယွမ်ရိက ထိုကောင်လေး၏မေးခွန်းကို လျစ်လျူရှုပြီး ယွမ်ဟောင်ဂျန်ကိုကြည့်ကာ
"ထို‌င်နေ"
ဟု ပြောလိုက်၏။

ကောင်လေးငါးယောက်လည်း ယွမ်ရိ ပြန်မဖြေတာကိုတွေ့တော့ မခိုးမခန့်ပြုံးကာ အပြင်ကို ထွက်သွားကြတော့သည်။
ယွမ်ရိလည်း ထိုကောင်လေးငါးယောက်ထွက်သွားမှ ယွမ်ဟောင်ဂျန်ဘက်ကို လှည့်ကာ

ယွမ်ဟောင်ဂျန်က သက်ပြင်းအသာချကာ
"အဲ့ကောင်တွေက အရမ်းဆိုးတဲ့ကောင်တွေဘဲ။ ကျွန်တော်တောင် သူတို့ငါးယောက်ကို နည်းနည်းကြောက်တယ်"
ဟု ပြောလိုက်၏။

ယွမ်ချူးရွယ်ကလည်း လေသံတိုးတိုးလေးဖြင့်
"သူတို့ထဲကတစ်ယောက်ကို ရူကျောင်းလို့ခေါ်ပြီး သူ့အဖေက တပ်မှူး"
ဟု ဝင်ပြောလိုက်သည်။

"အိုး"
ယွမ်ရိလည်း ယွမ်ဟောင်ဂျန်နဲ့ယွမ်ချူးရွယ်တို့၏စကားကို 'အိုး' ဟု ရေရွတ်လျက်သာ တုံ့ပြန်လိုက်တော့သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now